BEC-TERO TV

ချစ်သူက သင့်ကိုတစ်ကယ်ချစ်ရဲ့လား၊ အသုံးချရုံသက်သက်ပဲလားဆိုတာ သိစေနိုင်တဲ့အချက် (၁၂) ချက်

13 Jul 2017     1,561 Views


ချစ်သူသက်တမ်း ဘယ်လောက်ပဲကြာကြာ၊ တစ်ယောက်နဲ့တစ်ယောက် နှစ်ကိုယ်ကြား ရင်းနှီးမှုတွေ ဘယ်လောက်ပင်ရှိသော်ငြားလည်း ဒါကိုကြည့်ပြီး သူကိုယ့်ကို တစ်ကယ်ချစ်တာပဲလို့ အပိုင်ယုံကြည်လို့ မရပါဘူး။
တစ်ခါတစ်ရံ တွဲရတာအဆင်ပြေလို့ဆိုတဲ့ သဘောထားနဲ့ တွဲနေရင်းနဲ့ သက်တမ်းကြာသွားတာ၊ အတူနေကြတဲ့ထိ ရင်းနှီးသွားတာတွေ ရှိတတ်ပါတယ်။ အဆုံးတစ်နေ့မှာ သူဟာကိုယ့်ကို တစ်ကယ်မချစ်ခဲ့သူ ဖြစ်နေခဲ့ရင် မိန်းကလေးတွေအနေနဲ့ နစ်နာစရာများလွန်းပါတယ်။
 
ဒီတော့ ကိုယ့်ရဲ့ချစ်သူဟာ ကိုယ့်အပေါ်မှာ တစ်ကယ်ချစ်တာလား၊ အဖြည့်ခံအဖြစ် အသုံးချရုံသက်သက်ပဲလားဆိုတာ ဖော်ပြပါ အချက်တွေနဲ့ တိုက်ဆိုင် စစ်ဆေးကြည့်လိုက်ပါ။ သေချာတဲ့ အဖြေတစ်ခုတော့ ရလာမှာ မလွဲပါဘူး။
 
၁။ စိတ်ခံစားချက်တွေကို ဘယ်တော့မှ ဖွင့်ဟလေ့မရှိသူ
ယောကျ်ားဆိုတာ မျက်ရည်ကျခဲပါတယ်။ သို့သော် လူထဲကလူတစ်ယောက်မို့ ရင်ထဲက ခံစားချက်ပြင်းထန်လာတဲ့အခါ မျက်ရည်ကျတတ်သူတွေဖြစ်ပါတယ်။ အဲဒီလို ခံစားချက်မျိုးကို သူ့ဘဝအတွက် အရေးကြီးတဲ့သူတွေရှေ့မှာပဲ ချပြတတ်တယ်။
 
၂။ သာယာမှုကိုလိုချင်မှ အနားကပ်တတ်သူ
ကိုယ့်ရဲ့ အဖော်ဟာ နှစ်ကိုယ်ကြား သာယာမှုကို လိုချင်မှ ကိုယ့်အနားကို ကပ်လာပြီး ကျန်တဲ့အချိန်တွေမှာ ဖာသိဖာသာနေတတ်ပါတယ်။
 
၃။ အဆက်ဟောင်းတွေနဲ့ အဆက်အသွယ်ရှိသူ
ယောကျ်ားတစ်ယောက်ဟာ ကိုယ်နဲ့တွဲနေပေမယ့် သူ့အရင်က ချစ်သူအဆက်ဟောင်းတွေနဲ့ အဆက်အသွယ် ရှိနေတုန်းဆိုရင် သတိထားပါ။ ကိုယ်နဲ့ အဆင်မပြေတော့ရင် အချိန်မရွေးသွားနိုင်ဖို့ အရံရင်ခွင်တွေ ပြင်ဆင်ထားတာဖြစ်တတ်ပါတယ်။
 
၄။ သူစိမ်းတစ်ယောက်လို ခံစားနေရခြင်း
သူ ကိုယ့်အနားရှိနေပေမယ့် ကိုယ့်စိတ်ထဲမှာ ရင်းနှီးနွေးထွေးတယ်လို့ မခံစားရတော့တဲ့အခါ ပြဿနာရှိနေပါပြီ။
 
 
၅။ ကိုယ့်ကို အပေါ်ယံသာနားလည်ခြင်း
တွဲသွားတွဲလာ လုပ်နေတာ ကြာပြီဆိုပေမယ့်လည်း သူ့ဘက်က ကိုယ့်အပေါ် ခရေစေ့တွင်းကျ နားလည်အောင် ကြိုးစားအားထုတ်မှုမရှိပဲ အပေါ်ယံ သဘောလောက်သာ သိနေသေးရင်။
 
