BEC-TERO TV

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေသော အာစီယံခေါင်းဆောင်များအစည်းအဝေးနေရာအနီး ဗုံးပေါက်ကွဲ

29 Apr 2017     1,695 Views


ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ အာစီယံအစဉ်းအဝေးပွဲ လက်ခံပြုလုပ်နေရာနှင့် ၅ ကီလိုမီတာခန့်သာ ဝေးသော ဘုရားရှိခိုးကျောင်းတစ်ခုအနီးတွင် ဧပြီလ ၂၈ ရက် မနေ့ညပိုင်းက ဗုံးပေါက်ကွဲခဲ့ကြောင်း သတင်းရရှိသည်။
 
 
မနီလာမြို့ရှိ Quiapo Church တွင် အိမ်သုံးပိုက်ဖြင့် ပြုလုပ်ထားသော ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး ၁၃ ဦး အပြင်အထန် ဒဏ်ရာရရှိခဲ့သည်။ အဆိုပါဗုံးပေါက်ကွဲမှုသည် အာဆီယံအစည်းအဝေးနှင့် ပက်သက်ဆပ်နွယ်ခြင်းမရှိဟု ဖိလစ်ပိုင်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ Ernesto Abella က ထုတ်ပြန်ပြောကြားခဲ့သည်။
 
 
 
ဖိလစ်ပိုင်နိုင်ငံသည် အာစီယံဥက္ကဋ္ဌတာဝန်ယူထားပြီး မနီလာနိုင်ငံတွင် ကျင်းပပြုလုပ်သော အာစီယံအစည်းအဝေးတွင် နိုင်ငံပေါင်းကိုးနိုင်ငံက ခေါင်းဆောင်များနှင့်အတူ မြန်မာနိုင်ငံမှ ​ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်နေခြင်းဖြစ်သည်။
 
 
ဖိလစ်ပိုင်နိုင်ငံတွင် အစည်းဝေးများမစတင်မီ အကြမ်းဖက်သမားများက ဗုံးဖောက်ခွဲတတ်သည့် အလေ့အထရှိခြင်းကြောင့် အာစီယံအစည်းအဝေးကျင်းပရာနေရာ ပတ်ဝန်းကျင်တွင် လုံခြုံရေးတင်းကျပ်စွာ ချထားခဲ့ကြောင်း သိရှိရသည်။
 

29 Apr 2017     1,695 Views




RELATED

Most Popular of International News

Most Popular of NEWS