BEC-TERO TV

အနီကဒ်တွေကိုယ်စီနဲ့မန်ယူနဲ့ အေဂျက်စ် ဗိုလ်လုပွဲကို တက်

12 May 2017     1,335 Views


ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ မန်ယူအသင်းက ဆယ်လ်တာဗီဂိုကို သရေသာ ကစားနိုင်ခဲ့သလို၊ အေဂျက်စ်အသင်းကလည်း လိုင်ယွန်ကို ရှုံးနိမ့်ခဲ့ပေမယ့် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ကြပါ တယ်။ထူးခြားချက်ကတော့နှစ်သင်းစလုံးအနီကဒ်ကိုယ်စီနဲ့ခပ်ကြမ်းကြမ်းပွဲပုံစံကစားခဲ့တာပါ။
နောက်ဆုံးဗိုလ်လုပွဲကိုတော့ မေလ(၂၄)ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။


မန်ယူအသင်းက ဒီပြိုင်ပွဲမှာ ချန်ပီယံဆု ရယူဖို့ မျှော်မှန်းထားပုံရပါတယ်။
အီဘရာဟီမိုဗစ် ဒဏ်ရာရနေပေမယ့် ၀ါရင့်တိုက်စစ်မှူး ရွန်နီကတော့ အရံခုံမှာသာ ထိုင်ခဲ့ရပြီး လူငယ်ကစားသမား ရပ်ရှ်ဖို့ဒ်က တိုက်စစ်ကို ဦးဆောင်ခဲ့ပါတယ်။  (၁၇)မိနစ်မှာ ရပ်ရှ်ဖို့ဒ်ရဲ့ပေးပို့မှု ကနေ ဖယ်လေနီက အနီးကပ်ခေါင်းတိုက်ပြီး အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
မိနစ်(၈၀)၀န်းကျင်မှာ မော်ရင်ဟိုက မစ်ခီတာရီယန်နေရာ ကာရစ်ကို အစားထိုးပြီး ခံစစ်ကို အားဖြည့်ခဲ့ပါတယ်။
(၈၅)မိနစ်မှာတော့ ရွန်ကာဂလီယာက ဆယ်လ်တာဗီဂိုအသင်းအတွက် ချေပဂိုးသွင်းယူခဲ့ပြီး (၈၈)မိနစ်မှာ ဘာယီနဲ့ ရွန်ကာဂလီယာတို့ အချင်း များခဲ့တာကြောင့် နှစ်ဦးစလုံး ထုတ်ပယ်ခံခဲ့ရပါတယ်။လိုင်ယွန်နဲ့အေဂျက်စ်အသင်းမှတော့ ဧည့်သည်အေဂျက်စ်အသင်းက၂၇မိနစ်မှာဦးဆောင်ဂိုးရခဲ့ပေမယ့်နောက်တစ်ဆင့်တက်ဖို့ဂိုးများစွာလိုအပ်နေတဲ့ လိုင်ယွန်းအသင်းက အကောင်းဆုံးပြင်ဆင်ကစားခဲ့တာကြောင့် ၄၅မီနစ်နဲ့ပထမပိုင်းပြီးဆုံးချိန်လေလွင့်အချိန်ပိုမှာ ၂ဂိုးဆက်တိုက်ရရှိခဲ့သလို၈၁မိနစ်မှာနောက်တစ်ဂိုးရရှိခဲ့ပါတယ်။၈၅မိနစ်မှာတော့ဧည့်သည်အေဂျက်စ်အသင်းကနစ်ခ် နှစ်ဝါတစ်နီနဲ့ထုတ်ပယ်ခံရပေမယ့် အဲ့နောက်ပိုင်းလိုင်ယွန်အသင်းက လိုအပ်တဲ့ဂိုးတွေမရရှိခဲ့တာကြောင့် ပြိုင်ပွဲကနေထုတ်သွားရပါပြီး။


ပွဲပြီးရလဒ်များ

မန်ယူ ၁-၁ ဆယ်လ်တာဗီဂို
(နှစ်ကျော့ပေါင်းရလဒ် ၂-၁ ဂိုးဖြင့် မန်ယူ ဗိုလ်လုပွဲတက်)
လိုင်ယွန် ၃-၁ အေဂျက်စ်
(နှစ်ကျော့ပေါင်းရလဒ် ၅-၄ ဂိုးဖြင့် အေဂျက်စ်အသင်း ဗိုလ်လုပွဲတက်)


12 May 2017     1,335 Views




RELATED

Most Popular of Football

Most Popular of Sport