BEC-TERO TV

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဖိလစ်ပိုင်နိုင်ငံမှ ပြန်လည်ရောက်ရှိ

29 Apr 2017     1,411 Views


ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပခဲ့သည့် (၅၀)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ယနေ့ည ၉ နာရီ ၁၀ မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အထူးလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိခဲ့သည်။
 
 
 
 
 
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြို့မင်းသိန်းနှင့် တာဝန်ရှိသူများ သွားရောက်ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
 
Photos:မြန်မာ့လေကြောင်း

29 Apr 2017     1,411 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS