BEC-TERO TV

ဗုဒ္ဓဓမ္မတေးစီးရီး ထွက်မယ့် မြန်မာပြည်သိန်းတန်

17 Feb 2017     1,357 Views


မြန်မာပြည်သိန်းတန်က ဓမ္မတေးသံများပါဝင်တဲ့ စီးရီးသစ်တစ်ခွေ အသံသွင်းအချောသတ်နေပါတယ်။ နှစ်လသုံးလအတွင်းမှာ ထွက်ရှိနိုင်အောင်ကြိုးစားမယ်လို့ ပြောထားပါသေးတယ် ။ " နိဗ္ဗာန်ဆော် သီချင်းတွေလို့ ပြောလို့လည်းရတာပေါ့။ မြတ်စွာ ဘုရားရဲ့ တရားသဘောတွေကို အဓိကထားပြီး ရေးဖွဲ့တဲ့သီချင်း တွေပါ။ မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကို ပူဇော်တဲ့တေးတော့ မဟုတ်ဘူး။ဝိပ ဿနာ အားထုတ်ဖို့၊ တရားဓမ္မ ရှာဖွေဖို့ တိုက်တွန်းတဲ့အကြောင်း အချက်တွေနဲ့ ဓမ္မတေးတွေ ဖြစ်ပါတယ်။ အဲဒါလေးကို အခုအချော သတ်နေပြီ။ သုံးလလောက်ဆိုရင်တော့ ပရိသတ်လက်ထဲထည့်နိုင်ပါပြီ။ ကျွန်တော်က အမေရိကမှာ နေရင်းတရားတွေနာဖြစ်တယ်။ တရား တွေနာရင်းနဲ့ ဥာဏ်တစ်ချက်ပွင့် သွားပါတယ်။ တရားသဘောကို နားလည်လာတယ်။ ဒီလိုသံသရာအကြောင်းတွေ သိလာတဲ့အခါ ဒီဗဟု သုတကို ကျွန်တော်ခံစားရသလို ဂီတမိတ်ဆွေတွေကိုလည်း မျှဝေချင် တယ်။ ပြည်သူလူထုတစ်ရပ်လုံးကိုလည်း တတ်နိုင်သလောက် မျှဝေချင် တယ်။ ဒါကြောင့် ဒီစီးရီးလေးကို စီစဉ်ဖြစ်တာပါ" လို့ မြန်မာပြည်သိန်းတန်က ပြောပါတယ်။

မြန်မာပြည်သိန်းတန်က လက်ရှိရုပ်သံမှာ ပြသနေတဲ့ Myanmar Idol Season 2 မှာလည်း အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်နေသူဖြစ် ပါတယ်။ မြန်မာပြည်သိန်းတန်ရဲ့ အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်မှုအပေါ်မှာ ပရိသတ်တွေရဲ့ မှတ်ချက်ပြုမှုကလည်း မျိုးစုံရှိနေပါတယ်။ ဒီလိုဝေဖန်ချက်တွေအပေါ်မှာလည်း မြန်မာပြည်သိန်းတန်က.. " ကျွန်တော်က ငယ်ငယ်ကတည်းက သည်းခံခြင်းတရားကို တအားချစ်တယ်။ ငယ်ငယ်မူလတန်း မြို့မကျောင်းမှာ တက်စဉ်ကတည်းက ကျောင်းမှာ ဗုဒ္ဓဘာသာ သင်တန်း၊ ပြည်သူ့နီတိ စသဖြင့်ပါတယ်။ အဲဒီကနေသင်တာပဲ။

ခေါင်းထဲကို အကောင်းတွေပို့တော့တာပဲ။ ပြည်သူ့နီတိဆိုရင်လည်း ယဉ်ကျေးမှုရဲ့ အသေးစိတ်တွေပေါ့။ ဗုဒ္ဓဘာသာသင်တန်းဆိုလည်း အကုန်သင်ခဲ့ရတော့ အဲဒီကောင်းတာတွေ အကုန်မှတ်ဖြစ်တယ်။ သည်းခံခြင်းကို တအားကြိုက်ခဲ့တယ်။ သည်း ခံတဲ့အတွက်ကြောင့် ကိုယ့်မှာရန်ကင်း တယ်။ တေးဂီတကို လုပ်ကိုင်တဲ့အချိန်မှာလည်း ဒီသည်းခံခြင်းကို လက်ကိုင်ထားတဲ့အခါ ကျွန်တော့်တီးဝိုင်းက မြဲတယ်။ ဒီလို သည်းခံခြင်းနဲ့အတူ ဂီတပိုင်းမှာ အောင်မြင်လာတယ်။ တစ်ခါတရားတွေ နာလာတဲ့ အခါတရားက အမြတ်ဆုံးဆိုတာ သွားတွေ့တယ်။ ဒီလို တရားဘာဝနာတွေကလည်း ကိုယ့်ရုပ်နာမ်အကြောင်းတွေ၊ ကိုယ့်ကိုယ်ကိုယ်မပိုင်တဲ့ ဖြစ်ပျက်သဘောတွေ ကိုတွေ့လာတဲ့အခါ ဦးကိုဘာပဲပြောပြောဒီပေါ်မှာ ထိခိုက်ခြင်းမရှိတော့ဘူး။ နောက်တစ်ခုက တေးချစ်ပရိသတ်တွေအနေနဲ့ သူတို့ပြော တယ်ဆိုတာ သူတို့မှာပြောပိုင်ခွင့်ရှိပါတယ်" လို့ ပြောပါတယ်။

Credit:popular 


17 Feb 2017     1,357 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment