BEC-TERO TV

လေးနှစ်သားထဲက မိဘမဲ့ဖြစ်ခဲ့လို့ မိဘတွေနဲ့ ပက်သက်ရင် ခံစားချက်ပြင်းတဲ့ ယုန်လေး

21 Feb 2017     1,263 Views


လေးနှစ်သားအရွယ်ထဲက မိဘနှစ်ပါးစလုံး ကွယ်လွန်သွားခဲ့ပြီး မိဘမဲ့ဖြစ်ခဲ့ရသူ တေးရေး/တေးဆို ယုန်လေး က မိဘမဲ့ ကလေးတွေနဲ့ ပက်သက်လာရင် ခံစားချက်ပြင်းထန်ပြီး ခံနိုင်ရည်မရှိဘူးလို့ ဆိုပါတယ်။
 
မလွဲမရှောင်သာတဲ့ အခြေအနေကြောင့် မိဘမဲ့ ဖြစ်ရတာထက် စစ်ဆိုတဲ့အရာကြောင့် ကလေးတွေကို မိဘမဲ့ မဖြစ်စေချင်ဘူးလို့ ပြောလာပါတယ်။ ဒါကြောင့် “ငြိမ်းချမ်းချင်ပြီ မြန်မာပြည်” လို့ ခေါင်းစဉ်ပေးထားတဲ့ သီချင်းကို သူကိုယ်တိုင် ရေးစပ်ပြီး အခြားအဆိုတော်များနဲ့အတူ ကိုယ်တိုင်ပါဝင်သီဆိုကာ MTV အဖြစ်လည်း ဒါရိုက်တာနေရာက ရိုက်ကူး ပုံဖော်ပေးထားခဲ့ပါတယ်။
 
စစ်တပ်ပဲဖြစ်ဖြစ်၊ သူပုန်ပဲဖြစ်ဖြစ် နှစ်ဖက်စလုံးဟာ လူသားများ ဖြစ်ကြတဲ့အတွက် မိသားစုတွေ နောက်တန်းမှာ ရှိကြမှာ မလွဲပါဘူး။ ဘယ်သူ့ဖက်ကပဲ ကျဆုံးကျဆုံး နောက်ဆုံးမှာ ကလေးလေးတွေသာ မိဘမဲ့ဘဝနဲ့ မြေဇာပင်ဖြစ်ခဲ့ကြတာကို ယုံလေး မလိုလားပါဘူး။ 
 
မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်တဲ့အတွက် မြန်မာစစ်တပ်သာလျှင် ရှိသင့်တယ်ဆိုတာကတော့ သူ့ရဲ့ ပုဂ္ဂလိကအမြင်သာဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းတွေနဲ့ သူဒါရိုက်တာလုပ်တဲ့ MTV တွေ အောင်မြင်လာပြီးတဲ့နောက် လက်ခံသူတွေရှိသလို ဝေဖန်တိုက်ခိုက်ခံရတာတွေလဲရှိပါတယ်။ အပြုသဘော ဝေဖန်မှုတွေကို လက်ခံနိုင်ပေမယ့် အစွန်းရောက်တဲ့ ဝေဖန်မှုတွေကိုတော့ သူက ဂရုစိုက်မနေတော့ဘူးလို့ဆိုပါတယ်။
တစ်ချို့ဝေဖန်မှုတွေက တစ်အားကောင်းတာတွေရှိသလို၊ တစ်ချို့ကလည်း လုံးဝ အပျက်သဘော၊ ပြောရရင် လူတန်းစားပေါင်းစုံ ဖုန်းကိုင်နေပြီလေ။ ဉာဏ်ရည်နိမ့်သူရော၊ မြင့်သူရော၊ အစွန်းရောက်သူရော၊ မျှတသူရောဆိုတော့ တော်တော်ဆိုးတဲ့ ဝေဖန်မှုမျိုးဆိုရင် လိုက်ဂရုစိုက်မနေတော့ဘူးလေ
ဟု ရင်ဖွင့်ခဲ့ပါတယ်။
 
လတ်တလောမှာ ယုန်လေးရေးစပ်ပေးထားပြီး ရတနာမိုင် သီဆိုထားတဲ့ “Good Night” သီချင်းက Shwe FM ဆုရရှိထားသလို၊ ယုန်လေး ဒါရိုက်တာလုပ်ပေးခဲ့တဲ့ ကြာစိရဲ့ “ကံစေရာ” MTV ကလည်း ပရိသတ်များအကြား ရေပန်းစားနေတဲ့ MTV သီချင်းတစ်ပုဒ်ဖြစ်လို့နေပါတယ်။
 
Ref:Oasis

21 Feb 2017     1,263 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment