BEC-TERO TV

အချစ်တော်မြွေဟောက်ကို ဓါတ်ပုံရိုက်ရာမှ သေဆုံးခဲ့တဲ့ ဆယ်ကျော်သက်လူငယ်

28 Dec 2017     1,745 Views


အင်ဒိုနီးရှားအနောက်ဖက်ပိုင်း ဂျာဗားပြည်နယ်မှ အသက် ၁၄ နှစ်အရွယ် လူငယ်လေးတစ်ဦးဟာ အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးထားသော သူ့ရဲ့အချစ်တော် မြွေဟောက်ကို ဖုန်းဖြင့် ဓါတ်ပုံရိုက်ရာမှ လက်ကို မြွေပေါက်ခံရပြီး ၁၂ နာရီအကြာမှာ သေဆုံးခဲ့ပါတယ်။


Arial ဟာ မြွေများကို မကြောက်မရွံ့ဖမ်းဆီးစုဆောင်းသည့် ကလေးတစ်ဦးအဖြစ်လူသိများပြီး အိမ်မှာတစ်ဦးတည်း ကျန်ခဲ့စဉ်မှာ မြွေကို ဖုန်းဖြင့်ဓါတ်ပုံရိုက်ရာမှ မြွေပေါက်ခံခဲ့ရသည်။ သူ၏ ဖခင်ဖြစ်သူမှာ အခြားနိုင်ငံတွင် အလုပ်သွားလုပ်နေပြီး မိခင်ဖြစ်သူ ဈေးသွားနေခိုက်မှာ ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။


မြွေကိုက်ခံရပြီးပြီးခြင်း သူ့ရဲ့ဒဏ်ရာကို ဖိနပ်ကြိုးနဲ့ချည်ပြီး မြွေဆိပ်မပြန့်အောင် လုပ်ထားတာကို ဓါတ်ပုံရိုက်ကာ WhatsApp အပလီကေးရှင်းမှတစ်ဆင့် သူ့ရဲ့ သူငယ်ချင်းတွေကို မက်ဆေ့ပေးပို့ခဲ့ပါတယ်။ ဘယ်သူမှ ရောက်မလာတဲ့အဆုံးမှာ “ငါ့ကိုတစ်ကယ်ခင်ရင် ဆေးရုံလာပို့ပေးကြပါ” လို့ နောက်ထပ်တစ်ခါ ရေးသားခဲ့ပါတယ်။


ဒါပေမယ့် သူ့ကိုတွေ့တဲ့အချိန်မှာတော့ သေဆုံးနေခဲ့ပြီဖြစ်ပါတယ်။  Arial ဟာ အန္တရာယ်ရှိတဲ့ အလုပ်တွေ လုပ်ရတာဝါဿနာထုံသူဖြစ်ပြီး သူ့ဆီမှာ အဆိပ်ပြင်းတဲ့ မြွေတွေစုဆောင်းထားတာ ဒါဇင်ကျော်မျှရှိကြောင်း မိခင်ဖြစ်သူက ပြောပြခဲ့သည်။
 


28 Dec 2017     1,745 Views




RELATED

Most Popular of Special or Others

Most Popular of JOB