BEC-TERO TV

ကြားဖြတ်ရွေးကောက်ပွဲအတွက် စင်ကာပူရောက်မြန်မာများ ကြိုတင်မဲပေး

27 Feb 2017     1,277 Views


ဖေဖော်ဝါရီ ၂၆ ရက်တွင် စင်ကာပူရောက်မြန်မာများ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရာ ၁၃၃ ဦး လာ ရောက်ကြိုတင်မဲပေးပြီး ၄၄ ဦး သာပျက်ကွက်ခဲ့ကြောင်း မဲရုံ စေတနာ့ဝန်ထမ်းအဖြစ် လုပ်အား ပေးသူ မမေကျော်စိုးညွန့်ကပြော ကြားသည်။

‘‘ဒီနေ့ ၁၃၃ ဦးမဲလာပေး တယ်ပေါ့။ ပျက်ကွက်တဲ့ ၄၄ ယောက်ကလည်း သူတို့က စာ ရင်းမပါဘူးဆိုပြီး နေနေကြတာ။ များတာပေါ့။ သံရုံးကလည်း မဲစာ ရင်းပါတဲ့သူတွေကို ဖုန်းဆက်ပြီး ခေါ်ပါတယ်။ လာတာမမီမှာစိုးလို့ မလာကြတာတွေလည်းပါတာ ပေါ့။ မဲလာပေးတဲ့သူတွေလည်း အစစအရာရာ အားလုံးအဆင် ပြေကြပါတယ်။ ကြိုတင်မဲပေးတဲ့ သူတွေကလည်း နည်းတော့ မဲရုံ က တစ်ရက်တည်းပဲ ဖွင့်တာပေါ့’’

ဟု မမေကျော်စိုးညွန့်ကပြော ကြားသည်။ လာရောက်မဲပေးသူများကို မဲရုံစေတနာ့ဝန်ထမ်းများက မုန့် ဟင်းခါးနှင့် လက်ဖက်ရည်များ တိုက်ကျွေးခဲ့ကြောင်း မမေကျော် စိုးညွန့်က ဆက်လက်ပြောသည်။ ‘‘ကံကောင်းတာက ရွေး ကောက်ပွဲကြီးမှာရော၊ အခုကြို တင်မဲမှာရော မဲပေးခွင့်ရတာပါပဲ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ကမာရွတ်မြို့နယ်ကနေ ၀င်ပြိုင် တဲ့ ဒေါက်တာအောင်သူကို မဲ ပေးခဲ့ပါတယ်။ အခုလည်း NLD ပါတီကမာရွတ်မြို့နယ်က ၀င် ပြိုင်မယ့် ဒေါက်တာမောင်မောင် ကို မဲပေးခဲ့ပါတယ်’’ဟု ဖေဖော်ဝါ ရီ ၂၆ ရက်တွင် မြန်မာသံရုံးရှိ မဲ ရုံသို့ ကြိုတင်မဲပေးသူ ကိုလင်း အောင်က ပြောသည်။ ၂၀၁၅ ရွေးကောက်ပွဲက လည်း စင်ကာပူရောက်မြန်မာ များအနက် မဲပေးခွင့်ရှိသူ နှစ် သောင်းကျော်က မြန်မာသံရုံးရှေ့ ၌ ညအိပ်စောင့်ဆိုင်းကာမဲပေး ခဲ့သည်။

စင်ကာပူရောက်မြန်မာများ က ကြိုတင်ဆန္ဒမဲပေးလိုကြောင်း ပုံစံ (၁၅)ဖြင့် ၁၇၈ ဦးလျှောက် ထားရာ တစ်ဦးသာသတ်မှတ်ချက် နှင့် မကိုက်ညီပေ။ ယင်းအရေ အတွက်သည် အခြားနိုင်ငံမှ ပြင် ပရောက် ကြိုတင်ဆန္ဒမဲပေးလို သည့် မဲဆန္ဒရှင်စာရင်း၏ ထက် ၀က်ကျော်ရှိသည်။ စင်ကာပူနောက် ဒုတိယ ကပ်လိုက်နေသည်မှာ ဗြိတိန် ရောက်မြန်မာများဖြစ်ပြီး ၂၇ ဦး ဖြစ်သည်။ အမေရိကန်နိုင်ငံမှ ကြိုတင် မဲပေးမည့်သူ တစ်ဦးတည်းသာ ရှိပြီး တရုတ်နိုင်ငံ၌ ၁၂ ဦးမဲ ပေးမည်ဖြစ်သည်။ နိုင်ငံပြင်ပရောက် ကြိုတင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်နှင့် ကိုက်ညီသူ ၃၃၉ ဦးရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထား သည်။ ပြည်ပရောက်မြန်မာနိုင်ငံ သားအများဆုံးရှိသည့် ထိုင်းနိုင်ငံ မှ ကိုးဦးသာ လျှောက်ထားပြီး ထိုင်းကဲ့သို့ပင် မြန်မာနိုင်ငံသား များစွာ ရောက်ရှိနေသည့် မလေး ရှား၌ ကြိုတင်မဲပေးလိုကြောင်း လျှောက်ထားသူမရှိပေ။ ၂၀၁၇ ကြားဖြတ်ရွေး ကောက်ပွဲအတွက် ကြိုတင်မဲပေး လို၍ ပုံစံ (၁၅) ဖြင့်လျှောက်ထား သူ ၃၅၇ ဦးရှိပြီး သတ်မှတ်ချက် နှင့် မကိုက်ညီသူ ၁၈ ဦးရှိသည်။

သတ်မှတ်ချက်နှင့်မကိုက် ညီသူများတွင်ပြည်နယ်လွှတ် တော်မဲဆန္ဒနယ် အမှတ်မှားယွင်း လျှောက်ထားသူ ၁၂ ဦးရှိခဲ့သည်။ သတ်မှတ်ချက်နှင့် မကိုက် ညီသူများအနက် ရုရှားနိုင်ငံ မော် စကိုမြို့သံရုံးမှ လျှောက်ထားသူ ၁၀ ဦးဖြင့် အများဆုံးဖြစ်သည်။ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ကျင်းပမည့် ကြား ဖြတ်ရွေးကောက်ပွဲတွင်ကြိုတင် မဲပေးမည့် ပြည်ပရောက် မဲဆန္ဒ ရှင်များအနက်ရန်ကုန်တိုင်းဒေသ ကြီးမှ ပြည်ပရောက်မဲဆန္ဒရှင်နှစ် ရာကျော်ဖြင့် အများဆုံးပါဝင်နေ ကြောင်း ကော်မရှင်အတွင်းရေး မှူးဦးတင်ထွန်းကပြောကြားထား သည်။ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ပြည်ပရောက် မဲ ဆန္ဒရှင်အများအပြား မဲပေးခွင့်မ ရရှိသောကြောင့် ကော်မရှင်အနေ ဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရ သည်။

Credit : 7daydaily


27 Feb 2017     1,277 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS