BEC-TERO TV

အသင်းဖော် အဂွဲရိုကို ချီးကျူးလိုက်တဲ့ ဘာနန်ဒို ဆေးလ်ဗား

01 Oct 2018     1,297 Views


မန်စီးတီးကစားသမား ဘာနာဒို ဆေးလ်ဗားက “ အသင်းဖော် တိုက်စစ်မှူး အဂွဲရို နှင့်ပါတ်သတ်ပြီး သူက Legend တစ်ယောက်ပါ ၊ မန်စီးတီးအသင်းမှာ တင်မဟုတ်ဘဲ ပရီးမီယားလိဂ် ရဲ့ Legned တစ်ယောက်ပါ ၊ သူဟာ တစ်ရာသီကို အနည်းဆုံး သွင်ဂိုး ၃၀ အထိ သွင်းယူနိုင်တဲ့ကစားသမားပါ၊ အဲလို့ သွင်းနိုင်ဖို့လည်း ကျွန်တော်တို့ သူကို အကူအညီ ပေးသွားမှာပါ ၊ နောက်ပြီး ပရီးမီယားလိဂ် ရဲ့ ကောင်းဆုံးတိုက်စစ်မှူးလို့” ချီးကျူးသွားခဲ့ပါတယ်။.အဂွဲရို က မန်စီးတီးအသင်းအတွက် ၁၄၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဟော့ဖန်ဟိန်း VS  မန်စီးတီး (အင်္ဂါ ည  ၁၁ : ၂၅ မိနစ်)

မနက်ဖြန် ည ၁၁း ၂၅ မိနစ်မှာ  မန်စီးတီးအသင်းဟာ ဟောဖန့်ဟိန်း အသင်းကို  အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မဖြစ်မနေ အနိုင်ကစားဖို့လိုအပ်နေတာ့ဖြစ်ပါတယ်။ ချန်ပီယံလိဂ် အုပ်စု (F) ပွဲစဉ်(၁)မှာတော့ မန်စီးတီး အသင်းဟာ ပြင်သစ် ကလပ် လိုင်ယွန်အသင်းကို အိမ်ကွင်းမှာ ၂ - ၁ နှင့်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဟောဖန့်ဟိန်း အသင်းနှင့်  ရှက်တာဒိုးနက်အသင်းက သရေကျထားပြီး အဆင့် ၂ နေရာမှာရှိနေပြီး မန်စီးတီး က အဆင့် ၄ နေရော မှာရှိနေပါတယ်။ ယခုတွေ့ဆုံမဲ့ ဂျာမန် ကလပ် ဟာဖန့်ဟိန်း အသင်းနှင့် မန်စီးအသင်း တို့က  ချန်ပီယံလိဂ်သမိုင်း မှာ Head to Head တွေ့ဆုံးဖူးထားခြင်းမရှိဘဲ ပထမဆုံးအနေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

 

 

 


01 Oct 2018     1,297 Views




RELATED

Most Popular of Football

Most Popular of JOB