BEC-TERO TV

အမျိုးသားရော အမျိုးသမီးပါ သောက်နိုင်တဲ့ သန္ဓေတားဆေး

24 May 2017     2,624 Views


သံလွင်သီးမှာ ပါဝင်တဲ့ ဓာတ်တစ်မျိုးကနေ ထုတ်လုပ်ထားတဲ့ သန္ဓေတားဆေးဟာ အမျိုးသားရော အမျိုးသမီးပါသောက်သုံးနိုင်တဲ့ ပထမဆုံး သန္ဓေတားဆေး ဖြစ်လာနိုင်ခြေရှိနေပါတယ်။
 
အဆိုပါဆေးကို အမေရိကတ်ပြည်ထောင်စု ဘာကလေတက္ကသိုလ်က သုတေသနပညာရှင်တွေ စမ်းသပ်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
 
သံလွင်သီးမှာပါတဲ့ Lupeol ဆိုတဲ့ ဓာတ်ဟာ သုတ်ပိုးတွေ မမျိုးဥဆီ ရောက်ရှိသွားစေမယ့် သုတ်ပိုးရဲ့ အမြီးပိုင်းလှုပ်ရှားမှုကို တားဆီးပေးပြီး မမျိုးဥဆီ ရောက်မသွားစေခြင်းဖြင့် သန္ဓေအောင်မှုကို တားဆီးပေးတာ ဖြစ်ပါတယ်။
 
ဒီဆေးဟာ စမ်းသပ်ထုတ်လုပ်ဆဲကာလဖြစ်ပြီး စီးပွားဖြစ်ထုတ်ကုန်အဖြစ် စျေးကွက်ထဲ ရောက်ရှိလာစေဖို့ အချိန်နှစ်နှစ်ခန့် ယူရဦးမယ်လို့ သုတေသနကို ဦးဆောင်သူ ဒေါက်တာ ပေါ်လီနာက ပြောပါတယ်။
 
သုတ်ပိုးများကို အဆိပ်သင့်စေခြင်းမဟုတ်ဘဲ လှုပ်ရှားမှုကို နှေးကွေးစေတဲ့ နညး်ဖြစ်တာကြောင့် ဘေးအကင်းဆုံး သန္ဓေတားဆေး ဖြစ်လာမယ်လို့ ယင်းဒေါက်တာကပြောပါတယ်။
 
Source : Pyi Myanmar News Journal
 

24 May 2017     2,624 Views




RELATED

Most Popular of Health Fix

Most Popular of Life Style