ကလေးငယ်တွေအတွက် အလွန်အန္တရာယ်ကြီးတဲ့ ဖုန်းအားသွင်းကြိုး
17 Oct 2017 1,868 Views

ဖုန်းအားသွင်းကြိုး ဆိုတဲ့အရာဟာ ယနေ့ခေတ် အိမ်တိုင်လိုလိုမှာ ရှိနှင့်နေပြီးသား အရာတစ်ခုဖြစ်ပါတယ်။ ကိုယ့်အိမ်မှာ လူမမယ်ကလေးငယ် ရှိနေတယ်ဆိုရင်တော့ ကလေးအတွက် ဒီဖုန်းအားသွင်းကြိုးဟာ တစ်ကယ့် အန္တရာယ်တစ်ခုပါပဲ။
Courtney Davis ဆိုသူဟာ လူမှုကွန်ယက်ကတစ်ဆင့် သူမရဲ့ ၁၉ လသား သမီးလေး Gabby ရဲ့ အဖြစ်ပျက်ကို မျှဝေပေးခဲ့ပါတယ်။ ကလေးဟာ ဖုန်းအားသွင်းကြိုးကို အမှတ်မထင်ပါစပ်ထဲ ထည့်ထားခဲ့တဲ့အတွက် သူမရဲ့ ပါးစပ်အတွင်းမှာ အပူလောင်မှု ဖြစ်ခဲ့ပါတယ်။
သူမလိုအဖြစ်မျိုး အခြားမိခင်တွေ မဖြစ်ရလေအောင် အပူလောင်ခံထားရတဲ့ သမီးလေးရဲ့ပုံတွေကို လူမှုကွန်ယက်ပေါ် မတင်ချင်ပဲနဲ့ တင်ပြီး အသိပေးခဲ့တာဖြစ်ပါတယ်။
ကလေးပါးစပ်မှာ အပူလောင်ခဲ့တဲ့အတွက် ဆရာဝန်နဲ့ ပြကြည့်တဲ့အခါမှာတော့ ဒါဟာ လျှပ်စစ်အပူလောင် ဒဏ်ရာဆိုတာကို အတည်ပြုခဲ့ပါတယ်။ သူမရဲ့ အဖြစ်ပျက်ကို အောက်ပါအတိုင်းရေးသားခဲ့ပါတယ်။
“အခြားနေ့တွေမှာတောင် အားသွင်းကြိုးကို ပလပ်မှာမတပ်ထားပါဘူး၊ အဲဒီနေ့က အလုပ်တွေကလည်း အရမ်းများတာကြောင့် ဖြုတ်ဖို့ မေ့သွားတယ်။ တစ်ကယ့်စက္ကန့်ပိုင်းလေးပါပဲ။ ကလေးက တစ်ခါမှ အဲ့လိုပါးစပ်ထဲထည့်တာမျိုး မလုပ်တတ်ဘူး။ အဲဒီနေ့မှ အားလုံးတိုက်တိုက်ဆိုင်ဆိုင်ပါပဲ” ဟု ရေးသားပြီး ပုံများကို ဝေမျှခဲ့ပါတယ်။
Courtney ဟာ သူမရဲ့ အဖြစ်ကို နောင်တရပြီး နီးစပ်ရာ ကလေးထိန်းစင်တာတွေကို တတ်နိုင်သလောက် ဖုန်းဆက်ပြီး ကလေးတွေရဲ့ အနီးနားမှာ ဖုန်းအားသွင်းကြိုးတွေ မထားဖို့ လိုက်လံသတိပေးနေပါတယ်။
တိုရန်တိုမှာရှိတဲ့ ဆန်နီဘရွက်ခ်ဆေးရုံမှ ဆရာဝန် Dr.Marc Jeschke က Gabby လို အဖြစ်မျိုးက ကလေးအတော်များများမှာ ဖြစ်တတ်ပါတယ်။ ကလေးတွေဟာ ဝါယာကြိုးတွေကို ပါးစပ်ထဲထည့်ဝါးတာမျိုးတွေ လုပ်တတ်ပါတယ်ပြီး ဒီလိုမျိုးတွေ မကြာခဏ ဖြစ်တတ်ပါတယ်လို့ ဆိုပါတယ်။
မိတ်ဆွေတို့အနေနဲ့လဲ အိမ်မှာ ကလေးငယ်လေးများရှိရင် ဖုန်းအားသွင်းကြိုးနဲ့ အခြားအနီတရာယ်ရှိတဲ့ ပစ္စည်းတွေကို ဂရုတစိုက် သိမ်းဆည်းပါလို့ စေတနာကောင်းနဲ့ အသိပေးလိုက်ပါတယ်နော်။