BEC-TERO TV

ကင်ဆာရောဂါ ရှိ၊ မရှိ ခွေးများက အနံ့ခံရုံဖြင့်သိရှိနိုင်

27 Dec 2017     1,377 Views


ခွေးတွေဟာ သာမန်လူတွေထက် ပိုကောင်းတဲ့ အနံခံအာရုံရှိတယ်ဆိုတာ လူတိုင်းသိရှိလက်ခံထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ခွေးတွေဟာ လူသားတွေမှာဖြစ်နေတဲ့ ကင်ဆာ ဆဲလ်တွေကိုတောင် အနံခံနိုင်တဲ့ စွမ်းရည်ရှိတယ်ဆိုတာ လေ့လာတွေရှိလိုက်ရချိန်မှာတော့ တစ်ကယ့်ကို အံ့မခမ်းဖြစ်ရပါတယ်။

ခွေးတွေရဲ့ အနံခံအာရုံကြောတွေဟာ လူတွေထက် ၂၅ ဆ ပိုများတဲ့အတွက် သူတို့ရဲ့ အနံခံနိုင်စွမ်းဟာ သာမန်လူတွေထက် အဆ တစ်သိန်းခန့် ပိုသာပါတယ်။ သာမန်လူတွေရဲ့ ဦးနှောက်ကို အမြင်ပိုင်းဆိုင်ရာ နာဗ့်ကြောလေးတွေပါတဲ့ အခွံနဲ့ ဖုံးအုပ်ထားပြီး ခွေးတွေရဲ့ ဦးနှောက်ကိုတော့ အကြားပိုင်းဆိုင်ရာ နာဗ့်ကြောလေးတွေပါတဲ့ အခွံ (သာမန်လူတွေထက် အဆ လေးဆယ်ပိုကြီး)နဲ့ ဖုံးအုပ်ထားပါတယ်။

ဒါ့အပြင် ခွေးတွေရဲ့ အနံခံအာရုံ အဖုလေးတွေမှာ အနံခံအာရုံကြောလေးတွေ အရေအတွက် အားဖြင့် ၁၂၅ သန်း ကနေပြီးတော့ သန်း ၂၂၀ အထိပါရှိပါတဲ့အတွက် လူတွေထက် အဆပေါင်း သန်းပေါင်းများစွာ ပိုအလုပ်လုပ်နိုင်ပါတယ်။

လေ့လာတွေ့ရှိချက်အရ လူရဲ့ခန္ဓာကိုယ်မှာရှိတဲ့ ကင်ဆာဆဲလ်တွေကနေ ထုတ်လွှတ်တဲ့ ဇီဝအညစ်အကြေး အနံ့ပေါ် မူတည်ပြီး ကောင်းတဲ့ ဆဲလ်နဲ့ မကောင်းတဲ့ ဆဲလ်တွေရဲ့ အနံ့ကမတူတဲ့အတွက် ခွေးတွေဟာ ကင်ဆာရောဂါရဲ့ အစောဆုံးအချိန်တွေ မှာတောင် အနံ့ခံနိုင်ပါတယ်။

သေချာ လေ့ကျင့်ပေးထားတဲ့ ခွေးတွေဟာ အရေးပြားကင်ဆာဖြစ်နေတဲ့လူတွေရဲ့ အရေပြားကို နမ်းခြင်းအားဖြင့် ရောဂါရှိမရှိ သိနိုင်ပြီး၊ ထပ်မံ စမ်းသပ်မှုတွေအရ လူနာရဲ့ဆီးကို အနံ့ခံခြင်းဖြင့်လည်း သိနိုင်တယ်လို့ဆိုပါတယ်။ ခွေးတွေဟာ လူတွေရှူထုတ်လိုက်တဲ့ လေထဲကနေတဆင့် ကင်ဆာဆဲလ်တွေကို အနံခံနိုင်ပါတယ်။

ဒီလိုမျိုး ခွေးတွေရဲ့ အနံခံနိုင်စွမ်းရည်ဟာ ကင်ဆာရောဂါရှာဖွေရာမှာ များစွာအကျိုးရှိကြောင်း ဖော်ပြခဲ့ပါတယ်။ လေ့လာဆန်းစစ်သူတစ်ချို့ကတော့ သေချာလေ့ကျင့်ထားတဲ့ခွေးတွေဟာ လူနာတွေရဲ့ကျန်းမာရေးကိုဂရုစိုက်  တဲ့ အစိတ်အပိုင်းတစ်ခု အဖြစ်ရှိလာနိုင်မယ်လို့ ယုံကြည်ကြပြီး အများစုကတော့ ကင်ဆာရောဂါအနံခံနိုင်စွမ်းကို ခွဲစိတ်ခန်းတွေမှာ အသုံးပြုဖို့ အကြံပေးထားကြပါတယ်။


27 Dec 2017     1,377 Views




RELATED

Most Popular of Special or Others

Most Popular of Life Style