BEC-TERO TV

ဖလား၃လုံးအိမ်မက်အတွက် အောင်မြင်ခြင်းအစ

18 May 2017     1,329 Views


ဂျူဗင်တပ်စ်အသင်းသည် လာဇီယိုအသင်းကို ကိုပါအီတာလီယာဗိုလ်လုပွဲတွင်(၂-၀)ဂိုးဖြင့် အနိုင်ယူခဲ့ပြီး ကိုပါအီတာလီယာဖလားအား (၃)ရာသီဆက် ရယူနိုင်သည့်ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ လာဇီယိုအသင်းကို အနိုင်ယူခဲ့သည့် ဂျူဗင်တပ်စ်အသင်း၏ အနိုင်ဂိုးများကိုအဲလ်ဗတ်စ်နှင့် ဘိုနူချီတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ဖလား၃လုံးအိမ်မက်အတွက် ဂျူဗင်တပ်စ်အသင်းသည် လာမည့်တနင်္ဂနွေနေ့တွင်ကစားမည့် ခရိုတိုနီနှင့်ပွဲ၌အနိုင်ရရှိခဲ့ပါက စီးရီးအေချန်ပီယံဆုကို (၆)ရာသီဆက် ရရှိမည်ဖြစ်သလို၊ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း
ရီးယဲလ်အသင်းနှင့် ဗိုလ်လုပွဲ ကစားရမည်ဖြစ်သည်။

 


18 May 2017     1,329 Views




RELATED

Most Popular of Football

Most Popular of Sport