၆။ ပြဿနာတွေကနေ အမြဲရှောင်ထွက်တတ်သူ
နှစ်ဦးကြား အခန့်မသင့်လို့ ပြဿနာတွေ ဖြစ်ကြတဲ့အခါ တစ်ကယ်ချစ်တဲ့ ယောကျ်ားလေးက ကိုယ့်ချစ်သူ အထင်လွဲမှာ၊ စွန့်ပစ်သွားမှာ အကြောက်ဆုံးဖြစ်တဲ့အတွက် ဘယ်တော့မှ ရောင်ထွက်မသွားပဲ ကြေလည်တဲ့ထိ ရှင်းလေ့ရှိပါတယ်။ ဒါပေမယ့် ပြဿနာဖြစ်တိုင်း အာရုံနောက်တယ်ကွာ၊ ပြီးတော့လဲ ပြီးသွားမှာပဲဆိုတဲ့ သဘောမျိုးနဲ့ လှည့်ထွက်သွားတတ်သူဆိုရင်တော့ ကိုယ်ဟာ သူ့စိတ်ထဲမှာ ဘာမှအရေးမပါတဲ့လူတစ်ယောက် ဖြစ်နေပြီဆိုတာ သိလိုက်ပါတော့။
 
၇။ ချစ်သူဘဝ ရှေ့ရေးအတွက် မပြင်ဆင်သူ
တွဲလာတဲ့ ချစ်သူသက်တမ်း မည်မျှပင်ကြာကြာ နှစ်ဦးသားဘဝရှေ့ရေးအတွက် ဘာအစီစဉ်မှ ရှိမနေဘူးဆိုရင် ကိုယ်နဲ့ ပြတ်သွားလည်း ဂရုမစိုက်ဘူးဆိုတဲ့ လက္ခဏာဖြစ်ပါတယ်။
 
၈။ ကိုယ်နဲ့ ဆိုင်တယ်လို့တောင် မထင်သူ
 ချစ်သူစုံတွဲတွေ ဖြစ်နေကြပေမယ့် ချစ်တာကို မပြသလို ကာကွယ်စောင့်ရှောက်ဖို့ကိုလည်း ပျက်ကွက်နေတတ်သူမျိုးဖြစ်ပါတယ်။
 
၉။ သူငယ်ချင်းတွေကိုသာ အချိန်ပေးတတ်သူ
သူငယ်ချင်းတွေနဲ့ ယှဉ်လိုက်တဲ့အခါတိုင်း သူ့သူငယ်ချင်းတွေကိုသာ အချိန်ပေးတတ်တဲ့ သူမျိုးဖြစ်နေမယ်ဆိုရင်။
 
၁၀။ ရင်းနှီးမြုတ်နှံမှုမရှိသူ
ကိုယ်နဲ့ပက်သက်ပြီး သူ့ဘက်က ဘယ်လိုကြိုးစားအားထုတ်မှု လုံးဝမရှိသူမျိုး၊ နှစ်ယောက်သား အတူရှိနေချိန်မှာ ပျင်းရိသလိုလို၊ စိတ်မပါသလိုမျိုး ဖြစ်နေပြီဆိုရင်တော့။
 
၁၁။ သူ့ရဲ့ အသိုင်းအဝိုင်းနဲ့ မဆုံပေးသူ
တစ်ကယ်ချစ်တဲ့ ယောကျ်ားလေးတစ်ယောက်ဟာ ချစ်သူကို သူ့ရဲ့ မိဘဆွေမျိုး အသိုင်းအဝိုင်းတွေနဲ့ မိတ်ဆက်ပေးလေ့ ဆုံပေးလေ့ရှိပါတယ်။ အဲဒီလိုမျိုးတွေ မလုပ်ဘူးဆိုရင်တော့ ဒါဟာအချိန်မရွေး ရှောင်ထွက်နိုင်တယ်ဆိုတဲ့ သဘောသက်ရောက်ပါတယ်။
 
၁၂။ အဆိုးတွေပဲခံစားလာရချိန်
သူဟာ ကိုယ့်ကို ထူးခြားတဲ့ ခံစားမှုတွေ မပေးစွမ်းသူ၊ ပျော်ရွှင်မှုတွေ မသယ်ဆောင်လာနိုင်သူ။
 
လက်ရှိမှာ ကိုယ်နဲ့ တွဲနေတဲ့သူဟာ အထက်ပါအချက်တွေထဲက အချက်အတော်များများနဲ့ ငြိစွန်းနေပြီဆိုရင်တော့ မိန်းကလေး မင်းစဉ်းစားသင့်ပြီလို့ အကြံပြုလိုက်ပါရစေ။
 
 

13 Jul 2017     1,561 Views




RELATED

Most Popular of Special or Others

Most Popular of Life Style