BEC-TERO TV

မိန်းကလေးကို ခြေတော်တင်ခံရတယ်လို့ ပြောကြတာ ဘယ်လိုမျိုးလဲ....?

12 Jul 2017     1,719 Views


ခြေတော်တင်ခံရခြင်း ။ ။

စကားလုံးများ၏ရင်းမြစ်​(၁)

မင်းတုန်းမင်းတြားကြီးတွင်
မိဖုရား၊ ​မောင်းမ၊ မိဿ ကိုယ်​လုပ်​​တော်
၁၉၆ ပါး ရှိ​တော်​မူသတတ်​။

ည​နေတိုင်​လျှင်
အ​ဆောင်​ရ နန်းရ မိဖုရားများမှတစ်​ပါး

အခြား
ကိုယ်​လက်​ သန့်​ရှင်းကုန်​​သော ​​မောင်းမ၊ မိဿံ
ကိုယ်​လုပ်​​တော်​ တို့သည်
နန်း​တော်​ ​လေသာ​ဆောင်​၌ ​နေ၍
မင်းကြီးအား ခစား ၀င်​ကြရ​လေသတတ်​။

မောင်းမ၊ မိဿ ကိုယ်​လုပ်​​တော်​တို့သည်​ ဒူးတုတ်​၍
ပျပျဝပ်​တွား ခစား ကြရ​လေ သတတ်​။

မင်းကြီးသည်​ မည်​သည့်​အတွက်​​ကြောင့်​ မသိ။
လေသာ​ဆောင်​သို့ အ​နောက်​​လှေကားမှ တက်​၏။

ထို့​ကြောင့်​လည်း
ပျပျဝပ်​တွား​နေ​သော မိန်းမ အ​ပေါင်း
တို့ကို ​နောက်​ကသာ မြင်​ရ​လေ၏။

မင်းကြီးသည်
မိန်းမများကြား လမ်း​လျှောက်​ပြီးလျှင်
မိန်းမ တစ်​ဦး၏ ​ကျော အ​ပေါ်သို့ ညာ​ခြေ​တော်​ကို 
မြှောက်​လျက်​ ညင်​သာစွာ တင်​​တော်​မူ၏။

ထို အတင်​ခံရ​သော
မိန်းမသည်​ မင်းကြီးအား ​မော်​ဖူးခွင့်​ မရ​လေဘဲ
ဝပ်​တွားမပျက်​ ​နောက်​သို့ တ​ရွေ့ရွေ့ဆုတ်​ကာ
စက်​ရာခန်းသို့ ၀င်​၍
မင်းကြီးအား ​..
ပြု စုရန်​ ​စောင့်​ရ​လေသတတ်​။

ဤသည်​ကိုပင်​...
ယ​နေ့​ခေတ်​ အခါ၌ အမျိုးသမီးများ အဓမ္မပြုကျင့်​ခံရ
သည်​ ရှိ​သော်​...

မည်​သူ​တော့ဖြင့်​ ​ခြေ​တော်​တင်​ ခံလိုက်​ရသည်
ဟု ​ပြောဆို သုံးနှုန်းကြ​လေ၏။

နှောင်းလူတို့ မှတ်​သားကြကုန်​​လော့...။

Source:ကိုဂလက်ဇီ


12 Jul 2017     1,719 Views




RELATED

Most Popular of Special or Others

Most Popular of Life Style