BEC-TERO TV

မြန်မာနိုင်ငံ ရာသီဥတုနှင့် ကိုက်ညီအောင် တီထွင်ထုတ်လုပ်ထားသော Smart အိမ်များ ဒီဇိုင်းဆွဲတည်ဆောက်မည်

29 Mar 2017     1,355 Views


Home များကို ၀ယ်ယူသူများသောကြောင့် လူဦးရေများများဝင်ဆံ့သည့်ပုံစံများအဖြစ် ဒီဇိုင်းရေးဆွဲတည်ဆောက်သွားမည်ဖြစ်ကြောင်း UD Group ကုမ္မဏီလီတက်မှ ဒါရိုက်တာဦးဝေလင်းထွန်းက မတ်လ ၂၄ ရက်တွင်ပြောပါတယ်။အဆိုပါအိမ်များကို သစ်တောပြုန်းတီးမှုကာကွယ်ရန်၊ ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆီးနိုင်ရန်နှင့် အလုပ်ကိုင်အခွင့်လမ်းများရရှိလာစေရန် မန္တလေးစက်မှုဇုန်မှ တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ Smart Home သည် မိုးဒဏ်၊ လေဒဏ်နှင့် မြေငလျင်ဒဏ်များကိုပါ ခံနိုင်ရည်ရှိပြီး ခြအပါဝင်အခြားသော ပိုးမွှားအန္တရာယ်ကိုကာကွယ်နိုင်ကာ နှစ်ပေါင်း ၅၀ ကျော် သက်တမ်းအာမခံဖြင့် တည်ဆောက်ပေးထားကြောင်းသိရပါတယ်။

“အခုတည်ဆောက်နေတာက အကျယ်အ၀န်း အချင်းပေ ၂၀ နဲ့ အမြင့် ၁၂ ပေ အတိုင်းအတာပုံစံမျိုးဖြစ်ကြောင်း သုံးစွဲသူတွေရဲ့ တောင်းဆိုချက်အရ လူဦးရေများများနေနိုင်မယ့် ပုံစံများ ဒီဇိုင်းဆွဲစမ်းသပ်ရေးဆွဲနေပါတယ်။သယ်ရလွယ်ကူပြီး၊ သွားလာရခက်ခဲတဲ့နေရာမှာတောင် အလွယ်တကူတည်ဆောက်လို့သလို ထိန်းသိမ်းရတာလည်းလွယ်ကူစေပါတယ်”ဟု ဦးဝေလင်းထွန်းက ပြောပါတယ်။အိမ်တစ်လုံးအတွင်း နှစ်ယောက်အိပ် အိပ်ခန်းတစ်ခန်း၊ မီးဖိုချောင်တစ်ခန်း၊ ဧည့်ခန်းတစ်ခန်း၊ အိမ်သာတစ်လုံး ပါဝင်ဖွဲ့စည်းထားပါတယ်။ဈေးနှုန်းမှာ Class A ကျပ်သိန်း ၃၀၊ Class B ကျပ် ၃၅ သိန်းနှင့် Class C ကျပ်သိန်း ၄၀ သတ်မှတ်ထားပါတယ်။အလုပ်သမားသုံးဦးသာလို အပ်ကာ သုံးနာရီအတွင်း အပြီးတည်ဆောက်နိုင်ကြောင်း သိရပါတယ်။

Soure : pyimyanmarnews


29 Mar 2017     1,355 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS