ခရစ္စမတ်လက်ဆောင်အဖြစ် သူငယ်ချင်း(၁၄)ယောက်ကို ဒေါ်လာ(၁)သန်းစီပေးတဲ့ ဂျော့ခ်ျကလိုနီ
14 Dec 2017 1,534 Views

ခရစ္စမတ်လက်ဆောင်အဖြစ် ပေးတဲ့အထဲမှာ ဟောလိဝုဒ်မင်းသား ဂျော့ခ်ျကလိုနီလောက် ရက်ရောတဲ့သူ ရှိမှာမဟုတ်ဘူးလို့ သူ့ရဲ့ သူငယ်ချင်းဖြစ်သူ “ရန်ဒီဂါဘာ” (စင်ဒီကရော့ဖို့ဒ် ခင်ပွန်း) ဖြစ်သူက MSNBC show မှာ ပြောကြားခဲ့ပါတယ်။

ဂျော့ခ်ျကလိုနီဟာ သူ့ရဲ့မိတ်ဆွေ သူငယ်ချင်း (၁၄) ယောက်ကို ခရစ္စမတ်လက်ဆောင်အဖြစ် ၂၀၁၃ ခုနှစ်က ဒေါ်လာ(၁)သန်းစီ လကဆောင်ပေးခဲ့ပါတယ်။ ကလိုနီက သူငယ်ချင်းတွေကို သူ့အိမ်မှာ ညစာစားဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ သူတို့ထိုင်မယ့် စားပွဲခုံပေါ်မှာတော့ အနက်ရောင် အတာချီကေ့စ် တစ်လုံးစီ တင်ထားပါတယ်။
အားလုံးက ဘာကြီးလဲလို့ မေးခဲ့ချိန်မှာ သူက “ငါတို့တွေအားလုံး ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ကြဘူးတယ်၊ မင်းတို့ထဲက တစ်ချို့က အခုချိန်ထိ ဖြတ်သန်းနေရတုန်းပဲဆိုတာ ငါသိပါတယ်။ အခုချိန်ကစပြီး မင်းတို့ကလေးတွေအတွက် ပူစရာမလိုတော့ပါဘူး၊ အကြွေးနဲ့ဝယ်ထားတဲ့ဟာတွေ၊ အိမ်စရိတ် ကျောင်းစရိတ်တွေအတွက် မပူကြပါနဲ့တော့။ စားပွဲပေါ်ကသေတ္တာထဲမှာ ဒေါ်လာ(၁)သန်းစီ ထည့်ထားတယ်၊ အခွန်လဲ ငါဆောင်ပေးထားပြီဆိုတော့ မင်းတို့အားလုံးတွက် တစ်ယောက်စီ ဒေါ်လာ(၁)သန်းအတိအကျ ပါပါတယ်” ဟု ပြောကြားခဲ့သဖြင့် အားလုံးက အံ့သြမှင်သက်မိခဲ့ကြကြောင်း ‘ဂါဘာ’ က ပြန်ပြောခဲ့သည်။

တက္ကဆက်လေဆိပ်က အရက်ဘားတစ်ခုမှာ မိသားစုအတွက် နေ့စဉ်စက်ဘီးလေးနဲ့ အသွားအပြန်လုပ်ပြီး ဘဝကိုရုန်းကန်ခဲ့စဉ်သူ ဒီလူတွေအားလုံးက သူ့ကို အကူညီပေးစောင့်ရှောက်ခဲ့ကြသူများဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဘဝမမေ့တဲ့ ဂျော့ခ်ျကလိုနီဟာ ခရစ္စမတ်မှာ အကောင်းဆုံး လက်ဆောင်ပေးခဲ့တဲ့ အကောင်းဆုံးမိတ်ဆွေအဖြစ် သူ့သူငယ်ချင်းတွေအားလုံးရဲ့ ရင်ထဲမှာ ထာဝရရှင်သန်နေမှာဖြစ်ပါတယ်။







