BEC-TERO TV

အဆီများပြီး ဗိုက်ပူခြင်းရောဂါအကြောင်းသိကောင်းစရာ

10 Jun 2015     1,495 Views


အဆီများပြီး ဗိုက်ပူခြင်းရောဂါအကြောင်းသိကောင်းစရာ

ဒီရောဂါကရောဂါအစုအဝေးတစ်ခုဖြစ်ပါတယ်။သွေးဖိအားများလာတယ်၊သွေးချိုဓာတ်တွေများလာတယ်။သွေးထဲမှာ မကောင်းတဲ့အဆီဓာတ်တွေများလာတဲ့အခါ ဖြစ်ပေါ်လာတဲ့ရောဂါအစုအဝေးတစ်ခုပါ။အဲ့လိုဟာတွေများ လာပြီဆိုရင် သွေးတိုးရောဂါ ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ တွေဖြစ်တက်ပါတယ်။အခုခေတ်မှာဆိုရင် ဆီးချို၊ သွေးတိုး၊ နှလုံး၊ အဝလွန်တာတွေကို အများဆုံးတွေ့ရှိရပါတယ်။
 
ခါးမှာအဆီတွေပိုများလာမယ်၊ အဝလွန်လာမယ်၊သွေးပေါင်ချိန်တက်လာမယ်၊သွေးချိုတက်လာမယ် စတာတွေကိုအများစုတွေ့ရှိရပါတယ်။ မိသားစုထဲမှာဝတဲ့မျိုးရိုးရှိတာ၊မိသားစုထဲမှာနှလုံးရောဂါ ၊ သွေးတိုးရောဂါ ရှိတဲ့သူတွေကလည်းဒီရာဂါရှိဖို့အခွင့် အလမ်းများပါတယ်။အဆီအစိမ့်၊ အချို၊ အငန် စားလွန်းတဲ့သူတွေ မှာလည်းဒီရောဂါဖြစ်ဖို့အခွင့်အလမ်းတွေများ ပါတယ်။နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ သွေးချိုရောဂါ ၊ဆီးချိုရောဂါ၊ သွေးတိုးရောဂါ ၊ နှလုံးသွေးကြောကျည်း ရောဂါတွေ ဖြစ်လာနို်င်ပါတယ်။
 
လေဖြတ်တဲ့အထိဖြစ်သွားနိုင်ပါတယ်။ရောဂါရှာဖွေတဲ့ အနေနဲ့ သွေးချိုပမာဏ တိုင်းကြည့်ရမယ်၊သွေးဖိအားကိုပုံမှန်တိုင်းကြည့်ရမယ်။ကိုလက်စတောစစ်သင့်တယ်၊ECG ဆက်ဆွဲသင့်တယ်။ အစားအသောက်အနေအထိုင်နဲ့ပတ်သတ်တဲ့အတွက်ကြောင့် ဂရုပြုဖို့တော့လိုပါတယ်။အဆီအစိမ့်စားတာတွေ ကိုလျော့ချသင့်တယ်။ဆေးလိပ်၊ အရက်သောက်တာတွေကိုလျော့ချသင့်ပါတယ်။
 
အငန်စားတာတွေကိုလည်း လျော့ချသင့်တယ်။တစ်နေ့ကိုနာရီဝတ်ခန့်လေ့ကျင့်ခန်းလုပ်ပေးခြင်းအားဖြင့်နှလုံးသွေးတိုးရောဂါတွေကိုကာကွယ်ရာရောက်ပါတယ်။ဆရာဝန်ညွန်ကြားတဲ့အတိုင်းနေထိုင်သင့်တယ်၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအ သောက်တွေစားသောက်သင့်တယ်၊ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုတွေနေထိုင်သင့်ပါတယ်။ဒီနည်းတွေအား ဖြင့်ရောဂါအစုအဝေးမဖြစ်အောင်ကာကွယ်လို့ရပါတယ်။

10 Jun 2015     1,495 Views




RELATED

Most Popular of Health Fix

Most Popular of Life Style