BEC-TERO TV

ပြေတီဦးနဲ့အူဝဲကြားက လူတွေမမြင်ရသေးတဲ့ ရင်ဘက်ထဲက ဓား

22 May 2017     1,572 Views


"ရင်ဘတ်ထဲကဓား ဇာတ်လမ်းအကျဉ်း"
 

မမမြ(ထွန်းအိန္ဒြာဗို) ဟာ သူမရဲ့သမီး လရိပ်ဝေး(အိန္ဒြာကျော်ဇင်) ဆယ်နှစ်နှစ်သမီးအရွယ်လောက်ကတည်းက သူ့ယောက်ျားကို သည်းမခံနိုင်မှုများစွာနဲ့ သတ်ပစ်ပြီးထောင်ကျသွားတယ် ။
အဲ့ဒီအချိန်က စလို့ ဆယ့်နှစ်မှစ်အရွယ် အဝေး ဟာ ဟိုဆွေမျိုးအိမ်နေ ၊ ဒီဆွေမျိုးအိမ်နေရင်း ရိုးရိုးသားသားကြိုးကြိုးစားစားနဲ့ ဘဝကိုရုန်းကန်ပြီး တစ်ကောင်ကြွက်ဘဝနဲ့ ရပ်တည်ပြီးကြီးပြင်းခဲ့တယ်။
အချိန်တန် အလုပ်တွေအတည်တကျနဲ့ဘဝလေးရောက်ချိန်မှာ သူ့ထက်ငယ်တဲ့ ဆေးကျောင်းသား မောင်မောင်ကျေး(ပြေတီဦး) နဲ့ မေတ္တာမျှပြီး နှစ်ဦးသဘောတူ ယူလိုက်ကြတယ် ။
သူတို့မင်္ဂလာပွဲအမီတော့ အဝေး ရဲ့ မိခင် မမမြ ဟာ ထောင်ကလွတ်လာပြီး အဝေးနဲ့အတူနေဖို့ကြိုးစားခဲ့ပေမယ့် အဝေးက အဖေ့ကို သတ်ပြီး သူမကိုတစ်ယောက်ထဲထားခဲ့တဲ့ အမေ့ကို နားမလည်နိုင်မှုများစွာ နဲ့နာကျည်းနေပြီး ခပ်ကင်းကင်းနေခဲ့တယ် ။

မောင်မောင်ကျေး ရဲ့ အမေ (ခင်မို့မို့အေး) နဲ့ အမမကြူ( မြတ်ကေသီအောင်) တို့ဟာ အဝေးတို့ မင်္ဂလာပွဲ ပြီးပြီးချင်းမှာပဲ အဝေးကို စပြီး ခြယ်လှယ်ချုပ်ကိုင်ဖို့ ကြိုးစားကြတယ် ။
ဦးနှောက်ကောင်းလွန်းတဲ့ အဝေးကို ယောက္ခမ နဲ့ ယောက္မ တို့ဟာ ချုပ်ကိုင်လို့မရတဲ့အဆုံး သားလုပ်သူ မောင်မောင်ကျေး နဲ့ တစ်ခုမဟုတ်တစ်ခု လှည့်တိုက်တော့တယ် ။

