BEC-TERO TV

ကင်ဆာ ၅ မျိုးဖြစ်စေသည့် အဆိပ်အတောက်များ အီးစီးကရက်တွင် ပါဝင်ကြောင်းတွေ့ရှိ

07 Mar 2018     1,554 Views


ဆေးလိပ်ဖြတ်လိုသူများ အစားထိုးသောက်သုံးလာကြသည့် အီးစီးကရက်(E-cigarette) များတွင် ကင်ဆာအမျိုးအစား ၅ မျိုး ဖြစ်ပွားနိုင်ရန် တွန်းအားပေးစေသည့် အဆိပ်အတောက်များ ပါဝင်နေတာကို တွေ့ရှိရကြောင်း တနင်္လာနေ့က ထုတ်ဝေခဲ့သည့် ကလေးနှင့်ပက်သက်သော ဆေးပညာဂျာနယ်တွင် ဖော်ပြထားသည်။
 
အီးစီးကရက်သောက်သုံးခြင်း၏ အကျိုးအပြစ်များကို ယနေ့တိုင် ငြင်းခုန်နေကြဆဲဖြစ်ပြီး အများအားဖြင့် ကျန်းမာရေးထိခိုက်မှု မရှိဟု ခံယူထားကြကာ အီးစီးကရက်ကို ဆေးလိပ်ဖြတ်လိုသူများသာမက ဆေးလိပ်သောက်ခြင်းကို စွဲလန်းမှုမရှိသေးသော လူငယ်များ ကြားမှာပါ သောက်သုံးမှု များပြားလာခဲ့သည်။

ယခုနောက်ဆုံး လေ့လာတွေ့ရှိချက်အရ အီးစီးကရက်သောက်သုံးသူ အသက် ၁၆ နှစ်အရွယ် လူငယ်၏ ဆီးကို စစ်ဆေးခဲ့ရာ ကင်ဆာအမျိုးအစား ၅ မျိုးကို ဖြစ်စေနိုင်သည့် အဆိပ်အတောက်များကို တွေ့ရှိခဲ့ရသည်။ ထို့ပြင် လူငယ်များဟာ အီးစီးကရက်သောက်သုံးခြင်းကြောင့် အမှန်တစ်ကယ် ဆေးလိပ်သို့ ပြောင်းလဲ သောက်သုံးလိုစိတ်ကို အားပေးရာရောက်ကြောင်းလဲ တွေ့ရှိခဲ့ကြသည်။
 
အီးစီးကရက် နေ့စဉ်သောက်သုံးသူပေါင်း ၇၀,၀၀၀ ကို စမ်းသပ်ခဲ့ရာ နှလုံးခုန် ဖောက်ပြန်နိုင်မှု နှစ်ဆမြင့်တက်နေကြောင်း တွေ့ရှိခဲ့သည်။ အကယ်၍ အီးစီးကရက်အပြင် ဆေးလိပ်အစစ်ကိုပါ နေ့စဉ်တွဲဖက် သောက်သုံးသူတွင် နှလုံးဖောက်ပြန်နိုင်မှု သာမန်ထက် ၅ ဆ ရှိသည်ဟု ပြီးခဲ့တဲ့တပတ်က ဆန်းစစ်ချက်တွင် ဖော်ပြထားခဲ့သည်။

အီးစီးကရက် သောက်သုံးမှုနှင့်ပက်သက်၍ ငြင်းခုံဆွေးနွေးမှုများ ဆယ်စုနှစ်တစ်ခုမက ရှိခဲ့ပြီးဖြစ်သလို ရှုထောင့်အစုံစုံက တွေ့ရှိချက်မျိုးစုံလည်း ဖော်ပြခဲ့ကြပြီးဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ လူ၏ခန္ဓာကိုယ်အတွင်းသို့ သဘာဝအတိုင်း မဟုတ်သည့်အရာများ ရှုသွင်းခြင်းဟာ ကျန်းမာရေးအတွက် အနည်းနဲ့အများဆိုသလို ထိခိုက်မှုရှိနေမှာတော့ အမှန်ဖြစ်သည်။
 
ဆေးလိပ်ဖြစ်စေ၊ အရက်ဖြစ်စေ မိမိစိတ်ဆန္ဒအရ နှစ်ခြိုက်လို့ သောက်သုံးလိုက်သော အရာက ကျန်းမာရေး ဆိုကျိုးများ ဖြစ်လာတဲ့အချိန်မှာတော့ မိမိတစ်ဦးတည်းကိုသာ မဟုတ်ပဲ သက်ဆိုင်တဲ့ မိသားစုကပါ ဒုက္ခဆိုးကျိုးတွေ မျှဝေခံစားကြရမှာ ဖြစ်တယ်ဆိုတာကိုတော့ သတိပြုမိရင် အကောင်းဆုံးပဲ ဖြစ်ပါတယ်။

 


07 Mar 2018     1,554 Views




RELATED

Most Popular of Health Fix

Most Popular of Life Style