BEC-TERO TV

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ဆိုရင်

28 Dec 2017     1,370 Views


တစ်နေ့တာလုံးမှာ လှပကျော့ရှင်းနေပြီး၊ စိတ်နဲ့ ဦးနှောက်တွေကို လန်းဆန်းနေစေဖို့အတွက်ဆိုရင် အိပ်ရေး ၀၀အိပ်ရဖို့က အမတန်အရေးကြီးလှပါတယ်။ ညဖက်တွေမှာ အိပ်ရေး၀၀ အိပ်စက်လို့ရချင်တယ်ဆိုရင်တော့ အိပ်ရာမဝင်ခင်မှာ စားသောက်တဲ့ အစားအစာ (၅)မျိုးကို သတိထားရှောင်ကျဉ်လိုက်ရင် အဆင်ပြေပါပြီ။

ပထမဆုံးတစ်ခုကတော့ နို့၊ ဂျုံ၊ပြောင်းတွေနဲ့ ပြုလုပ်ထားတဲ့အရာတွေကို မစားသင့်ပါဘူး။ ဂျုံ၊ပြောင်းတွေဟာ မြောက်မြားစွာသော ကာဗွန်ဟိုက်ဒိတ်ဓာတ်ပေါင်းတွေပါရှိတဲ့အတွက် သွေးတွင်းမှာရှိတဲ့ သကြားဓာတ်ကို တိုးစေပြီး ပိုဝလာမှာ အသေအချာပါပဲ။

ဒုတိယတစ်ခုကတော့ ဝက်သား၊အမဲသားတွေကို မကျက်သေးဘဲစားတာပါပဲ။ အစိမ်းစားခြင်းဟာ ကောင်းကျိုး တွေပေးနိုင်သလို ဆိုးကျိုးတွေလဲ ပေးနိုင်ပါတယ်။ ဝက်သား၊ အမဲသားတွေကို ညဘက်စားတဲ့အခါမှာ အစာမ ကြေ ရင်ပူစေပြီး အိပ်မပျော်ဖြစ်စေပါတယ်။

တတိယတစ်ခုကတော့ နို့မပါတဲ့ချောကလက်အပြင်းစားတွေပါ။ ဒီလို ချောကလက်တွေဟာ ကဖိန်းဓာတ်များ များပါတဲ့အတွက် မစားသင့်ပါဘူး။ ကော်ဖီနဲ့လည်းတွဲမသောက်သင့်ပါဘူး။

စတုတ္ထတစ်မျိုးကတော့ ရေခဲမုန့်ပါ။ ရေခဲမုန့်တွေကို လမ်းလျှောက်ချိန်၊ ကော်ဖီဆိုင်တွေမှာ စားတာဟာဆိုးကျိုး မဖြစ်စေပါဘူး။ ဒါပေမဲ့ ညဘက် အိပ်ရာဝင်ခါနီး စားတဲ့အခါမှာ တစ်ညလုံးခန္ဓာကိုယ်တွင်း သကြားဓာတ်တွေပေး နေမှာဖြစ်တဲ့အတွက် ကောင်းကောင်းအိပ်ရမှာတော့ မဟုတ်ပါဘူး။

နောက်ဆုံးတစ်ခုကတော့ ပူစပ်တဲ့အစားအစာတွေပါ။ ဘယ်အချိန်ဘယ်နေရာတွေပဲဖြစ်ဖြစ် ဘယ်သူကမှ ဒီအ စားအစာကို မစားဘူးလို့ ငြင်းနိုင်ကြမှာမဟုတ်ပါဘူး။ (အထူးသဖြင့် လေဒီတွေပေါ့နော်)
 
မထိန်းနိုင်လို့ အပူစပ်စာတွေကို စားလိုက်ပြီဆိုတာနဲ့ ညအိပ်ရာမဝင်ခင်မှာ ခန္ဓာကိုယ်ရဲ့ အပူချိန်ကို မြင့်တက်စေပြီး  အစာအိမ်နာ ဗိုက်အောင့်စေနိုင်ပါတယ်။
 
ဒီအချက်လေးတွေကို ရှောင်ကျဉ်ပြီး အိပ်ရေးဝဝ နှစ်နှစ်ခြိုက် အိပ်ပျော်ကြပါစေနော်။

28 Dec 2017     1,370 Views




RELATED

Most Popular of Special or Others

Most Popular of Life Style