ဥာဏ်ပြေးလွန်းတဲ့ အဝေး က သိပေမယ့် သူ့ယောက်ျား ဆရာဝန်လောင်းလျာကတော့ အမေနဲ့အမ တိုက်ပေးတာကို အဟုတ်ကြီးမှတ်ပြီး အိမ်ထောင်ရေး ကထောက်ကဆဖြစ်စရာတွေဖန်တီးတယ် ။
သို့သော်လည်း ခင်ပွန်းကို ချစ်လွန်းတဲ့ အဝေးဟာ မောင်မောင်ကျေး ဆရာဝန်ဖြစ်သည်အထိ စီးပွားရေးကို သူမဦးဆောင်ပြီးရှာခဲ့ ၊ ကျောင်းဆက်ထားခဲ့တယ် ။
အဝေး ကိုယ်ဝန်စရှိချိန်ကစလို့ မောင်မောင်ကျေးဟာ အချိုးတွေပြောင်းလဲလာပါတော့တယ် ။
မိန်းမရှာတဲ့စီိးပွားရေးအောက်နေရင်း လုပ်ပိုင်ခွင့်တွေမရှိဘူး လို့ သူ့ကိုယ်သူထင်လာသလို အမေနဲ့အမရဲ့သွေးထိုးစကားတွေအကြားနားယောင်ကာ အဝေးအပေါ် စပြီးကလန်ကဆန်တွေလုပ်ရင်း ကနေ ခြူ(မေကဗျာ)ဆိုတဲ့ ကောင်မလေးနဲ့ အိမ်ထောင်ရေး ဖောက်ပြန်ခဲ့တယ် ။
တိတ်တိတ်လေးကနေ ပေါ်တင်ဖြစ်လာတဲ့အထိ .........
အဝေးက ဒဏ်မခံနိုင်တဲ့အဆုံး ကလေးကို မောင်မောင်ကျေး နဲ့ ထားပြီး ထွက်ပြေးတယ် ။
ဒါပေမယ့် မောင်မောင်ကျေး က သတင်းစာကနေ မယားလုပ်သူကိုအရှက်ခွဲ လုပ်ကြံလီဆယ်ပြီး ကြေငြာစာထည့်ကာ အဝေးကို မရမကပြန်ခေါ်တယ် ။
............
ကလောကလယ် ယောက္ခမ နဲ့ ယောက္မ ရယ် ၊ ပညာတတ်ပြီး အစွန်းယောက်တဲ့ မောင်မောင်ကျေး ရယ် ၊ ခိုကိုးရာဆိုပြီး သူများယောက်ျားကို တွယ်ငြိမိတဲ့ ခြူ ဆိုတဲ့ မိန်းကလေးရယ် ၊ လရိပ်ဝေးရယ် ....
ပြင်းထျန်တဲ့ အိမ်ထောင်ရေးတိုက်ပွဲ ။
နောက်ဆုံးမှာ အဝေးဟာ သူမအမေလိုပဲ သူမယောက်ျားကို သူကိုယ်တိုင်သတ်ပစ်ပြီးထောင်ထဲဝင်မလား? ??
.....
အဝေး ရဲ့ နူးညံ့တဲ့ ရင်ဘတ်ထဲကဓားတစ်လက်က ဘယ်လိုတွေထက်ရှသလဲ.............
......
......

*** အဝေး ဆေးရုံမှာ ကလေးမမွေးနိုင်ပဲ သူ့ယောက်ျား မောင်မောင်ကျေး အလာကို အားကိုးတကြီး ၊ ဒေါသတကြီး နားကျည်းမှုများစွာနဲ့ ပေါက်ကွဲမျှော်လင့်တဲ့ ဇာတ်ဝင်ခန်း
*** ခြူ့ ရဲ့ ဘီးကုက်ကို အိပ်ရာခေါင်းဦးအောက်မှာတွေ့တဲ့အချိန် မယုံနိုင်အောင် သစ္စာဖောက်ခံရလို့ နားကြည်းပေါက်ကွဲတဲ့ဇာတ်ဝင်ခန်း
*** အဝတ်ဗီရိုထဲက ခြူ့အတွက် မောင်မောင်ကျေး ဝယ်ပြီးဝှက်ထားတဲ့ အထည်စကိုတွေ့တဲ့အချိန် ဒေါသတကြီး အရူးတစ်ယောက်လို အဝတ်စကို အစိတ်စိတ်အမွှာမွှာညှပ်ပြီး ချစ်လွန်းတဲ့ယောက်ျားကို နင်တစ်လုံးငါတစ်လုံး နင့်နင့်နည်းနည်း ပြောတဲ့ဇာတ်ဝင်ခန်း
*** အဆုံးသတ် သူမအမေလိုပဲ ချစ်တဲ့ယောက်ျားကို ကိုယ့်လက်နဲ့ကိုယ်တိုင်သတ်ဖို့ ကြိုးစားတဲ့ဇာတ်ဝင်ခန်း
......
ဇာတ်ကားတစ်ခုလုံးက မင်းသမီးဇာတ်ဖြစ်သလို ပါဝင်ကြတဲ့ ဇာတ်ကောင်တိုင်းကလည်း မင်းသမီးဇာတ်ပိုနာအောင် ဇာတ်ပိုကြွလာအောင် အကုန် villain လုပ်ကြရတဲ့ဇာတ်ကောင်တွေချည်း ။
ဝထ္ထုထဲက အတိုင်း အိန္ဒြာကျော်ဇင် ဟာ လရိပ်ဝေး တကယ် ဖြစ်ခဲ့သလားမဖြစ်ခဲ့ဘူးလား ကို ပိတ်ကားပေါ်စောင့်ကြည့်ရမှာပဲဗျို့ ။။။။

အကယ်ဒမီ နဲ့ ပတ်သတ်ရင် ကံခေလွန်းလို့ သူမပရိတ်သတ်က သူမအတွက် ကြိတ်မနိုင်ခဲမရဖြစ်ခဲ့ရတာ ။
ဒီတစ်ကြိမ်တော့ အဲ့ဒီအကြွေးတွေကို အိန္ဒြာကျော်ဇင် တကယ် ပြန်ဆပ်နိုင်လေမလား????
မျှော်လင့်ရင်ခုန်လျက်....

 

Source: Moric Lynn


22 May 2017     1,572 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment