BEC-TERO TV

ဒုံးကာကွယ်ရေးစနစ်ကို ဖယ်ရှားပေးဖို့ တောင်ကိုရီးယားကို တရုတ်တောင်းဆို

28 Apr 2017     1,323 Views


တောင်ကိုရီးယားအလယ်ပိုင်းက သတ်မှတ်ထားတဲ့နေရာဆီ ဒုံးကျည်တွေနဲ့ လမ်းပေါ်မှာရွေ့လျားနိုင်တဲ့ ဒုံးပစ်လောင်ချာတွေကို အမေရိကန်က ညတွင်းချင်းပို့ဆောင်ပေးပြီးနောက် သည်THAAD စနစ်ကို ဖယ်ရှားပေးဖို့ တောင်ကိုရီးယားအစိုးရကို တရုတ် က ဗုဒ္ဓဟူးနေ့က တောင်းဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရအမျိုးသားဂန်းရှောင်အန်က သည် THAAD စနစ်တပ်ဆင်ထားမှုကို ပုံမှန် အကျဉ်းရုံးသတင်းစာရှင်းလင်းပွဲတစ်ခုမှာ ရှုတ်ချလိုက်ပြီး သည်လုပ်ရပ်ဟာ ဒေသတွင်း မဟာဗျူဟာဟန်ချက်ကို ဖျက်ဆီးလိုက်တာဖြစ်သလို ကိုရီးယားကျွန်းဆွယ်ပေါ်မှာ နောက်ထပ်တင်းမာမှုတွေကိုလည်းဖြစ်လာစေနိုင်တယ်လို့ ပြောကြားခဲ့ကြောင်း တောင်ကိုရီးယားရုပ်သံကွန်ရက် အက်စ်ဘီအက်စ်ကတင်ပြပါတယ်။

THAAD ဟာ တရုတ်ရဲ့အမျိုးသားလုံခြုံရေးအကျိုးစီးပွားကိုအားနည်းစေတယ်လို့ အဆိုပါပြောခွင့်ရအမျိုးသားကပြောပါတယ်။ တရုတ်နိုင်ငံပိုင်ရုပ်သံလိုင်း စီစီတီဗီကလည်း သည်လိုတပ်ဆင်မှုဟာ တက်ကြွလှုပ်ရှားသူတွေကြား လူကြိုက်မများတာကိုဖော်ပြတဲ့အနေနဲ့ THAAD ထားရှိရာနေရာမှာ တောင်ကိုရီးယားဆန္ဒပြသူတွေကို ရိုက်ထားတဲ့ပုံတွေ ပြသခဲ့ပါတယ်။ တရုတ်ရဲ့အခုလိုရာဇသံပေးမှုဟာ နိုင်ငံပိုင်လေကြောင်းလိုင်း အဲချိုင်းနားက မြောက်ကိုရီးယားကို လေယာဉ်ခရီးစဉ်တွေ ပြန်လည်ရောင်းချတဲ့သတင်း စီအန်အန်မှာဖော်ပြပြီးနောက်ထွက်ရှိလာတာပါ။

Credit : kumudranews


28 Apr 2017     1,323 Views




RELATED

Most Popular of International News

Most Popular of NEWS