BEC-TERO TV

ကြာစွယ်ကနေ ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

15 Dec 2017     2,261 Views


 ကြာစွယ်ဆိုတာကို မာလာဟင်းနဲ့ မြေအိုးမြီးရှည်လို အစားအသောက်တွေထဲမှာ စားဖူးကြမယ်ထင်ပါ တယ်။ အခုနောက်ပိုင်း ဟော့ပေါ့စားတဲ့ အခါမျိုးမှာလည်း ကြာစွယ်ကြိုက်တယ်ဆိုရင် ထည့်စားလို့ ရနေပါပြီ။ကြာစွယ်ဆိုတာက လှပတဲ့ကြာပန်း လေးတွေ ပွင့်တဲ့ အပင်ရဲ့အမြစ်ပါ။ 
 
ရေမှာ ပေါက်တဲ့ အပင်တစ်မျိုးပါ။ ကြာစွယ်က အရှေ့အာရှနဲ့ တောင်အာရှဒေသတွေမှာ အပေါက်အရောက်များပါတယ်။ လှပမှု၊ သန့်ရှင်းမှုကို ကိုယ်စားပြုတဲ့ ကြာပန်းရဲ့ အမြစ်ဖြစ်တဲ့ကြာစွယ်ကလည်း ကျန်းမာရေးအတွက် တော်တော်လေးအကျိုးပြု ပါတယ်။
 
(၁) အာဟာရဓာတ်ပြည့်ဝခြင်း
ကြာစွယ်မှာ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။
 
ဗီတာမင် စီ – ကြာစွယ်မှာ နှလုံးကို ကျန်းမာစေသလို သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရော LDL ကို လျော့ကျစေ နိုင်တဲ့ ဗီတာမင်စီလည်းကြွယ်ဝစွာပါဝင်နေပါတယ်။ ဗီတာမင်စီက ကိုယ်ခံအား စနစ်ကို တိုးတက်စေသလို ထိခိုက်ဒဏ်ရာရတာကြောင့် ပျက်စီးသွားတဲ့ တစ်သျှူး တွေကိုလည်း ပြန်လည်ကောင်းမွန်စေနိုင်စွမ်းရှိပါတယ်။ ကူးစက်ရောဂါပိုးတွေကူးစက်ခံရမှုကနေလည်း ကာကွယ်ပေးပါတယ်။ အနာကျက်မြန်စေနိုင်သလို အ သားအရေကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ အရိုး၊ ကြွက်သား၊သွေးကြောတွေနဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို လည်း ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ Free radicals တွေကြောင့် ခန္ဓာကိုယ်ကို ထိခိုက်တာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
 
ဗီတာမင် ဘီ – ဗီတာမင်ဘီလည်း ကြွယ်ဝစွာပါဝင်နေပါသေးတယ်။ အာရုံကြောစနစ်၊ အစာခြေစနစ်နဲ့ နှလုံးသွေးကြောစနစ်တွေကို ကောင်းမွန်စေနိုင်တဲ့ ဗီတာ မင်ဘီတစ်မျိုးဖြစ်တဲ့ pyridoxine ပါဝင် သလို သန္ဓေသားဖွံ့ဖြိုးမှုအတွက် အရေး ပါတဲ့ ဓာတ်တစ်မျိုးဖြစ်တဲ့ ဖောလိတ်ဓာတ်ပါဝင်ပါသေးတယ်။ သွေးနီဥဆဲလ်တွေကို ကျန်းမာစေနိုင်တဲ့ riboflavin လည်း ပါဝင်နေပါတယ်။
 
သိုင်ရာမင်- ကြာစွယ်မှာမျက်လုံး၊ အစာခြေစနစ်၊ နှလုံးနဲ့ အာရုံကြောတွေကိုကျန်းမာစေနိုင်တဲ့ သိုင်ရာမင် ဓာတ်လည်း ပါဝင် နေပါတယ်။ ဒါ့အပြင် ဟီမိုဂလိုဘင်ပမာဏကိုတိုးစေနိုင်ပြီး ကိုယ်ခံအားစနစ်ကို တိုး မြှင့်ပေးတဲ့အပြင် အသားအရေနဲ့ဆံသား ကို ကျန်းမာစေနိုင်တဲ့ pantothenic acid လည်း ပါဝင်နေပါသေးတယ်။ကြာစွယ်မှာ အရေးပါတဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။
 
ကြာစွယ်မှာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေသာမက အမျှင်ဓာတ်၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်တို့ပါဝင်တာကြောင့် ကိုယ်တွင်းရေဓာတ်ကို ထိန်းညှိပေးသလို ဝမ်း မချုပ်အောင်လည်းအထောက်အပံ့ပေးပါ သေးတယ်။ ကြာစွယ်က ကိုယ်တွင်းသွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးပါသေးတယ်။
 
 
(၂) သွေးလည်ပတ်မှုကောင်းမွန်စေနိုင်ခြင်း
ကြာစွယ်က သွေးလည်ပတ်မှုကိုတိုးစေနိုင်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို သွေးနဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏ လုံလောက်စွာရရှိစေနိုင်ပါတယ်။ စွွမ်းအင်ကိုလည်း တိုးစေနိုင်ပါတယ်။ ကော့ ပါးနဲ့သံဓာတ်တွေ ကြွယ်ဝစွာပါဝင်တာ ကြောင့် သွေးဆဲလ်ထုတ်လုပ်မှုကိုတိုးတက်စေနိုင်ပြီး သွေးအားနည်းရောဂါ မဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။
 
