BEC-TERO TV

ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်သည့် ပြည်တွင်းကုမ္ပဏီ ၉၀ ရာခိုင်နှုန်း ၀န်ထမ်းလစာတိုးပေးရကြောင်း

24 Mar 2017     1,267 Views


ပြီးခဲ့သည့် တစ်နှစ်အ တွင်း မြန်မာနိုင်ငံရှိ ပြည်ပရင်း နှီးမြှုပ်နှံမှု အဆက်အစပ်ရှိသည့် ကုမ္ပဏီ ၉၀ ရာခိုင်နှုန်းသည် ၎င်း တို့၏ ၀န်ထမ်းလစာများ တိုးပေးခဲ့ ရပြီး လုပ်ငန်းရှင်လေးဦးတွင် သုံး ဦးသည် အလုပ်သမား တိုးချဲ့ရ သည်ဟု Oxford Business Group (OBG) အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့ပြင် ကုမ္ပဏီများသည် အ လုပ်သမား ၄၂ ဒသမ ၃ ရာခိုင် နှုန်းအား လုပ်ခလစာများ သိသာ စွာ တိုးပေးခဲ့ရကြောင်း မတ်လ ၂၃ ရက်က ထုတ်ပြန်သည့် အဆို ပါ အစီရင်ခံစာ၌ ဖော်ပြထား သည်။ အစီရင်ခံစာသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် အ ဆက်အစပ်ရှိသည့် ကျွမ်းကျင် အလုပ်သမားများအတွက် စစ် တမ်းကောက်ယူခဲ့ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် တိုက်ရိုက်မ သက်ဆိုင်သည့် အခြေခံလုပ်သား များအတွက် ကောက်ခံခဲ့ခြင်းမ ဟုတ်ကြောင်း OBG ၏ အာရှဒေ သဆိုင်ရာ မန်နေဂျင်းဒါရိုက်တာ မစ္စတာ Paulius Kuncians က ပြောသည်။

‘‘ဒီအချက်အလက်တွေ အ တွက် နယ်ပယ်အသီးသီး၊ ကုမ္ပ ဏီအသီးသီးက အမှုဆောင်အရာ ရှိချုပ်တွေကို မေးမြန်းစစ်တမ်း ကောက်ယူခဲ့တယ်။ တခြားကျွမ်း ကျင်သူတွေဆီကလည်း ကောက် ယူခဲ့တယ်’’ဟု ၎င်းက ဆက်လက် ပြောသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ် နှံရန် စင်ကာပူနှင့် ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်များက OGB ထံ မေး မြန်းမှုအများဆုံးဖြစ်ပြီး ယင်း နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံ၌ အများဆုံးဖြစ်၍ ၎င်းတို့စစ်တမ်း အောင်မြင်မှု၏ သက်ရောက်မှုများဖြစ်ကြောင်း ၎င်းက ဆိုသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ် နှံမှုလုပ်ငန်းများ တိုးတက်မှုသည် အာရှနိုင်ငံများ၌ အရှိန်မြင့်ဆုံး ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုဥပဒေသစ် သည် ပိုမိုကောင်းမွန်လာ၍ ရင်း နှီးမြှုပ်နှံသူများ ထပ်မံဝင်ရောက် လာမည်ဟုလည်း ၎င်းက ဆက် လက်ပြောကြားသည်။ ၂၀၁၇ တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု သည် ၁၂ ရာခိုင်နှုန်းခန့်ရှိလာမည် ဟု OBG က ခန့်မှန်းထားသည်။

OBG သည် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများအတွက် အရေးပါ သည့် ဖွံ့ဖြိုးစနိုင်ငံများတွင် ရင်း နှီးမြှုပ်နှံမှုဆိုင်ရာ စစ်တမ်းများ၊ သုတေသနပြုချက်များ ပြုလုပ်နေ သည့် အဖွဲ့အစည်းနှင့် အတိုင်ပင်ခံလုပ်ငန်းဖြစ်သည်။ လက်ရှိ နိုင်ငံပေါင်း ၃၄ နိုင်ငံတွင် လုပ် ကိုင်နေပြီး မြန်မာနိုင်ငံ၌ လွန်ခဲ့ သည့် လေးနှစ်ကစတင်၍ စစ် တမ်းများ ပြုလုပ်ခဲ့သည်။Credit : 7daydaily ‘‘ကျွမ်းကျင်တဲ့ဝန်ထမ်းတွေ ကိုတော့ လစာကို ထိုက်တန် အောင်ပေးရတယ်။ လုပ်ငန်းမှာ လုပ်သာကိုင်သာရှိအောင် လုပ် ပေးရတယ်။ ဒီမှာက ကျွမ်းကျင် စစ်တမ်းရှားတာလည်းပါတယ်’’ ဟု ဂျာမနီနိုင်ငံသားပိုင် ကုမ္ပဏီ တစ်ခုမှ HR မန်နေဂျာတစ်ဦးက ပြောသည်။

Credit : 7daydaily


24 Mar 2017     1,267 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS