BEC-TERO TV

လွှတ်တော်တွင်းအချိန်ကုန်ခံ ဆွေးနွေးခဲ့သော်လည်း နောက်ဆုံးတွင် ပြောင်းလဲမှုမရှိသဖြင့် ကိုယ်စားလှယ်များ ဒေါသထွက်နေ

29 Mar 2017     1,233 Views


၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာငွေရသုံးဆိုင်ရာ ခန့်မှန်းငွေစာရင်းလျာထားချက်တွင် လူကူးခုံးကျော်တံတားတစ်စင်း တည်ဆောက်မှု ကုန်ကျစရိတ်ကို ကျပ်ငွေသန်း ၁,၀၀၀/ တောင်းခံထားခဲ့ခြင်းအပေါ် များလွန်းသဖြင့် လျော့ချပစ်ရန် လွှတ်တော်တွင်း၌ အချိန်ကုန်ခံ ဆွေးနွေးခဲ့ကြသော်လည်း ဥပဒေကြမ်း ထွက်လာသည့်အခါ ယခင်အတိုင်းမပြောင်းလဲပဲ တောင်းခံထားသည့်အပေါ် လွှတ်တော်ကိုယ်စားလှဘ်များက ဒေါသထွက်လျှက်ရှိကြကြောင်း သိရှိရသည်။
အရင်ဘဏ္ဍငွေရသုံးဆိုင်ရာခန့်မှန်းငွေစာရင်းလျာထားမှုမှာကတည်းက ဒီတံတားတွေ ဆောက်လုပ်ဖို့ တောင်းတဲ့ဘက်ဂျက်အရမ်းများနေတယ်၊ ဒါကြောင့်ပြန်လျှော့ပေးဖို့ပြောခဲ့ပေမဲ့အခု ဥပဒေကြမ်းမှာလည်း ဒီနှုန်းထားပဲ တင်ပြတောင်းခံထားတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ ဒေါသထွက်တာပေါ့၊ ကျွန်မတို့က လွှတ်တော်ထဲ အချိန်ကုန်ခံဆွေးနွေးခဲ့တာကို ဘာမှပြောင်းလဲမှုမရှိဘူး၊ ဘက်ဂျက်ကတော့ အတိုးအလျှော့ လုပ်လို့မရတော့ဘူး၊ ဒါကြောင့် ဒီတံတားတည်ဆောက်ဖို့ လျာထားတဲ့ငွေကို အခြားခေါင်းစဉ်ပြောင်းသုံးပေးဖို့ တောင်းဆိုထားတယ်
ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စီးပွားရေးကော်မတီ ဥက္ကဋ္ဌဒေါ်စန္ဒာမင်းကပြောကြားခဲ့သည်။
 
ယခင်နှစ်များက ဆောက်လုပ်ခဲ့သော စက်လှေခါးပါ လူကူးခုံးကျော်တံတားတစ်စင်းလျှင် ကျပ်သန်း ၄၀၀ ခန့်သာ ကုန်ကျခဲ့သည့်အတွက် ယခုတင်ပြတောင်းခံထားသော ပမာဏမှာ အလွန်များပြားနေသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။ 
 
ယခုနောက်ဆုံး ဥပဒေကြမ်းထွက်လာသည့်အခါ ကျပ်သန်း ၁,၀၀၀ အတိုင်းသာ ဖြစ်နေသည့်အတွက် လျားထားဘဏ္ဍာငွေပမာဏကို ပြုပြင်၍ မရတော့ပါက အဆိုပါငွေကို ခုံးကျော်တံတားတည်ဆောက်မှုအစား အခြားခေါင်းစဉ်တစ်ခု ပြောင်းလဲပေးရန် မတ်လ ၂၈ ရက်နေ့ကပြုလုပ်သော ဒုတိယအကြိမ် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့ကပြုလုပ်သော လွှတ်တော်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
 
ဒေါ်စန္ဒာမင်းကလူကူးခုံးကျော်တံတားများ၌စက်လှေခါးကိုနေရာတိုင်းတွင်တပ်ဆင်ရန်မလိုဘဲ လိုအပ်မှသာတပ်ဆင်ပေးရန်၊ ရွှေတိဂုံစေတီအနောက်မုဒ်အနီး ဦးဝိစာရလမ်းအားဖြတ်၍ ပြည်သူ့ရင်ပြင်နှင့်ဆက်သွယ်မည့် လူကူးခုံးကျော်တံတားကို မြေပေါ်တံတားအစား မြေအောက်ဥမင်လမ်းကြောင်းပြုလုပ်၍ ပြည်သူများဖြတ်သန်းသွားလာနိုင်ရန်ဆောင်ရွက် သင့်ကြောင်းလည်း လွှတ်တော်အတွင်း ဆွေးနွေးခဲ့သည်။
 
Ref:pyimyanmar

29 Mar 2017     1,233 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS