BEC-TERO TV

Gym Selfie တွေကပြောတဲ့ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးအကြောင်း

11 Jan 2017     1,244 Views


gym သွားဆော့ကျတဲ့ လူအများစုဟာ gym မှာရိုက်ထားတဲ့ သူတို့ရဲ့ Selfies ဓါတ်ပုံတွေကို လူမှုမီဒီယာတွေပေါ်မှာ တင်လေ့ရှိကြပါတယ်။ရောက်လေရာ အရပ်မှာ selfies တင်တာသိပ်မဆန်းတော့ပဲ ဒါဟာဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ လက်ခံထားခဲ့ကြပါတယ်။ဒါပေမယ့် အင်္ဂလန်မှ Brunel University ရဲ့ gym selfies တွေနဲ့ပတ်သက်တဲ့ လေ့လာမှုတစ်ခု မကြာသေးမီက ထွက်ပေါ် လာခဲ့ပါတယ်။ဆိုရှယ်မီဒီယာပေါ်မှာပေါ်မှာတော့ သူတို့ရဲ့ ဓါတ်ပုံတွေထဲက ကြွက်သားတွေ ဟာ ကြည့်ကောင်းနေမယ်၊လေးစားစ ရာဖြစ်နေနေကောင်းေ နနိုင်ပေမယ့် ဒါဟာလုံးဝပြီးပြည့်စုံတယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။ အတ္တသမားတွေ။ဒီလိုပြောလို့ အရမ်းအံ့သြမသွားပါနဲ့။ဒါပေမယ့် လေ့လာမှု ထဲမှာတကယ်တွေ့ခဲ့တဲ့အချက်ပါ။

သူတို့ဘယ်လောက်ကျန်းမာကြောင်း၊ကျန်းမာရေးလိုက်စားကြောင်း၊ဘယ်လောက်အထိခရီးရောက်နေပြီဆိုတဲ့အကြောင်းတွေကိုဆိုရှယ်မီဒီယာပေါ်တတ်ကြွားနေတဲ့သူတွေ ပြနေတဲ့သူတွေဟာ အတ္တပေမ ၀ါဒ သမားတွေလို့ လေ့လာမှုမှာဆိုထားပါတယ်။Facebook အသုံးပြုသူတွေ ပါဝင်တဲ့ အွန်လိုင်းစစ်တမ်းကောက်ယူကာ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်း၊ အတ္တကြီးလွန်းတာနဲ့ တခြားကိုယ်ရည်ကိုယ်သွေး(၅)မျိုးဖြစ် တဲ့ဘွင်း ဘွင်းပျော်ေ ပျာ်သမား၊စိတ်မူမမှန်သူ၊ပွင့်လင်းသူ၊နှစ်လိုဖွယ်ကောင်းသူ၊တာဝန်ကျေပွန်တတ်သူအစရှိတာတွေနဲ့တိုင်းတာခဲ့ပါတယ်။

အဲ့ဒီအခါမှာတော့ အတ္တကြီးလွန်းတယ် ဆိုတဲ့ အချက်ကိုတွေ့ခဲ့ပါတယ်။ ၄င်းတို့ရဲ့အောင်မြင်မှု၊စွမ်းဆောင်မှုတွေကို ဆိုရှယ် မီဒီယာပေါ်ရှယ်ပြီး လူတွေရဲ့ အာရုံစိုက်မှုကို ယူဖို့ ကြိုးစားကြတာလို့ ဆိုပါတယ်။လေ့လာမှုအရ ဒီလိုပုံတွေကို တင်ခြင်းအားဖြင့် ဆိုရှယ်မီဒီယာပေါ်မှာ likes နဲ့ comments တွေအများကြီးရ တယ်လို့သိရပါတယ်။အဲ့ဒီlikes နဲ့ comments တွေအပေါ်သာယာ၊ဂုဏ် ယူနေပြီး သူတို့ကိုယ်သူတို့ အားပေးနေကြတာဖြစ်ပါတယ်။

ဒါ့အပြင် diet နဲ့ exercise လုပ်ဆောင်နေမှုနဲ့ပတ်သက်ပြီးလည်း updates status တွေရေး သားလေ့ရှိကြပါတယ်။Facebook ကိုသူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာကို ကြေငြာ တဲ့ နေရာတစ်ခုအဖြစ် အသုံးချနေကြတာဖြစ်ပါတယ်။ စိတ်ပညာဆိုင်ရာဒေါက်တာ Tara Marshall ကပြောရာမှာ အတ္တ သမားေ တွရဲ့ Facebook friends တွေကလည်း စိတ်ထဲမှာတော့ သိပ်မကြိုက် လှပေမယ့် အပြင်မှာတော့ အားပေးတဲ့စကားတွေ ပြောလေ့ရှိကြတယ်လို့ ဆိုပါတယ်။

Credit : shwemom


11 Jan 2017     1,244 Views




RELATED

Most Popular of Special or Others

Most Popular of NEWS