နို့ဆီအကြောင်းသိကောင်းစရာ
08 Nov 2017 4,504 Views

အံ့သြစရာတစ်ခု မထင်မှတ်ပဲ သိခဲ့ရတယ် ။နို့ဆီ ကိုဘယ်ကရသလဲတဲ့။aမဆိုင်းမတွဖြေ လိုက်တယ် နွားနို့ ကရတာပေါ့ လို့။ လုံးဝမဟုတ်ဘူးတဲ့။ စားအုန်းဆီ ကရတာတဲ့ ..။ ဟုတ်လို့လား …လို့အံ့သြတကြီးမေးလိုက်တယ်။
fill pounder နို့မှုန့်အနည်းငယ်နဲ့ ဈေးကွက် တွင် ရောင်းရန်အရည်အသွေးမမှီသော စားအုန်းဆီ ဖြင့်ပြုလုပ်ထားကြောင်း နို့ဆီချက် ရန် စားအုန်းဆီ ပေပါများ ကွန်တိန်နာ ဖြင့်လာချကြောင်း။
အန္တရာယ် ရှိ၍ မစားသုံးရန် နို့ဆီ စက်ရုံ တွင် အလုပ် လုပ်နေသူတစ်ဦးကသူ့ဆွေမျိုး မိတ်သင်္ဂံဟ များကို လိုက်လံသတိပေးပါသည် ။နို့ဆီ ကို ချိုသာသော ဈေးနှုန်းဖြင့်  များစွာထုတ်နိုင် ပါ သည်။
သို့သော် မြန်မာနိုင်ငံ တွင် နွား မွေမြူရေးဇုံ အလုံအလောက်မရှိပါ။ ရှားပါးသော နွားနို့ မှ ဈေးနှုန်းချိုသာ နို့ဆီ
ထုတ် ရန် မဖြစ်နိုင် မှန်း ကောင်းစွာနားလည်လိုက်ပါပြီ။
ယခုခေတ်တွင် …အသက်၂၀ကျော် လူငယ် များတွင် သွေးတိုး ရောဂါ တွေ့နေရပါပြီ။ လေဖြတ်တာတွေလဲ
ဖြစ်နေကြပါပြီ။ သွေးတွင်း cholesterol ကို အဆမတန် တက်စေပြီး သွေးကြော များကျဉ်းစေ ပိတ်စေ သော နို့ဆီ က အသံတိတ် လူသတ်သမား ဖြစ်မှန်းသိသူ အလွန်နည်းမည်ထင် ပါသည်။
ဘယ်သူသေ သေငတေမော ပြီး ရောဆိုတဲ့ စီးပွားရေးသမားတွေဟာဘယ်သူတွေလဲဆိုတာ အားလုံးသိ
ကြမှာပါ။
ဒီသတင်းကြားပြီး ပြည်သူများအတွက် စိုးရိမ်ရပါသည်။သူငယ်ချင်းများ အားလုံး၊ မိမိ ဆွေမျိုးမိတ်ဆွေ အားလုံးကို ဖြန့်ဝေပေးပါ။
Credit >> Knowledge