BEC-TERO TV

အကြမ်းဖက်မှုအဖြစ်သံသယဖြစ်စေသော လူအုပ်ကြီးထဲကို ကားနဲ့ဝင်တိုက်ခဲ့မှု အမေရိကန်တွင်ဖြစ်ပွား

19 May 2017     1,274 Views


အမေရိကန်နိုင်ငံ နယူးရော့ခ်မြို့ရှိ လူစည်ကားရာနေရာ တိုင်းမ်းစကွဲတွင် မေလ ၁၈ ရက်နေ့က အရှိန်ဖြင့်မောင်းနှင်လာသော ကားတစ်စီးက လူအုပ်ထဲကို ဝင်တိုးကား လူအတော်များများကို တက်ကျိတ်သွားခဲ့တဲ့အတွက် ၂၂ ဦး ဒဏ်ရာရရှိကာ အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ရသည်။

အနီရောင် ဟွန်ဒါအမျိုးအစား ကားတစ်စီးက လူသွားပလက်ဖောင်းအတိုင်း အရှိန်ပြင်းစွာ မောင်းခဲ့ပြီး လူများကို ဖြတ်တိုက်ခဲ့သည်။ မီးပွိုင့်လမ်းဆုံအရောက် တားထားသည့် အကာအရံတစ်ခုကို ဝင်တိုက်ကာ ကားမှာ လေထဲ မြောက်တက်သွားသည်။


ဒရိုင်ဘာဖြစ်သူက ကားအတွင်းမှ ထွက်လာပြီးနောက် ထွက်ပြေးရန်ကြိုးစားစဉ် လူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြသည်။ ၂၀၁၀ ခုနှစ်ကလည်း တိုင်းမ်းစကွဲနေရာတွင် ကားဗုံးဖောက်ခွဲရန် ကြိုးစားခဲ့သည့် အကြမ်းဖက်မှုတစ်ခု ဖြစ်ပွားခဲ့သည့်အတွက် လူအများက အကြမ်းဖက်မှုတစ်ခုအဖြစ် သံသယဝင်နေခဲ့ကြသည်။


ယာဉ်မောင်းသူမှာ အသက် ၂၆ နှစ်အရွယ် Richard Rojas ဆိုသူ ဝါရင့်ရေတပ်သားတစ်ဦးဖြစ်ပြီး အရက်မူးပြီးကားမောင်းသည့်အတွက် အဖမ်းခံခဲ့ရဖူးသူလည်းဖြစ်သည်။ အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုမဟုတ်ပဲ Rojas မှာ မူးယစ်ဆေးဝါးအလွန်အကျွံသုံးဆြွထားသည့် လက္ခဏာတွေ့ရှိကြောင်း မြို့တော်ဝန် Bill de Blasio က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း သိရှိရသည်။
 


19 May 2017     1,274 Views




RELATED

Most Popular of International News

Most Popular of NEWS