နှစ်သစ်ကူးည အိုင်စီအဖွဲ့ ဖျော်ဖြေမှု အခမဲ့ကြည့်ရှုခွင့်ရမည်
06 Dec 2016 2,110 Views

၂၀၁၆ ခုနှစ် (၃၁)ရက် နှစ်သစ်ကူးညတွင် Iron Cross (အိုင်စီ)တေးဂီတအဖွဲ့၏ အခမဲ့ဖျော်ဖြေပွဲကို ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရုပ်သံလိုင်းများမှပါ တိုက်ရိုက်တင်ဆက်ပြသသွားမည်ဖြစ်ကြောင်း We Love IC Fans အဖွဲ့မှ သတင်းရရှိသည်။

အိုင်စီတေးဂီတအဖွဲ့၏ အမာခံအဆိုတော်များဖြစ်ကြသည့် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်းတို့က သိဆိုဖျော်ဖြေသွားမည်ဖြစ်သည်။ နှစ်သစ်ကူးည ဖျော်ဖြေပွဲသည် အိုင်စီအဖွဲ့၏ ၂၀၁၆ ခုနှစ်အတွက် အပိတ်ပွဲဖြစ်ကြောင်း သိရှိရသည်။ ပုံမှန်အားဖြင့် အိုင်စီအဖွဲ့၏ ဂီတဖျော်ဖြေမှုများကို ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်ပြသခွင့်ကို အဖွဲ့မှခွင်မပြုသော်လည်း ယခုလာမည့် နှစ်သစ်ကူး ဖျော်ဖြေပွဲကိုတော့ ရုပ်သံလိုင်းများတွင်ပါ တိုက်ရိုက်ထုတ်လွှင့်ပြသခွင့်ပြုခဲ့ခြင်းဖြစ်သည်။
Photo:WeLoveIC