BEC-TERO TV

တရုပ်တွင် ထောင်နဲ့ချီသော ဘဲပေါက်အထီးလေးများ နေ့စဉ်ရေနွေးပူနှစ်ပြီး သတ်ခံနေရ

27 Feb 2017     1,506 Views


တရုပ်ပြည်၏ ကြက်ဘဲမွေးမြူရေးလုပ်ငန်းများတွင် မွေးကာစ ရက်သား ဘဲပေါက်အထီးလေးများ ထောင်ပေါင်းများစွာကို နေ့စဉ်ရေနွေးပွက်ပွက်ဆူနေသော မိုးဗြဲဒယ်အတွင်း နှစ်၍သတ်ပစ်နေသော စိတ်မကောင်းစရာ အဖြစ်အပျက်ပုံများ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီးနောက် ပြစ်တင်ဝေဖန်မှုများ ဖြစ်ပေါ်နေခဲ့သည်။
 
 
 
ဥ မဥပေးနိုင်သဖြင့် အကျိုးမရှိသော တိရိစ္ဆာန်အဖြစ် သတ်မှတ်ကာ မွေးဖွားလာသော ရက်သားဘဲပေါက်လေးများထဲမှ အထီးများကို သီးသန့်ရွေးချယ်ထားပြီး ပိုက်ဇကာတစ်ခုထဲ စုထည့်ကာ ပွက်ပွက်ဆူနေသော မို့ဗြဲဒယ်အိုးထဲသို့ အရှင်လတ်လတ် ရေနွေးနှစ်သတ်ပြီး သေသွားသည့် ဘဲသားပေါက်များကို မြွေစာအဖြစ် ပြန်လည်ရောင်းချခြင်း၊ လမ်းဘေးဈေးဆိုင်များ ရောနှောချက်ပြုတ်ရန် ပြန်လည်ရောင်းချခဲ့သည်။
 
 
 
 
တိရိစ္ဆာန်အခွင့်အရေး ကာကွယ်လှုပ်ရှားသူများက ထိုသူများကို အရိုင်းအစိုင်းသတ္တဝါများအဖြစ် အပြစ်ပြောဆိုရုံမျှသာ တတ်နိုင်ပြီး တရုပ်နိုင်ငံ၏ ဥပဒေအရ တိရိစ္ဆာန်များအပေါ် ရက်စက်စွာ ပြုမှုမှုများကို အရေးယူနိုင်မည့် ဥပဒေမရှိသည့်အတွက် အကာအကွယ်ပေးနိုင်ခြင်း မရှိပေ။
 
 
 
ဥမှပေါက်လာသည့် ဘဲသားလေးများကို အလုပ်သမားများက အထီးနှင့်အမ အုပ်စုနှစ်ခု ရွေးချယ်ပြီး အမများကို ရောင်းချရန် ဖယ်ထားကာ အထီးလေးများကို သုတ်သက်ပစ်ရန် ဖယ်ထားခံရခြင်းဖြစ်သည်။
လေးရက်သားတောင် မပြည့်သေးသော ဘဲထီးပေါက်လေးများကို ကြီးပြင်းအောင် မွေးမြူရန် ကုန်ကျစရိတ် မတတ်နိုင်သည့်အတွက် မည်သူကမျှ မလိုချင်ပဲ ယခုကဲ့သို့ သုတ်သင်ရကြောင်း သိရှိရသည်။
 
 
နှစ်စဉ် ကမ္ဘာတစ်ဝှမ်းတွင ရက်သားဘဲထီးပေါက်ကောင်ရေ ၂.၅ ဘီလီယန်ခန့်ကို  ဥ မဥပေးနိုင်သော အပိုသတ္တဝါများအဖြစ် သတ်မှတ်ခံရကာ သုတ်သင်ခံနေရကြောင်း သိရှိရသည်။
 
Ref:DailyMail
 

27 Feb 2017     1,506 Views




RELATED

Most Popular of Special or Others

Most Popular of NEWS