မိနစ်ပိုင်းအတွင်း ရောင်းကုန်သွားတဲ့ Kanye West ရဲ့ ဖက်ရှင်ပြပွဲလက်မှတ်
09 Feb 2016 2,234 Views

မိနစ်ပိုင်းအတွင်း ရောင်းကုန်သွားတဲ့ Kanye West ရဲ့ ဖက်ရှင်ပြပွဲလက်မှတ်
အမေရိကန် အဆိုတော် Kanye West ၏ ဖက်ရှင်ပြပွဲလက်မှတ်များသည် စတင်ရောင်းချသည့် ၁၀ မိနစ်အတွင်း မှာပင် ရောင်းကုန်ခဲ့သည်။ Rapper Kaney West ၏ Yeezy Season 3 ဖက်ရှင်ပြပွဲကို ဖေဖော်ဝါရီ 11 ရက်တွင် နယူးယောက်မြို့ မက်ဒီဆင်ရင်ပြင်၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။ ပရိသတ်များသည် ကန်နီးဝက်စ်၏ အဝတ်အထည် ဒီဇိုင်း သစ်များကို ကြည့်ရှုရန်နှင့် တေးသီချင်းသစ်ကို နားထောင် ရန် စိတ်အားထက်သန်သောကြောင့် လက်မှတ်စတင်ရောင်းချ သည့် ၁၀ မိနစ်အတွင်းမှာပင် လက်မှတ်အားလုံး ရောင်းကုန်စေ ခဲ့သည်။
‘‘ကျေးဇူးအများကြီးတင်ပါတယ်။ ၁၀ မိနစ်အတွင်းမှာပဲ ဖက်ရှင်ပြပွဲလက်မှတ်အားလုံး ရောင်းကုန်သွားခဲ့တယ်’’ဟု ကန် နီးဝက်စ်က တွစ်တာစာမျက်နှာ မှတစ်ဆင့် ပြောသည်။ ယင်းလက်မှတ်များကို မရောင်းချမီ ကန်နီးဝက်စ်က ‘‘မက်ဒီဆင်ရင်ပြင်မှာ ကျွန်တော့်ရဲ့ အဝတ်အထည်တွေကို ပြသဖို့ အမြဲအိပ်မက်ခဲ့ပါတယ်။ မက်ဒီဆင်ရင်ပြင်မှာ သီချင်းသစ်မိတ် ဆက်ပွဲလုပ်ဖို့ အမြဲအိပ်မက်မက်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်မှာ ဒီစိတ်ကူးအိပ်မက်တွေ အားလုံး အကောင်အထည်ပေါ်လာပါ တော့မယ်’’ဟု တွစ်တာစာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့ ပါတယ်။







