BEC-TERO TV

ပျိုမေတို့ဘဝကျန်းမာလှပဖို့ဆိုရင် သိထားသင့်တဲ့ နည်းလမ်းကောင်းလေး (၁၀)ခု

03 Jan 2018     1,447 Views


ပျော်ရွှင်ကျန်းမာတဲ့ အမျိုးသမီးဘဝကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် ပုံမှန်လေး လိုက်နာသင့်တဲ့ အချက်တွေ သိပ်အများကြီးမရှိပါဘူး။ ဖော်ပြပါ အချက်လေး (၁၀)ချက် လိုက်နာရုံနဲ့ ကျေနပ်နှစ်သက်စရာ အမျိုးသမီးတစ်ဦး ဖြစ်လာစေပါလိမ့်မယ်။
 
၁။ စိတ်ပင်ပန်းမှု အားလုံးကို ဖြေလျှော့ပါ
 
တစ်ခါတစ်ရံမှာ အလုပ်တွေအများကြီးကို တစ်ချိန်ထဲမှာ သိမ်းကျုံးပြီးလုပ်ချင်ကြတဲ့အခါ စိတ်ပင်ပန်းမှုတွေ ဖြစ်လာကြပါတယ်။ ဒီလိုစိတ်ပင်ပန်းမှုတွေဟာ ကျန်းမာရေးအတွက် အန္တရာယ်အလွန်ရှိပြီး နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီကနေ စိတ်ဓာတ်ကျတာ၊ စိတ်ရှုပ်ထွေးတာတွေနဲ့ နှလုံးရောဂါကိုပါ ဖြစ်စေနိုင်တဲ့အတွက် စိတ်ပင်ပန်းမှုဖြစ်လာတဲ့အခါ စိတ်အပမ်းဖြေတာမျိုးတွေလုပ်ပေးပါ။
 
၂။ ကိုယ်အလေးချိန် လျော့တာကို ရပ်လိုက်ပါ
 
ကိုယ်အလေးချိန် လျှောကျသွားအောင် ကိုယ်ကြိုက်တဲ့ အဖျော်ယမကာနဲ့ အစားအစာတွေကို ရှောင်နေဖို့မလိုအပ်ပါဘူး။ အဓိကအချက်က မျှတအောင် စားဖို့ပါပဲ။ အဆီနည်းတဲ့ ပရိုတင်းတွေ၊ ကျန်းမာရေးအတွက် အထောက်အကူဖြစ်တဲ့ အဆီတွေ၊ ဂဏန်းသားနဲ့ အမျှင်ဓာတ်တွေများများ စားပေးဖို့လိုအပ်ပါတယ်။
 
၃။ ကယ်ဆီယမ်ပါတဲ့ အစားအစာတွေ အများကြီး မစားသုံးသင့်
 
ကယ်ဆီယမ် အများအပြားစားသုံးခြင်းဟာ ကျောက်ကပ်မှာ ကျောက်တည်စေပြီး နှလုံးရောဂါဖြစ်နိုင်ချေကို မြင့်တက်စေပါတယ်။
 
၄။ နှလုံးခုန်လှုပ်ရှားမှု များများလုပ်ပေးပါ
 
အမျိုးသမီးတွေဟာ ကျန်းမာရေးလေ့ကျင့်ခန်းတွေကို တစ်ပတ်မှာ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်အထိ ပြုလုပ်ပေးခြင်းဖြင့် အဝလွန်ခြင်း၊ နှလုံးရောဂါ၊ ကင်ဆာ၊ ဝမ်းပျက်ဝမ်းလျောရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းဖြင့်လည်း မိမိခန္ဓာကိုယ်အချိုးအစားကို  ထိန်းနိုင်ပါတယ်။
 
၅။ ကလေးယူရန် သင်၊ မသင့့် စဉ်းစားပါ။
 
အမျိုးသမီး အများစုဟာ အသက် ၃၀ နှောင်းပိုင်း ၄၀ မတိုင်ခင်မှာ ကလေးယူတတ်ကြပါတယ်။ ဒါပေမဲ့ အသက် ၃၂ နှစ်နောက်ပိုင်းမှာ မျိုးပွားနိုင်စွမ်း ကျဆင်းလာတတ်တဲ့အတွက် အဲဒီအသက်အပိုင်းအခြားတွေမှာဆိုရင်တော့ ဆရာဝန်တွေနဲ့ တိုင်ပင်သင့်ပါတယ်။
 
၆။ သားသမီးဦးရေ ကန့်သတ်ဖို့ကို လက်ခံစဉ်းစားပါ
 
အများစုက သားသမီးဦးရေ ကန့်သတ်ပြီး မွေးဖွားရတာကို သဘောမကျတတ်ကြပါဘူး။ သူ့ကံနဲ့သူလာတာ မွေးနိုင်သလောက်မွေးဆိုတဲ့ အယူအဆကလည်း မှားယွင်းတယ်လို့ မဆိုသာပေမယ့် ကျန်းမာရေးအသိနဲ့ ထိန်းချုပ်နိုင်မယ်ဆိုရင် ဆီးနဲ့ သားအိမ်ကင်ဆာ ဖြစ်နိုင်ချေကို လျော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။
 
၇။ မိသားစုဆရာဝန်နဲ့ နှစ်စဉ် ကျန်းမာရေး ဆွေးနွေးပေးပါ
 
အကယ်၍ သင်ဟာ အသက် ၂၁ နှစ် အထက်ဖြစ်မယ်ဆိုရင် သုံးနှစ်တစ်ကြိမ် ကင်ဆာရောဂါကို Pap test နဲ့ စစ်ဆေးသင့်ပြီး အသက် ၃၀ နဲ့ ၆၅ ကြားမှာဆိုရင် Pap test ရော HPV test ကိုပါ ငါးနှစ်တစ်ကြိမ် စစ်ဆေးပေးသင့်ပါတယ်။
 
အသက် ၆၅ နှစ်နဲ့အထက်ဆိုရင်တော့ ဆရာဝန်ညွှန်ကြားမှုအတိုင်း ဆောင်ရွက်သင့်ပါတယ်။ သင်ဟာ လိင်ဆက်ဆံဖို့ ဆန္ဒရှိနေတယ်ဆိုရင် သင့်ပြနေကျဆရာဝန်နဲ့ ဆီးပူညောင်းကျ ကာလသားရောဂါနဲ့ ကူးစက်တတ်တဲ့ ကာလသားရောဂါ ရှိမရှိကို နှစ်စဉ် စစ်ဆေးသင့်ပါတယ်။
 
HIV စစ်ဆေးမှုကိုလည်း အနည်းဆုံး တစ်ကြိမ် စစ်ဆေးပေးသင့်ပြီး စစ်ဆေးမှု များသွားခဲ့ရင်လည်း အန္တရာယ်ရှိနိုင်ပါတယ်။ နှစ်စဉ်ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ဖို့  မမေ့ပါနဲ့။
 
၈။ ကျေနပ်နှစ်သက်စေသော လိင်ဆက်ဆံခြင်ရှိပါစေ
 
လိင်ဆက်ဆံခြင်းဟာ စိတ်ဖိစီးမှုနဲ့ နာတာရှည် ရောဂါတွေကို ပြေပျောက်စေပါတယ်။ အကယ်လို့ အဆင်မပြေဖြစ်ခဲ့ရင်လည်း ဆရာဝန်နဲ့တိုင်ပင်ပြီး အကြံဉာဏ် ရယူသင့်ပါတယ်။
 
၉။ အိပ်ချိန်များများပေးပါ
 
မနက် အိပ်ရာကထလာတဲ့အခါမှာ အလွယ်တကူ ပင်ပန်းနေတာ၊ အာရုံစူးစိုက်မှု ရော့ရဲနေသလို ခံစားနေရရင် သင်ဟာ အိပ်ရေး မဝသေးဘူးဆိုတဲ့ သဘောပါ။ မကြာသေးခင်လေ့လာမှုများအရ ဒီလိုခံစားရမှုတွေဟာ သင့်ကို နှလုံးရောဂါနဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။
 
၁၀။ မျိုးဗီဇကို စစ်ဆေးစမ်းသပ်ပါ။
 
ရင်သားကင်ဆာ၊ မျိုးဥကင်ဆာနဲ့ နာတာရှည်ရောဂါတွေ မဖြစ်အောင် မျိုးဗီဇလက္ခဏာ စစ်ဆေးမှုတွေကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး စစ်ဆေးသင့်ပါတယ်။

03 Jan 2018     1,447 Views




RELATED

Most Popular of Health Fix

Most Popular of Life Style