BEC-TERO TV

အခမဲ့ ဖျော်ဖြေပွဲများ

19 May 2017     1,268 Views


ပြည်သူ့ဥယျာဉ်မှာတော့ ရာသီဥတုအခြေအနေပေါ် မူ တည်ပြီး ညနေတိုင်းမှာ ရေပန်းရုပ်ရှင် ပြသပေးမှာဖြစ်ပြီး စနေနေ့ မြန်မာ့ရိုးရာအကတင်ဆက်မှု အစီအစဉ်တွေနဲ့ ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။

ဦးဥတ္တမပန်းခြံ Happy World ကလေးကစားကွင်းမှာ တော့ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေမှာ မျက်လှည့်တင်ဆက်မှုတွေ အကအဖွဲ့တွေရဲ့ တင်ဆက်မှုတွေကို နံနက် ၁၁ နာရီက နေစပြီး အခမဲ့ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။ မဟာဗန္ဓုလပန်းခြံမှာတော့ ဒီတစ်ပတ် စနေနေ့ညနေမှာ Clean Yangon Green Yangon အစီအစဉ်ကို ပြုလုပ်မှာ ဖြစ်ပါတယ်။

အပန်းဖြေဥယျာဉ်တွေကိုပဲ မသွားဘဲ ဈေးဝယ်စင်တာတွေကို သွားချင်တဲ့သူတွေအတွက် ပရိုမိုးရှင်းပွဲလေးတွေကို ဖော်ပြေပေးလိုက်ပါတယ်။ Junction Square ရဲ့ အပြင်ဘက် Water Fountain ဧရိယာမှာတော့ ဒီတစ်ပတ်စနေနေ့မှာ အဆိုတော် X Box ရဲ့ ကိုးဒီဗီဒီ ပရိုမိုးရှင်းပွဲကို ပြုလုပ်မှာဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

မြန်မာပလာဇာရဲ့ ပရိုမိုးရှင်းဧရိယာမှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး Back To School ပရိုမိုးရှင်းပွဲကို ပြုလုပ်မှာဖြစ်ပါတယ်။ စိန်ဂေဟာဈေးဝယ်စင်တာတွေမှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး Back to School အထူးဈေးရောင်းပွဲ ပြုလုပ်မှာဖြစ်ပါတယ်။

တပ်မတော်ခန်းမမှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး မြန်မာနိုင်ငံရဲ့ အကြီးဆုံးအိမ်ခြံမြေပြပွဲ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အလှသစ် အနုပညာပြခန်းမှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး 93 Art Exhibition ပွဲ ပြုလုပ်သွားမှာဖြစ်ပါတယ် ။


19 May 2017     1,268 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment