BEC-TERO TV

ပုဂ္ဂိုလ်ရေးစော်ကားခဲ့တဲ့ ဖီလစ်ပိုင်သမ္မတ နှင့် အိုဘားမား ခတ္တခဏတွေ့ဆုံခဲ့

08 Sep 2016     1,596 Views


စက်တင်ဘာလ ၁၀ ရက်၊ လာအိုနိုင်ငံမှာ ပြုလုပ်တဲ့ ဒေသတွင်းထိပ်သီးခေါင်းဆောင်များနဲ့ အစည်းဝေးပွဲအပြီးမှာ အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးနဲ့ ခဏတစ်ဖြုတ် တွေ့ဆုံခဲ့တယ်လို့ နှစ်နိုင်ငံအစိုးရဆီက သတင်းရရှိပါတယ်။ မီးတုတ်နိုင်ငံရေးသမားလို့ တံဆိပ်ကပ်ခံရတဲ့ ရော်ဒရီဂို ဒူတာတေး ရဲ့ မကြာသေးမီရက်ပိုင်းက ဘားရက်အိုဘားမားကို "မိန်းမပျက်သား" လို့ ပုဂ္ဂိုလ်ရေးစော်ကားခဲ့တာကြောင့် နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမယ့် အစီစဉ်ပျက်သွားခဲ့ရပါတယ်။
 
"သူတို့နှစ်ယောက် အစည်းဝေးခန်းမထဲမှာပဲ တွေ့ကြတာပါ၊ အစည်းဝေးခန်းမထဲက နောက်ဆုံးထွက်လာတာ သူတို့ နှစ်ယောက်ပါပဲ၊ ဒါပေမယ့် သူတို့ ဘယ်လောက်ကြာကြာ တွေ့ဆုံခဲ့ကြလဲဆိုတာတော့ မပြောတတ်ပါဘူး" ဟု ဒူတာတေးနဲ့ အတူလိုက်ပါလာတဲ့ နိုင်ငံခြားရေး အတွင်းရေးမှူး ပါဖက်တိုရာဆေး က ပြောပါတယ်။ ဆက်လက်ပြီး သူက အဲ့ဒီအတွက် အရမ်းလည်း ဝမ်းမြောက်ပါတယ် လို့ ဆိုပါတယ်။
 
အိမ်ဖြူတော်က သတင်းမှာတော့ အိုဘားမားက ဒူတာတေးနဲ့ အာစီယမ်ညစာစားပွဲ မတိုင်မီမှာ အတိုချုံးလေး ဆွေးနွေးခဲ့တာပါ လို့ ထုတ်ပြန်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးက သတင်းမီဒီယာတွေကတော့ သူတို့နှစ်ဦးရဲ့ အခိုက်အတန့် တွေ့ဆုံမှူလေးအပေါ် စိတ်ဝင်စားနေကြပြီး အဲစည်တွေ့ဆုံမှုကနေ ရလာဒ်ကောင်း တစ်စုံတစ်ရာများ ထွက်ပေါ်လာမလားဆိုတာကို စောင့်မျှော်နေကြဆဲဖြစ်ပါသည်။
 
 
Ref: CNA

08 Sep 2016     1,596 Views




RELATED

Most Popular of International News

Most Popular of NEWS