BEC-TERO TV

အမွှာပူးမွေးဖွားမယ့်ကိုယ်ဝန် ဆောင်နိုင်ဖို့ဆိုရင် လိုက်နာသင့်တဲ့အချက်တွေ

24 May 2017     3,479 Views


သားသမီးဆိုတာ ရတနာတစ်ပါးလို့ ဆိုတဲ့အတိုင်း အိမ်ထောင်ပြုပြီးတဲ့ စုံတွဲတိုင်းက ကလေးလေးမွေးတဲ့အခါ အမွှာပူးလေးဖြစ်ရင် သိပ်ကောင်းမှာပဲလို့ စိတ်ကူးယဉ်တတ်ကြပါတယ်။  အဲဒီထက်ပိုကဲပြီး အမွှာပူးလေးကို ယောကျ်ားလေးတစ်ယောက် မိန်းကလေးတစ်ယောက် ဖြစ်ရင် သိပ်ကောင်းမှာပဲလို့ တောင့်တတ်ကြပါသေးတယ်။

 

ဒီတော့ အမွှာပူးလေးမွေးလာစေချင်တဲ့ မိခင်တွေအတွက် အမွှာပူးလေးရလာဖို့ အထောက်အကူ ဖြစ်စေမယ့် နည်းလမ်းလေးတွေကို ပြောပြပေးလိုက်ပါတယ်။
 
၁။ အမျိုးတွေရဲ့ သမိုင်းကို ကြည့်ပါ
 
အမွှာပူးလေးမွေးဖွားလာဖို့ ဖြစ်နိုင်ခြေအရှိဆုံးက အမျိုးသမီးအနေနဲ့ မိမိရဲ့ မိဘဆွေမျိုးတွေထဲမှာ အစ်မ၊ ညီမ၊ အဖွား စသည်ဖြင့် အမွှာမွေးခဲ့ဖူးတဲ့ ရာဇဝင်ရှိလားဆိုတာကို စုံစမ်းကြည့်ပါ။ အကယ်၍ ရှိခဲ့ဖူးတယ်ဆိုရင် အမွှာမွေးတဲ့ မျိုးရိုးဗီဇရှိသူမို့ ကိုယ်တိုင်လည်း အမွှာလေးမွေးဖို့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။
 
၂။ သန္ဓမျေိုးဥတွေ များများထုတ်လုပ်နိုင်အောင် ကြိုးစားပါ
 
အမွှာပူးလေး ဖြစ်လာဖို့ အတွက်ဆိုရင် မျိုးသန္ဓေဥ နှစ်လုံးက တစ်ချိန်တည်း တစ်ပြိုင်တည်း ကြွေပြီး မျိုးအောင်ရပါတယ်။ ဒါကြောင့်မို့ တစ်ကြိမ်မှာ မျိုးဥများများ ခြွေနိုင်လေ အမွှာပူးလေး မွေးဖွားဖို့ အခွင့်အလမ်း များများရရှိလေပဲဖြစ်ပါတယ်။
 
အမျိုးသမီးတွေအတွက် မျိုးဥများများ ခြွေတတ်တဲ့အခြေအနေဟာ အသက် ၃၀ ပြည့်ခါနီးအချိန်တွေမှာ ဖြစ်တတ်တာမို့ အမွှာပူးလေး ရချင်တယ်ဆိုရင် အဲ့ဒီနှစ်အပိုင်းအခြားတွေမှာ ကိုယ်ဝန်ရအောင် ကြိုးစားရပါမယ်။
 
၃။ ပလောပီနံဥ စားပါ

ပလောပီနံဥရဲ့ အစွမ်းဟာ အမွှာပူးကလေး ကိုယ်ဝန်ဆောင်နိုင်ဖို့ ၅၀ ရာခိုင်နှုန်းထိ အထောက်အကူပေးပါတယ်။ ပလောပီနံဥက ထုတ်လွှတ်တဲ့ GnRH ဆိုတဲ့ ဟော်မုန်းက ဦးနှောက်ကို အမျိုးသမီးဓမ္မတာနဲ့ ပက်သက်တဲ့ ဟော်မုန်းတွေ ထုတ်ဖို့လိုနေသေးပါလားလို့ ထင်မှတ်စေပြီး ဦးနှောက်က မျိုးပွားစေတဲ့ဟော်မုန်းတွေ ထပ်မံထုတ်ပေးတာကြောင့် သားဥများများတည်စေပါတယ်။

