မြင်တာနဲ့ ကြွေဆင်းသွားစေမယ့် ကိုးရီးယားမင်းသမီးတို့ရဲ့ ဆံပင်အတိုပုံစံ အလန်းလေးများ
08 Feb 2019 14,319 Views

ဆံပင်တိုညှပ်ခြင်းဟာ လူကိုပေါ့ပါးသွားစေပြီး အရင်ကထက်ပိုနုပျိုသွားတယ်လို့ ထင်ရစေပါတယ်။ ဒီနှစ်ပိုင်းတွေမှာ ဆံပင်အတို ပုံစံလေးတွေခေတ်စားလာတာမို့ ပရိတ်သတ်ကြီးကို အရမ်း Trend ဖြစ်နေတဲ့ ဆံပင်ပုံစံလေးတွေနဲ့မိတ်ဆက်ပေးပါရစေ။
Trend ဖြစ်လာရတဲ့ အဓိကအကြောင်းအရင်းကတော့ ကိုးရီးယား ဆယ်လီမမတွေက ဆံပင်အတို ညှပ်ပြခြင်းပါပဲ။ သူမတို့ ညှပ်လိုက်တဲ့ ဆံပင်အတိုပုံစံတွေဟာ ပရိတ်သတ်တွေကြားမှာ Trend ဖြစ်သွားစေပါတယ်။ ကဲ….ဒါဆို ကိုးရီးယားမင်းသမီးလေးတွေ ညှပ်လိုက်တဲ့ ဘယ်လို ဆံပင် ပုံစံမျိုးလေးတွေက လတ်တလော ဘယ်လိုရေပန်းစားနေတယ်ဆိုတာ အတူ စီးမျောကြည့်ရှုလိုက်ကြရအောင်။
Song Hye Kyo


မြန်မာနိုင်ငံမှာ အွန်စောလို့လူသိများတဲ့ မင်းသမီး Song Hye Kyo ကတော့ Encounter ဇာတ်လမ်းတွဲ ကာရိုက်တာအတွက် ဆံပင်ညှပ်လိုက်တာဖြစ်ပါတယ်။ အွန်စော တစ်ယောက် အမြဲတမ်းနုပျိုနေပေမယ့် ဆံပင်ညှပ်လိုက်တော့အရင်ကထက်ပို နုပျိုနေတယ် မဟုတ်လား ပရိတ်သတ်ကြီးရေ။
Suzy


Suzy ကတော့ While you were sleeping ဇာတ်လမ်းတွဲအတွက် ဆံပင်ညှပ်လိုက်ရတာဖြစ်ပြီး သူမညှပ်လိုက်တဲ့ ဆံပင်ပုံစံဟာ ဆယ်ကျော်သက်ကောင်မလေးတွေကြားမှာ ရေပန်းစားသွားခဲ့ပါတယ်။
Go Jun Hee


သူမကတော့ She was Pretty ရုပ်သံဇာတ်လမ်းတွဲအတွက် ဆံပင်ပုံစံပြောင်းလိုက်တာဖြစ်ပါတယ်။ Go Jun Hee တစ်ယောက် ဆံပင်ပုံပြောင်းပြီးကတည်းက အရင်ကထက်ပိုပြီး ကြည့်ကောင်းလာတာတွေ့ရပါတယ်။
IU


IU လေးကတော့ သူမကိုယ်တိုင်ဆံပင်အတိုနဲ့နေရတာကို သိပ်သဘောကျပါတယ်တဲ့။ IU လေးရဲ့ ဆံပင်အတိုပုံစံကလဲ တစ်မျိုးလေးချစ်စရာကောင်းနေပါတယ်။
Sulli


Sulli ကတော့ To the beautiful ဒရာမာဇာတ်လမ်းတွဲရိုက်ကူးခဲ့တုန်းက ဆံပင်ညှပ်ခဲ့တာပါ။ အဲ့အချိန်တုန်းက သူမပုံစံက ချစ်စဖွယ်မှိုလုံးလေးနဲ့ တူတာကြောင့် ဒီဆံပင်ပုံလေးကလဲ ခေတ်စားခဲ့ပါသေးတယ်။
Lee Juyoung


သရုပ်ဆောင် Lee Juyoung ရဲ့ဆံပင်ပုံစံကလဲ မိန်းကလေးသိပ်မဆန်ပဲ Boyish ဘက်ရောက်တဲ့ပုံမျိုးပါ။ သူမရဲ့ ဆံပင်ပုံက cool ဖြစ်တာကြောင့် ယောင်္ကျားလေးဆန်ဆန်နေရတာကြိုက်တဲ့ ကောင်မလေးတွေ အကြိုက်ပဲဖြစ်ပါတယ်။







