BEC-TERO TV

ဆူရှီစာသုံးသူ၏ ဗိုက်ထဲမှ ၅ ပေကျော်ရှည်သော တုတ်ပြားကောင်များ ဆွဲထုတ်ခဲ့ရ

19 Jan 2018     1,790 Views


ကယ်လီဖိုးနီးယားတွင်နေထိုင်သော ဆူရှီအလွန်ကြိုက်သည့် အမျိုးသားတစ်ဦးမှာ နေ့စဉ်ဆူရှီစာသုံးပြီး နောက်ဆုံးမှာ ၅ ပေခန့်ရှည်လျားသည့် တုတ်ပြားကောင်များ သူ၏ခန္ဓာကိုယ်ထဲတွင် ရှင်သန်နေထိုင်နေကြောင်း တွေ့ရှိခဲ့သည်။

ဖောက်စ်သတင်းဌါန၏ ဖော်ပြချက်အရ အဆိုပါအမျိုးသားဟာ သွေးဝမ်းပါတဲ့အတွက် ဆေးရုံကို အရေးပေါ်ရောက်ရှိလာပြီး စစ်ဆေးကြည့်ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဆရာဝန်များက ပြောဆိုခဲ့သည်။
 
ဆွဲထုတ်လိုက်သော တုတ်ပြားကောင်ဟာ ရှည်လျားတာကြောင့် အိမ်သာသုံးစက္ကူမှာ ရစ်ပတ်ဆွဲယူခဲ့ရာ ၅ ပေခွဲခန့်ရှည်လျားကြောင်း အံ့အားသင့်စွာတွေ့ရှိခဲ့ကြရသည်။ သို့တိုင် လူနာ၏ ခန္ဓာကိုယ်ထဲတွင် တုတ်ပြားကောင်းများ ရှိနေသေးသည့်အတွက် ထွက်ကျလာစေရန် ဆေးကုသမှုခံယူခဲ့ရသည်။

ကူးစက်ရောဂါကာကွယ်တာဆီးရေးစင်တာ၏ အဆိုအရ အလက်စကားကမ်းရိုးတန်းမှ ဖမ်းဆီးရမိသော ဆယ်လမွန်ငါးများတွင် တုတ်ပြားကောင်များ ပါလာတတ်သဖြင့် သတိထားပြီးစာသောက်ဖို့လိုကြောင်း ပြောဆိုခဲ့သည်။


19 Jan 2018     1,790 Views




RELATED

Most Popular of Special or Others

Most Popular of JOB