BEC-TERO TV

ဆုံနိုင်ခွင့် Live & Exclusive Show

03 Feb 2016     1,448 Views


ဆယ်စုနှစ် (၂)ခုအတွင်းက အရမ်းကိုအောင်မြင်မှုတွေရရှိခဲ့တဲ့ “အဲလက်(စ်)” နဲ့ “ထွန်းအိန္ဒြာဗို” တို့ရဲ့ “ဆုံနိုင်ခွင့်” တေးစီးရီးထဲက သီချင်းတွေကို ယခုအချိန်မှာကိုယ်တိုင်တိုက်ရိုက်ကြည့်ရှုခံစားနိုင်ဖို့အတွက် Inspire Myanmar Media & Entertainment ကနေပြီးတော့ ပွဲလေးတစ်ပွဲစီစဉ်ထားပါတယ်။ ထိုပွဲလေးကို “Live & Exclusive”လို့ နာမည်ပေးထားပြီးတော့ ချစ်သူများနေ့အကြိုဖေဖေါ်ဝါရီလ(၁၂)ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ထိုပွဲမှာ “အဲလက်(စ်)” နဲ့ “ထွန်းအိန္ဒြာဗို” တို့က “ဆုံနိုင်ခွင့်” တေးစီးရီးထဲကသီးချင်းများကို ပြန်လည်သီဆိုဖျော်ဖြေသွားမှာဖြစ်ပါတယ်။။ ဖျော်ဖြေပွဲကျင်းပမယ့်နေ့ က ဖေဖေါ်ဝါရီလ (၁၂)ရက်ဆိုတော့ Valentine Day ရဲ့ အကြိုဖြစ်တဲ့အတွက် Valentine Day ရဲ့ အငွေ့သက်တွေအများဆုံးပါဝင်ပြီး လာကြည့်မယ့် ပရိသတ်တွေကို Valentine Day အကြိုရင်ခုန်ခွင့်ရနိုင်ဖို့ ရည်ရွယ်ပြီး ဒီပွဲကြီးကို စီစဉ်ခဲ့တာဖြစ်ပါတယ်။


03 Feb 2016     1,448 Views




RELATED

Most Popular of Concerts & Events

Most Popular of Entertainment