BEC-TERO TV

ဖရဲသီးအခွံဟာလဲ အစွမ်းထက်တဲ့ သဘာဝဆေးတစ်လက်ပါ

09 Oct 2017     1,714 Views


ဖရဲသီးအခွံဟာလဲ အစွမ်းထက်တဲ့ သဘာဝဆေးတစ် ခုဖြစ်နေလို့ပါ... လွင့်မပစ်သင့်သော ဖရဲသီးအခွံ.... လူတော်တော်များများဟာ ဖရဲသီးကို အတွင်းသားလေးတွေ ကွက်ပြီးလှီးပြီးတဲ့ အခါမှာ အကျိုးပြု ဗိုက်တာမင်များနှင့် အမိုင်နိုအက်ဆစ်ဓာတ်များ ပါဝင်သော ကျန်နေတဲ့ အခွံနဲ့ အဖြူသားတွေကို လွင့်ပစ်လိုက်ကြတာ များပါတယ်။ 
 
ဆေးဆိုင်တွေမှာ ဗိုက်တာမင် ဆေးပြားတွေ အဖြစ်နှင့် ဝယ်သူသောက်သုံး နေကြသည့် နေ့စဉ်လူတို့၏ ခန္ဓာကိုယ်အတွက် လိုအပ်သော ဗိုက်တာမင် ဘီ နှင့် စီ ဓာတ်များ သည်ထိုအခွံများတွင် ပါရှိပါတယ်။ ပုံမှန်သွေးလှည့်ပတ်ခြင်းနှင့် နှလုံးကျန်းမာရေးတို့အတွက် အမိုင်နို အက်ဆစ်ဓာတ်သည် အရေးကြီးသည်။ သွေးကြောများကို ကျယ်ကားလာစေကာ သွေးလှည့်ပတ်မှုအားကို မြှင့်တင်ပေးသည်။

လည်းကောင်းကို ကာမဂုဏ် ဆက်ဆံမှု ဆိုင်ရာ ဆောင်ရွက်ချက်များတွင် စွမ်းဆောင်ရည် ကျဆင်းမှုတို့အတွက် တိုးတက်ကောင်းမွန်စေရန် အမျိုးမျိုးအသုံးပြုကြပြီး သွေးအားနည်း ရောဂါများတွင်လည်း အသုံးပြုသည်။ အလွယ်ကူဆုံး စားသောက်နိုင်တဲ့ နည်းကတော့ ဖရဲသီးအခွံကို ရေစင်အောင် ဆေးပါ။ (အဖြူရောင် အသားနှင့်အတူ) အတုံးသေးသေးလေးတွေ ဖြစ်အောင် ဓားဖြင့်လှီးပါ။ 
 
ပြီးရင် (Blender) မွေစက်နဲ့ ခပ်ပျစ်ပျစ် ရသည်အထိ မွေပါ။ ထိုအရည် ပျစ်ပျစ်ကို အခြားဖျော်ရည်များတွင် အနည်းငယ် ထဲ့၍ သုံးဆောင်နိုင်ပါသည်။ နောက်တနည်းကတော့ ဖရဲသီး အတွင်းသား(ပုံမှန်စားသုံးသည့် အပိုင်း) နှင့် လှီးထားသော အဖြူရောင် အသားနှင့် အခွံတို့ အားလုံးကို မွေစက်ထဲတွင် စတော်ဘယ်ရီသီးပါထဲ့၍ မွေပါ။ ပြီးရင် လိမ်မ္မော်ရည် အနည်းငယ်ကို ထပ်ထဲ့ပြီး နေ့စဉ် ကျန်းမာစေရန် အတွက် သောက်သုံးနိုင်ပါသည်။

(ဝင်းလှိုင်ဦး) စျေးသက်သာတဲ့ မဲ့ခြောက်နဲ့ တင်းတိပ် ပျောက်နည်း ဖရဲသီး အောက်ခံအဖြူအသားကို ဓား(သို) ဇွန်းဖြင့် ပါးပါးလှီးပြီး မျက်နှာပေါ် မှာရှိတဲ့ မဲ့ခြောက်၊ တင်းတိပ် ရှိတဲ့ နေရာပေါ်မှာ တင်ပေးပါ။ ဒီနည်းကို မ လုပ်ခင် မျက်နှာကို သန့်စင်အောင် အရင်သန့်ရှင်းရေး လုပ်လိုက် ရပါမယ်။ 
 
မျက်နှာ သန့်စင်ပြီးတာနဲ့ ဖရဲသီး အောက်ခံ အဖြူသာကို ပါးပါးလှီးပြီး မျက်နှာပေါ်တင်ပေးပြီး နာရီ တော်တော်ကြာ အောင် တင်ထားပေးရပါမယ်။ အိပ်ယာဝင်မယ့် အချိန်မှာလည်း လုပ်လို့ ရပါတယ်။ နှင်းခူရောဂါဖြစ်ပွားပါကလည်း ဖရဲ သီးအခွံဖြင့် ပွတ်တိုက်ပေးပါက ပျောက်ကင်း နိုင်ပါသည်။

Credit.... Mi Mi Tun


09 Oct 2017     1,714 Views




RELATED

Most Popular of Health Fix

Most Popular of Life Style