 
၄။ ဖောလစ်ပါတဲ့အစားအစာ များများစားပါ

ဖောလစ်ဓါတ်က ကိုယ်ဝန်ဆောင်စဉ်မှာ အမွှာရရှိစေဖို့ ၄၀ ရာခိုင်နှုန်းလောက် အထောက်အပံ့ဖြစ်စေတာမို့ ကညွတ်၊ ပန်ဂေါ်ဖီစိမ်း၊ ထောပတ်သီး၊ ပဲစေ့၊ ပဲတောင့်၊ ရုံးပတီသီး၊ ပဲနီလေးနဲ့ ရှောက်သံပုရာစတဲ့ အသီးတွေ စားသုံးပေးပါ။

 
၅။ နို့နှင့် နို့ထွက်ပစ္စည်း

 

နို့မှာ အမျိုးသမီးတွေအတွက်လိုအပ်တဲ့ အီစထြိုဂျင်ဆိုတဲ့ ဓမ္မတာဟော်မုန်းများစွာပါဝင်တဲ့အပြင် အရိုးအဆစ်ကိုလည်း သန်မာစေတာကြောင့် အမွှာလေးရနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။
 
၆။ ဟိုမုန်းပုံမှန်ဖြစ်ဖို့ အချိန်ပေးပါ

 

သန္ဓတေားဆေး သုံးနေရာကနေ ကလေးယူတော့မယ်လို့ ဆုံးဖြတ်ပြီး ဆေးဆက်မသောက်တော့တဲ့အခါ အမျိုးသမီးဟိုမုန်းတွေ ခန္ဓာကိုယ်ထဲမှာ ပုံမှန်ပြန်ဖြစ်လာစေဖို့ အချိန်ပေးဖို့လိုပါတယ်။ တစ်လ နှဏ်လလောက် အချိန်ပေးပြီးရင်တော့ ဟိုမုန်းပုံမှန်ပြန်ဖြစ်လာတတ်တာမို့ အဲဒီအချိန်ကျမှ ကိုယ်ဝန်ယူမယ်ဆိုရင် အမွှာလေး မွေးဖွားလာဖို့ အခွင့်အရေးရှိပါတယ်။
 
၇။ မကာဥ စာသုံးပါ

ကလေးရဖို့ဆိုရင် မကာဥသည် အမျိုးသမီးရော အမျိုးသားများအတွက်ပါ  လွန်စွာအထောက်အကူပြုသည့် အတွက် စားသုံးသင့်သော ဥတစ်မျိုးဖြစ်သည်။

 
၈။ နာနတ်သီး အူတိုင်စာသုံးပါ

နာနတ်သီးကို ခွဲပြီးသည့်အခါ ရလာသည့် အူတိုင်ကို မလွှတ်ပစ်ပဲ စားသုံးခြင်းဖြင့် ဘရိုမီလီယန် ဆိုသည့် မျိုးအောင်စေသည့် ဓါတ်ကို ရရှိစေပါတယ်။ သို့သော် သတိထားရမည့်အချက်က ဘရိုမီလီယန်ဓါတ် လွန်ကဲသွားပါကလည်း ကလေးမွေးဖွားစဉ်မှာ အနှောက်အယှက်ဖြစ်နိုင်တာကြောင့် သတိပြုပြီးစားသုံးသင့်ပါတယ်။

 
၉။ ဆရာဝန်နှင့် တိုင်ပင်ပါ

အမွှာပူးကိုယ်ဝန်ဆောင်လိုသူ မိခင်လောင်းများအနေနဲ့ တတ်သိနားလည်သော သားဖွားမီးယပ်ဆရာဝန်များနှင့် အချိန်ယူကာ မိမိ၏ စားသောက်ပုံ၊ သောက်သုံးနေသည့်ဆေး စသည်တို့ကို တိုင်ပင်ဆွေးနွေး အကြံဉာဏ်သင့်ပါသည်။

 
အမွှာပူးကလေးလိုချင်သော မိခင်တိုင်း အမွှာပူးလေး မွေးဖွားနိုင်ကြပါစေ။

 


24 May 2017     3,479 Views




RELATED

Most Popular of Health Fix

Most Popular of Kids & Family