BEC-TERO TV

အင်စတာဂရမ်မှာ ဓါတ်ပုံလေးတွေတင်ရုံနဲ့ တစ်နှစ်လျှင် သိန်းနှစ်ထောင်ကျော် ဝင်ငွေရနေသူ

07 Aug 2017     1,321 Views


အသက် ၂၅ နှစ်အရွယ် အမေရိကန်နိုင်က အဘီဂေးလ် ရတ်ခ်ျဖိုဒ့် ဆိုသူ အမျိုးသမီးတစ်ဦးဟာ သူရဲ့ လူမှုကွန်ယက် အင်စတာဂရမ်မှာ နေ့စဉ်သူမရဲ့ ဓါတ်ပုံလေးတွေ တင်ပေးနေရုံနဲ့ တစ်နှစ်ကို စတာလင်ပေါင် ၁၃၀,၀၀၀ (ကျပ်သိန်း နှစ်ထောင့်သုံးရာကျော်) ဝင်ငွေရနေသူဖြစ်ပါတယ်။


 ယခင်ကသူမဟာ ဥပဒေရေးရာတတ်ကျွမ်းသူ၊ အတွင်းရေးမှူး၊ အရက်ဆိုင်အဖျော်ဆရာ စတဲ့အလုပ် ၃ ခုကို တစ်ပြိုင်တည်း လုပ်ကိုင်ခဲ့ပေမယ့် ဝင်ငွေက သူမရပ်တည်နေနိုင်တယ်ဆိုရုံလေးသာ ရခဲ့တာဖြစ်ပါတယ်။
သူမဟာ လှပသူဖြစ်တဲ့အတွက် သူမရဲ့ အင်စတာဂရမ်မှာ ဖော်လိုဝါတွေ များပြားလာအောင် ရည်ရွယ်ပြီး ပုရိသတွေကို ဆွဲဆောင်နိုင်တဲ့ မလုံ့တစ်လုံ ဘီကနီပုံလေးတွေကို တင်ခဲ့ရာမှ နောက်ပိုင်းမှာ ဒီလိုလုပ်ခြင်းဖြင့် သူမအတွက် အိမ်မှာနေရင်း ဝင်ငွေတွေ အများကြီ:ရလာတဲ့ နည်းလမ်းဆိုတာကို သိသွားခဲ့ပါတယ်။


ကုန်ပစ္စည်းတွေကောင်းကြောင်း သူမကထောက်ခံချက်ပေးဖို့ အလုပ်ကမ်းလှမ်းမှုတွေ စတင်ရရှိလာပြီးနောက် ဆက်တိုက်ဆိုသလို ထုတ်ကုန်ပိုင်ရှင်တွေက သူတို့ရဲ့ပစ္စည်း ရောင်းအားတက်လာအောင် သူမနဲ့ ဆက်သွယ် အလုပ်လုပ်ခဲ့ကြပါတယ်။

၂၀၁၃ ခုနှစ်က သူမနဲ့ရင်းနှီးတဲ့ ဓါတ်ပုံဆရာတစ်ဦးက သူကို ရေကူးဝတ်စုံ အလှမယ်လုပ်ရန် တိုက်တွန်းခဲ့ပြီး ဓါတ်ပုံစရိုက်ခဲ့ရာမှ သူမဟာ မော်ဒယ်လမ်းကြောင်းထဲ ရောက်လာခဲ့သူဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူမရဲ့ ဓါတ်ပုံတွေ အားကစားမဂ္ဂဇင်းတွေမှာ ဖော်ပြခံရပြီး ချက်ချင်းဆိုသလို သူမရဲ့ အင်စတာဂရမ်မှာ ဖော်လိုဝါ ၂၀,၀၀၀ မြန်မြန်ဆန်ဆန်ပဲ ပြည့်ခဲ့ပါတယ်။


သူမဟာ ပစ္စည်းထုတ်လုပ်သူတွေဆီက ဝင်ငွေမရသေးခင်မှာ သူမရဲ့ ဖော်လိုဝါတွေကို လက်မှတ်ထိုးထားတဲ့ ဓါတ်ပုံတွေ အွန်လိုင်းက ရောင်းချရာမှ တစ်ပတ်လျှင် ပုံ ၁၀၀ လောက်ရောင်းမှ ဒေါ်လာ ၃၀ လောက်ပဲ ရခဲ့ပါတယ်။

ဒီလိုနဲ့ အလုပ် ၃ ခုလုပ်ရင်း ပုံမှန်အတိုင်း ဘီကနီပုံတွေ၊ မပေါ်တစ်ပေါ်ပုံလေးတွေ မှန်မှန်တင်လာရင်းကနေ ခုနှစ်လလောက်ကြာတဲ့အခါ သူမရဲ့ ဖော်လိုဝါက တစ်သိန်းကျော်ရှိလာပါတယ်။
၂၀၁၄ ခုနှစ်မှာ ဒေါ်လာ ၁ သောင်းလောက် စုမိခဲ့ပြီ:နောက် လုပ်ငန်းရှင်တွေနဲ့ ချိပ်ဆက်ဖို့ လော့စ်အိန်းဂျလိစ် ကို ထွက်လာခဲ့ပါတယ်။ သူမဟာ မော်ဒယ်တစ်ဦးဖြစ်သူ ကိတ်အပ်တွန် ကိုအားကျပြီး သူမရဲ့ လုပ်ပုံကိုင်ပုံတွေအတိုင်း လိုက်လုပ်ခဲ့တာလို့ဆိုပါတယ်။


ဖော်လိုဝါ တစ်သန်းပြည့်တိုင်း သူမတင်တဲ့ ပိုစ့်တစ်ခုအတွက် ဒေါ်လာ ၁,၅၀၀ ရမယ်ဆိုပြီး လုပ်ငန်း စတင်ခဲ့ပါတယ်။ အခုဆိုရင် သူမမှာ ဖော်လိုဝါ ၈ သန်းကျော်ရှိနေပြီး ပိုစ့်တစ်ခုတင်တိုင်း ဒေါ်လာ ၆,၀၀၀ ရရှိနေပါပြီ။  ပြီ:ခဲ့တဲ့နှစ်က သူမနဲ့ အလုပ်လုပ်ကိုင်တဲ့ ကုမ္ပဏီ ၁၂ ခုလောက်ရှိခဲ့ပြီး အလှကုန်၊ ကျန်းမာရေး၊ ဖက်ရှင် စတဲ့လုပ်ငန်းတွေ ပါဝင်ပါတယ်။


သူမဟာ အသက် ၃၅ နှစ်လောက်မှာ အိမ်ထောင်ပြုဖို့ရည်ရွယ်ထားပြီး အဲ့ဒီနောက်မှာတော့ ဒီအလုပ်တွေ ဆက်လုပ်မှာ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့်မို့ လက်ရှိမှာ ရသလောက် ကြိုးစားနေတာဖြစ်ပါတယ်။


မြန်မာပြည်က ဆယ်လီဖြစ်ချင်သူတွေလဲ အလကားမူးတင်း ကိုယ့်ဟာကိုယ် ဖော်ပြီး ကြော်ငြာနေမယ့်အစား သူမလို လိမ္မာပါးနပ်စွာနဲ့ စီးပွားရှာနိုင်တဲ့ အတွေးအမြင်မျိုးရအောင် ရည်ရွယ်၍ ဖော်ပြပေးလိုက်ရပါတယ်။
 


07 Aug 2017     1,321 Views




RELATED

Most Popular of Special or Others

Most Popular of Life Style