BEC-TERO TV

ကားဘက်ထရီမျိုချမိလို့ အသက်လုနေရတဲ့ အသက် ၂ နှစ်အရွယ်ကလေးငယ်

13 Apr 2017     1,455 Views


တောက်တက်၊ တောက်တက် လမ်းလျှောက်တတ်ကာစ ကလေးငယ်တွေဟာ သူတို့ရဲ့ သဘာဝအတိုင်း အရာရာကို စူးစမ်းချင်ကြပါတယ်။ အမြင့်တွေကို မရမက တွယ်တက်မယ်၊ တွေ့သမျှအရာမှန်သမျှကို ပါးစပ်ထဲကောက်ထည့်တတ်တာ သူတို့အရွယ်ရဲ့ သဘာဝပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ မိဘတွေဟာ အဲဒီလိုအချိန်မျိုးမှာ အပင်ပမ်းဆုံးဖြစ်ပါတယ်။ မျက်စိအောက်က အပျောက်မခံပဲ ထိန်းသိမ်းစောက်ရှောက်ရတဲ့ အရွယ်ဖြစ်ပါတယ်။
 
 
မျက်စိအောက်က တစ်ချက်ကလေးလစ်သွားတာနဲ့ တစ်ခုမဟုတ်တစ်ခုက ဖြစ်နိုင်ချေများပါတယ်၊ အခုလဲ အင်္ဂလန်နိုင်ငံက အသက် ၂ နှစ်အရွယ် “ကေစီ ဘရာဒဲလ်” ဆိုတဲ့ ကလေးမလေးဟာ ကားသော့ရီမုတ်ထဲထည့်တဲ့ ဘက်ထရီကို မျိုချမိလိုက်တဲ့အတွက် ဆေးရုံပေါ်မှာ အသက်လုနေရပြီဖြစ်ပါတယ်။
 
 
ဆရာဝန်များရဲ့ အဆိုရ သေဆုံးဖို့ ရာခိုင်နှုန်း ၄၀ ရှိပြီး အကယ်၍ အသက်ရှင်ခဲ့ရင်တောင် သူမရဲ့ ခါးအောက်ပိုင်း သွက်ချာပါဒဖြစ်ဖို့ ၅၀ ရာခိုင်နှုန်းရှိတယ်လို့ သူမရဲ့ မိခင်ဖြစ်သူကို အသိပေးခဲ့ပါတယ်။
 
 
လတ်တလောမှာ “ကေစီ”ကို ဘာမင်ဟမ် ကလေးဆေးရုံကြီးမှာ ကုသမှုခံယူနေပြီး နောက်တစ်လလောက်အကြာမှာ ခွဲစိပ်ဖို့ အခြေအနေရှိနေပါတယ်။ သူမရဲ့ အစာပြွန်ဟာ ဆိုးဆိုးရွားရွား ပျက်ဆီးခဲ့တဲ့အတွက် နှာခေါင်းပိုက်ကနေတစ်ဆင့် အစာသွင်းယူနေရပါတယ်။
 
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကားသော့ထဲထည့်တဲ့ ဘက်ထရီပြားကို “ကေစီ”က အမှတ်မထင် ပါးစပ်ထဲထည့် မျိုချခဲ့ပြီးနောက် အော့အန်ခြင်း၊ ဝမ်းလျောခြင်းတွေ ဖြစ်လာတာကြောင့် ဆေးရုံသို့ အရေးပေါ်တင်ခဲ့သည်။ ဆရာဝန်က စစ်ဆေးခဲ့ပြီးနောက် ဘတ်ထရီကို မျိုချထားတာ ရက်အနည်းငယ်ကြာနေပြီဖြစ်ကြောင်း သိရှိခဲ့ရသည်။ သူမရဲ့ အခြေအနေဟာ ဆိုးရွားလာပြီး အသက်ရှုခက်ခဲတဲ့ အခြေနေထိ ဖြစ်ခဲ့ပါတယ်။
 
 
အခြေအနေက ဒီလောက်မျှမကပဲ ဆေးရုံတက်ပြီး တစ်ပတ်လောက်ကြာတဲ့အခါ ကလေးက သွေးများပါ အန်ထွက်ခဲ့တဲ့အတွက် ၆ နာရီကြာတဲ့ ခွဲစိပ်မှုတစ်ခုကို ပြုလုပ်ခဲ့ရပါတယ်။
ဘတ်ထရီက လေပြွန်မှာတစ်စို့နေခဲ့ပြီး ဘတ်ထရီရဲ့ ဓါတုပစ္စည်းကြောင့် အတွင်းအသားစများ ထိခိုက်ပျက်ဆီးခဲ့ရခြင်းဖြစ်သည်။
 
ထို့ကြောင့် လမ်းလျောက်တတ်ကာစ ကလေးငယ်များကို မိဘများအနေနှင့် မျက်စိအောက်က အပျောက်မခံသင့်သလို သူတို့ လက်လှမ်းမိသည့် နေရာများတွင်လည်း အန္တရာယ်ဖြစ်စေမည့်အရာများကို အလွယ်တစ်ကူ မထားကြရန် “ကေစီ”၏ မိခင်ဖြစ်သူက သူမ၏ အဖြစ်ကို သင်ခန်းစာယူကြရန် ကလေးမိဘများအား သတိပေးပြောကြားခဲ့သည်။ 
 

13 Apr 2017     1,455 Views




RELATED

Most Popular of Special or Others

Most Popular of Kids & Family