BEC-TERO TV

ကင်ဆာဆေးအတုများနှင့် ပတ်သက်၍ ကုမ္ပဏီ ၁၄ ခုကို FDA သတိပေး

27 Apr 2017     1,673 Views


ကင်ဆာရောဂါကုသဆေးအတု ၆၅ မျိုးနှင့်အထက် ရောင်းချနေ သော ကုမ္ပဏီ ၁၄ ခုကို အမေရိကန်အစားအစာနှင့် ဆေးဝါးစီမံ ခန့်ခွဲရေးဌာန (FDA)က သတိပေးခဲ့သည်။ ယင်းထုတ်ကုန်အတုများတွင် ဆေးလုံးများ၊ ဆေးတောင့်များ၊ အမှုန့်များ၊ ခရင်မ်များ၊ လက်ဖက်ရည်၊ အဆီများနှင့် ရော်ဂျာဖော် ထုတ်ရေးကိရိယာများပါဝင်သည်။ ယင်းထုတ်ကုန်များကို FDA ခွင့်ပြုချက်မရှိဘဲ ဝက်ဘ်ဆိုက်များနှင့် လူမှုကွန်ရက်စာမျက်နှာများမှ ကျယ်ကျယ်ပြန့်ပြန့်ရောင်းချနေကြောင်း သိရသည်။

ယင်းဆေးဝါးအတုများကို မကြာခဏဆိုသလို သဘာဝအ တိုင်းဖြစ်သည်ဟု ကြော်ငြာနေပြီး အစားအသောက်ဆိုင်ရာ ဖြည့်စွက်ဆေးများအဖြစ် ရေးသားဖော်ပြမှုများရှိနေကြောင်း FDA က ပြောကြားသည်။ ယင်းဆေးဝါးများသည် ဘေးအန္တရာယ်မကင်းဖြစ်နိုင်ပြီး လူ တစ်ယောက်အတွက် သင့်လျော်သော ကင်ဆာရောဂါစစ်ဆေးတွေ့ ရှိမှုနှင့် ကုသမှုခံယူရန် ကြိုးပမ်းမှုကို အတားအဆီးဖြစ်နိုင်သဖြင့် မသုံးစွဲသင့်သော ထုတ်ကုန်များဖြစ်သည်ဟု FDA က ပြောသည်။ ကင်ဆာရောဂါအမျိုးမျိုး ပျောက်ကင်းနိုင်သည်၊ အကျိတ်များ ကျုံ့နိုင်သလို ကင်ဆာဆဲလ်များကို သေဆုံးနိုင်သည့် ဓာတုကုထုံး ထက် အစွမ်းထက်သည်ဆိုသော ကြော်ငြာနေခြင်းများကို စားသုံးသူ များ သတိထားသင့်ကြောင်း FDA ၏ ဥပဒေထိန်းသိမ်းရေးဌာန ညွှန်ကြားရေးမှူးက ပြောကြားသည်။

စမ်းသပ်ဆဲဆေးဝါးများအပါ အဝင် ကင်ဆာရောဂါကုသနည်းများနှင့်ပတ်သက်၍ လူနာများအ နေဖြင့် အမြဲတမ်းလိုင်စင်ရ ဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်သင့် ကြောင်း FDA က အကြံပေးထားသည်။ ယင်းကဲ့သို့ ဝက်ဘ်ဆိုက်များ၊ လူမှုကွန်ရက်များ၊ စတိုးဆိုင်များ တွင် ရောင်းချနေသော ဆေးဝါးနှင့်ထုတ်ကုန်အတုများကြောင့် FDA က ယခင်ကလည်း သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။

 


27 Apr 2017     1,673 Views




RELATED

Most Popular of Special or Others

Most Popular of NEWS