BEC-TERO TV

အကအဖွဲ့ကို ဦးဆောင်နေတဲ့ ၅ နှစ်သမီးလေးရဲ့ ဗီဒီယို ကျော်ကြားနေ

04 Apr 2017     1,438 Views


တရုပ်နိုင်ငံ ချောင်းကွင်းဒေသက အသက်(၅)နှစ်အရွယ် သမီးငယ်လေးဟာ အရွယ်နဲ့ မလိုက်အောင် တစ်ကယ်ကို အကကောင်းသူအဖြစ် အင်တာနက်လူမှုကွန်ယက်မှာ အလွန်နာမည်ကြီးနေပါတယ်။
 
 
 
 
ညနေ ၇ နာရီခွဲဆိုတာနဲ့ လမ်းဆုံလမ်းခွမှာရှိတဲ့ ကျန်းမာရေးလေ့ကျင့်ခန်းအနေနဲ့ အုပ်စုလိုက်ကကြတဲ့အခါ “ဂျင်ဂျင်း”က စတိတ်စင်ပေါ်ကနေ ဦးဆောင်ကပြရသူအဖြစ် တွေ့မြင်ရမှာဖြစ်ပါတယ်။ ပါဝင်ကနေသူ အားလုံးဟာ သူ့ထက်အသက်ကြီးတဲ့သူတွေဖြစ်ပေမယ့် “ဂျင်းဂျင်း”ရဲ့ ကကွက်နောက်ကနေ လိုက်ကကြရလောက်အောင် ပါရမီရှိတဲ့ ကလေးဖြစ်လို့ ချက်ခြင်းဆိုသလို နာမည်ကြီးသွားရခြင်းဖြစ်ပါတယ်။
 
 
 
 
 
သူကပြနေတဲ့ ဗီဒီယို အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးနောက် ၅ နှစ်သမီးလေးဟာ ချက်ခြင်းဆိုသလို ဆယ်လီဖြစ်သွားခဲ့ပါတယ်။ သူရဲ့ အကစွမ်းရည် ဘယ်လောက်ကောင်းလဲဆိုတာကို ဗီဒီယိုမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ 
 

04 Apr 2017     1,438 Views




RELATED

Most Popular of Special or Others

Most Popular of Kids & Family