(၃) သွေးပေါင်ချိန်ထိန်းညှိပေးနိုင်ခြင်း
ကြာစွယ်မှာ ဆိုဒီယမ်နဲ့ ပိုတက်ဆီ ယမ် ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းညှိပေးနိုင်ပါတယ်။ ပိုတက်ဆီယမ်က ကိုယ်တွင်းအရည်ဓာတ်ကို ထိန်းညှိပေးပြီး သွေးဖိအားအပေါ် ဆိုဒီ ယမ်ရဲ့ သက်ရောက်မှုကို နည်းစေနိုင်ပါ တယ်။ ပိုတက်ဆီယမ်က သွေးကြောတွေကိုပြေလျော့စေနိုင်ပြီး နှလုံးဆီကို လုံလောက်တဲ့ သွေးစီးဆင်းမှုရရှိအောင် လုပ်ဆောင်ပေးပါတယ်။
 
(၄) နှလုံးကျန်းမာစေနိုင်ခြင်း
ကြာစွယ်က သွေးဖိအားကိုထိန်းညှိပေးပြီး သွေးစီးဆင်းမှုကို တိုးစေနိုင်တာကြောင့် နှလုံးသွေးကြောတွေကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ကြာစွယ်မှာ အမျှင်ဓာတ်တွေ ပါဝင်တာကြောင့် LDL ကို လက်စထရောကို် ကျဆင်းစေနိုင်ပြီး သွေး ကြောပိတ်တာ၊ ရုတ်တရက်နှလုံးရပ်ပြီး သေဆုံးတာ၊လေဖြတ်တာနဲ့ နှလုံးရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါ တယ်။
 
(၅) အစာခြေစနစ်ကို တိုးတက်စေနိုင်ခြင်း
ကြာစွယ်မှာ အမျှင်ဓာတ်ပါဝင်တာကြောင့် အူနဲ့ အူမကြီးလှုပ်ရှားမှုကို ကောင်းမွန်စေနိုင်ပါတယ်။ ဝမ်းမချုပ် စေနိုင်သလို ဝမ်းလျှောတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ အစာခြေရည်ကို ထုတ်လွှတ်ဖို့ လှုံ့ဆော်ပေး နိုင်တာကြောင့် အူနံရံတွေက အာဟာရဓာတ်တွေ စုပ်ယူနိုင်အောင်လုပ်ဆောင် ပေးပါတယ်။
 
 
(၆) စိတ်ကျန်းမာစေနိုင်ခြင်း
ကြာစွယ်မှာ ဗီတာမင်ဘီ တစ်မျိုး ဖြစ်တဲ့ pyridoxine ပါဝင်နေပါတယ်။ pyridoxine က စိတ်ခံစားမှုကို  တိုးတက်ကောင်းမွန်စေနိုင်ပြီး စိတ်တည်ငြိမ်မှုအားလည်း ကောင်းစေနိုင်ပါတယ်။ စိတ်ဖိစီး တာနဲ့ ခေါင်းကိုက်တာတွေကို သက်သာစေနိုင်ပါတယ်။
 
(၇) မျက်လုံးကျန်းမာစေနိုင်ခြင်း
ကြာစွယ်မှာဗီတာမင်အေ ကြွယ်ဝစွာပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေနိုင်ပြီး မျက်လုံးအမြင်အာရုံချို့ယွင်းတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
 
(၈) အသားအရေလှပစေနိုင်ခြင်း
ကြာစွယ်မှာ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တာကြောင့် ကော်လာဂျင်ဖြစ်ပေါ်မှု ကို လှုံ့ဆော်ပေးပြီး အသက်ကြီးလာလို့အသားအရေမှာအစက်အပြောက်တွေ ဖြစ်တာ၊ နေလောင်ကွက်တွေ ဖြစ်တာကို သက်သာစေနိုင်ပြီး အသားအရေကောင်း မွန်စေပါတယ်။ အသားအရေကိုချောမွေ့ ဝင်းမွတ်စေပြီး ခြောက်သွေ့ညိုမွဲမှုကို ကင်းစင်စေနိုင်ပါတယ်။
 
သတိထားရမှာတစ်ချက်ကတော့ ကြာစွယ်ကို မစားခင်မှာ သေချာဆေးကြောဖို့ပါ။ ရေမှာပေါက်တဲ့အပင်ဖြစ်တာ ကြောင့် ကပ်ပါးပိုးတွေ ပါလာနိုင်တာကြောင့်လည်း ဖြစ်ပါတယ်။ အဆိုပါ ကပ်ပါးပိုးတွေကို စားသုံးမိတဲ့အခါ ဖျားတာ၊ ဗိုက်နာတာ၊ အော့အန်တာ၊ ဝမ်းလျှောတာနဲ့ အူအတွင်းမှာ အစာတွေ ပိတ်ဆို့တာမျိုးကို ဖြစ်စေနိုင်ပါတယ်။
 
 
Credit >>> kumudranews

15 Dec 2017     2,261 Views




RELATED

Most Popular of Health Fix

Most Popular of Life Style