BEC-TERO TV

အစိုးရဝန်ထမ်းများ ပင်စင်ယူပြီးပါက နေစရာအိမ်ပါရရှိတော့မည်

29 Mar 2017     257,462 Views


အစိုးရဝန်ထမ်းများအတွက် သတင်းကောင်းတစ်ရပ်အဖြစ် ရုံးဌါနအသီးသီးမှ ပင်စင်ယူပြီးပါက နေစရာနေရာ ကိုယ်ပိုင်အိမ်ရရှိမည့် အစီစဉ်တစ်ရပ်ကို စီမံဘဏ္ဍာဝန်ကြီးဌါနမှ ဆောက်လုပ်ရေးဝန်ကြီးဌါနနှင့် ပူပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
 
နိုင်ငံအဝှမ်းရှိ ဝန်ထမ်းများအားလုံး၊ စစ်ဘက် ရဲဘက် အမှုထမ်းအရာထမ်းများအားလုံးအတွက် ပင်စင်ယူသွားပြီးနောက် နေစရာနေရာအတွက် ပူပင်ကြောင့်ကြမှု မရှိစေရပဲ ကိုယ်စီကိုယ်ငှ အိမ်ယာပိုင်ဆိုင်နိုင်စေရေးအတွက် အကောင်အထည်ဖော်နိုင်ရန် ဆွေးနွေးပွဲကို မတ်လ ၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
 
 
အစည်းအဝေးတွင် မြေနေရာ၊ လျှပ်စစ်၊ အခြေခံအဆောက်အဦနှင့် ငွေရေးကြေးရေးဆိုင်ရာ ကိစ္စရပ်အသီးသီးကို ဆွေးနွေးတင်ပြခဲ့ကြပြီး အခက်အခဲများစွာ ရှိနေသည်မှန်သော်ငြားလည်း မဖြစ်မနေ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရသည်။
 
 
အဆိုပါအစီအစဉ်ကို စီမံဘဏ္ဍာဝန်ကြီးဌါနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌါနတို့ ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
 
Ref:moe kyaw kyaw

29 Mar 2017     257,462 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS