BEC-TERO TV

ရန်ကုန်မြို့တွင် ၆ ရက်တိတိ ရေပြတ်လပ်မည်

25 Feb 2017     1,655 Views


မတ်လ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ ရန်ကုန်မြို့တွင်း မြို့နယ်အချို့မှာ ရေ ၆ ရက်ခန့် ပြတ်တောက်မှာဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေနဲ့ ရေသန့်ရှင်းမှု အင်ဂျင်နီယာဌာနက ကြေညာထားပါတယ်။
 
ဝါးဒလယ် ကွန်ကရစ်ရေတံလျှောက် အထွက်မြောင်းကို ကြံ့ခိုင်ရေးလုပ်ငန်းများ လုပ်ဆောင်သွားမှာဖြစ်တဲ့အတွက် ညောင်နှစ်ပင် ရေသန့်စင်စက်ရုံမှာရေပြတ်မှာဖြစ်ပြီး အဲဒီက ရေပေးဝေနေတဲ့ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့သစ် (တောင်/မြောက်/အရှေ့/ဆိပ်ကမ်း)၊ သာကေတ၊ ဒေါပုံ၊ မရမ်းကုန်း၊ ရန်ကင်း၊ ဗဟန်း၊ ဒဂုံ၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်နဲ့ ရန်ကုန်မြို့တွင်းက မြို့နယ်တွေမှာ ရေပြတ်မှာဖြစ်ပါ။
 
မတ်လ ၁ ရက်နေ့ မနက် ၆ နာရီမှ စတင်ကာ မတ်လ ၆ ရက်နေ့ ည ၈ နာရီအထိ ရေပြတ်လပ်မှာဖြစ်ပါတယ်။
ရေလိုအပ်မှုရှိခဲ့ပါက အရှေ့ပိုင်းခရိုင်မှူး ဖုန်း ၀၉၅၁၈၈၄၂၈၊ အနောက်ပိုင်းခရိုင်မှူး ဖုန်း ၀၉၇၃၀၀၀၀၅၈၊ တောင်ပိုင်းခရိုင်မှူး ဖုန်း ၀၉၅၀၅၄၅၆၅နဲ့ မြောက်ပိုင်းခရိုင်မှူး ဖုန်း ၀၉၅၀၈၁၂၂၉ ကို ဆက်သွယ်ကြောင်းကြားနိုင်ကြောင်း ကြေညာချက်တွင် ပါရှိသည်။
 
Ref:DVB

25 Feb 2017     1,655 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS