BEC-TERO TV

လူကြိုက်အများဆုံး မြန်မာ့ရိုးရာအစားအစာ (၁၀)မျိုး - Top Ten Traditional Food in Myanmar You Must Try

17 Jul 2018     5,694 Views


ကမ္ဘာအရပ်​ရပ်​မှာရှိကြတဲ့ နိုင်​ငံတိုင်းမှာ သူများနဲ့မတူတဲ့ ရိုးရာယဉ်​​ကျေးမူ ဓ​လေ့ထုံးတမ်း​တွေအပြင်​ ရိုးရာအစား​သောက်​​တွေ ရှိကြဟသကဲ့သို့ မြန်​မာနိုင်​ငံမှာလည်း ရိုးရာယဉ်​​ကျေးမူနဲ့ ရိုးရာဓ​လေ့အစားအ​သောက်​​တွေရှိပါတယ်​။ သင်​ဟာမြန်​မာလူမျိုးတစ်​​ယောက်​ဆိုရင်​ ထိုအစားအစာ​တွေကို ကြိုက်​နှစ်​သက်​ပြီးဖြစ်​ပါလိမ့်​မယ်​... အကယ်​၍ သင်​ဟာမြန်​မာနိုင်​ငံကို အလည်​လာပြီး မြန်​မာနိုင်​ငံရဲ့အစားအစာ​တွေကို မြည်းစမ်းချင်​​သူတစ်​​ယောက်​ဆိုရင်​ သင်​လက်​မလွတ်​တမ်းစားကြည့်​သင့်​တဲ့ အရသာရှိပြီး မြန်​မာနိုင်​ငံသားတိုင်းကြိုက်​နှစ်​သက်​ကြတဲ့ လူကြိုက်အများဆုံး ​အစားအစာ (၁၀) မျိုးကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​.......

၁) မုန့်​ဟင်းခါး ( Mohinga )

မုန့်​ဟင်းခါးဟာ မြန်မာလူမျိုးတို့ရဲ့ရိုးရာအစားအစာများစွာထဲမှ လူကြိုက်​အများဆုံးအစားအစာတစ်​ခုဖြစ်​ပါတယ်​။ ​(နေရာ​ဒေသအလိုက်​ချက်​ပြုတ်​ပုံချြင်းမတူကြ​ပေမယ့်​ အဓိကပါဝင်​ပစ္စည်း​များဖြစ်​ကြတဲ့) ငါး၊ စပါးလင်​၊ ဂျင်း၊ ကြက်သွန်နီ၊ ငှက်​​ပျောအူတို့ဖြင့်​ အဓိကချက်​လုပ်​ထားတဲ့ဟင်းရည်​ကို ဆန်ဖြင့်​ပြုလုပ်​ထား​သော မုန့်​ဖတ်ဖြင့်​တွဲဖက်​ကာ နံနံပင်​နှင့်​ ငရုတ်​သီးမှုန့်​တို့ထည့်ကာ ပြင်​ဆင်​​စားသုံးရတဲ့ အစားအစာတစ်​မျိုးဖြစ်​ပါတယ်​။ မြန်​မာလူမျိုး​တွေဟာ မုန့်​ဟင်းခါးကို မနက်​စာအဖြစ်​ အများဆုံးစား​သောက်​​လေ့ရှိကြပြီး လမ်း​ဘေးေ​​ဈးဆိုင်​များ၊ လက်​ဖ္ဘက်​ရည်​ဆိုင်​များနဲ့ စား​သောက်​ဆိုင်​တစ်​ချို့မှာ အလွယ်​တကူဝယ်​ယူစား​သောက်​နိုင်​တဲ့ အစားအစာတစ်​ခုဖြစ်​ပါတယ်​။ အရသာရှိလှ​သော မုန့်​ဟင်းခါးကို မြန်​မာနိုင်​ငံရှိ ​နေရာ​​ဒေသအနှံ့အပြားမှာ ​ဝယ်​ယူစား​သောက်​နိုင်​ပါတယ်​....

Mohinga is one of the most favorite traditional foods in Myanmar. It is mainly cooked with fish, lemongrass, ginger, onion and crunchy pith of the banana (although different way of cooking style according to region), and served with mote phat (kind of noodle and make from rice), parsley and chili powder. People mostly eat mohinga as breakfast and it can get easily almost everywhere like street markets, tea shops, and also some restaurants.

၂) အုန်းနို့​ခေါက်​ဆွဲ ( Ohn Noe KhaoSwe )

အုန်းနို့​ခေါက်​ဆွဲက​တော့ မြန်မာလူမျိုးများ မနက်​စာအဖြစ်​စားသုံးကြတဲ့ ဒုတိယလူကြိုက်​အများဆုံးအစားအစာတစ်​ခုဖြစ်​ပါတယ်​။ ကြက်​သားဟင်း၊ အုန်းနို့ရည်​တို့ဖြင့်​ အဓိကချက်​ပြုတ်​ထား​သောဟင်းရည်​ကို ဂျုံဖြင့်​ပြုလုပ်​ထား​သော​ခေါက်​ဆွဲဖြင့်​တွဲဖက်​ပြီး ကြက်​ဥပြုတ်​၊ ကြက်​သွန်​နီ၊ မုန့်​ကြွပ်​နှင့်​ ငရုတ်​သီးမှုန့်​တို့ထည့်​ကာ ပြင်​ဆင်​စားသုံးရ​သော အစားအစာတစ်​မျိုးဖြစ်​ပါတယ်​။ အုန်းနို့ေ​ခါက်​ဆွဲကို ​လမ်း​ဘေး​​ဈေးဆိုင်​များ၊ လက်​ဖ္ဘက်​ရည်​ဆိုင်​များနှင့်​ မြန်​မာနိုင်​ငံရဲ့ ​နေရာ​တော်​​တော်​များမှာ အလွယ်​တကူဝယ်​ယူစား​သောက်​နိုင်ပါတယ်​...

The second favorite food as breakfast, like mohinga, is ohn noe khaoswe and it is mainly served with soup (that is cooked with chicken and coconut juice), noodle, boiled egg, onion, and chili powder. It can get easily almost everywhere like mohinga.

၃) နန်းကြီးသုပ် ( Nan Gyi Thoke )

Spaghetti of Myanmar လို့​ခေါ်ကြတဲ့ နန်းကြီးသုပ်​ကလည်း မနက်စာအဖြစ်စားသုံးကြတဲ့ ​​လူကြိုက်​များတဲ့ အစားအစာတစ်​ခုဖြစ်​ပါတယ်​။ ဆန်​ဖြင့်​ပြုလုပ်​ထားတဲ့​ခေါက်​ဆွဲကို ကြက်​သားဟင်း၊ ကြက်​ဥပြုတ်​၊ ​​​ကြက်​သွန်​နီ၊ မုန့်​ကြွပ်​တို့နှင့်ေ​ရာကာ စား​သောက်​ရတဲ့အစားအစာတစ်မျိုး​ဖြစ်​ပါတယ်​။ မနက်​ပိုင်းက​နေ ​နေ့လယ်​​ပိုင်းထိရရှိနိုင်​ပြီး ​နေရာတိုင်းမှာ ဝယ်​ယူစား​သောက်​နိုင်​ပါတယ်​.....

Nan Gyi Thoke, also called spaghetti of Myanmar, is a kind of noodle salad with rice noodle. It is also a favorite traditional food and mixed with rice noodle, chicken curry, boiled egg, onion. It is served from morning to afternoon.

၎) လက်​ဖ္ဘက်​သုပ် ( Tea Leaf Salad )

လက်​ဖ္ဘက်​သုပ်​ဟာဆိုရင်​လည်း မြန်​မာလူမျိုးများ ​နေ့စဉ်​​စား​သောက်​ကြတဲ့ အစားအစာများထဲမှ လူကြိုက်​များပြီး ထင်​ရှားတဲ့ ရိုးရာအစားအစာတစ်​ခုဖြစ်ပါတယ်။ ​ရှေး​ခေတ်​ကတည်းကပင်​ အလှူမင်္ဂလာပွဲများ၊ အခမ်းအနားများမှာ အဆာ​​ပြေစားစရာ၊ အချိုပွဲအ​နေနဲ့ တည်​ခင်းဧည့်​ခံကြ​တဲ့ အစားအစာတစ်​ခုဖြစ်​ပြီး အချိန်အခါမေ​ရွးစား​သောက်​နိုင်​ပါတယ်​ ​။ လက်​ဖ္ဘက်​သုပ်​ဟာ လက်​ဖ္ဘက်​ရွက်​ကို ​ဂေါ်ဖီ၊ ခရမ်းချဉ်​သီး၊ အ​ကြော်​စုံတို့နှင့်​​ရောကာ ကြက်​သွန်​ဖြူ ၊ ငရုတ်​သီးစိမ်းတို့နဲ့ တွဲဖက်​ပြီးစားသုံးရတဲ့ အသုပ်​တစ်​မျိုးဖြစ်​ပြီး ​နေရာတိုင်းမှာ အလွယ်​တကူဝယ်​ယူစား​သောက်​နိုင်​တဲ့ အစားအစာဖြစ်​ပါတယ်​.....

Every people like this salad and it is one of the most popular traditional food in Myanmar. It is easy to prepare and mixed with tea leaf, cabbage, tomato, fried nuts and peas, and a little bite with garlic and chili.

၅) ​ကောက်​ညှင်း​ပေါင်း ( Kaut Nyin Paung )

မြန်​မာလူမျိုးများဟာ ​ကောက်​ညှင်း​ပေါင်းကို မနက်​စာအဖြစ်​စား​​သောက်​လေ့ရှိကြပြီး ​နေ့ခင်းပိုင်းမှာလည်း လက်​ဖ္ဘက်​ရည်​နှင့်​တွဲဖက်​ကာ ​စား​သောက်​တတ်​ကြပါ​သေးတယ်​။ ကောက်​ညှင်းဆန်​ အမဲနှင့်​အဖြူကို​ရောချက်​ကာ နှမ်း၊ ဆား၊ အုန်းသီးတို့ဖြူး၍ စားရတဲ့အစားအစာဖြစ်​ပြီး အရသာရှိကာ ဗိုက်​ပြည့်​​စေတဲ့အစားအစာဖြစ်​ပါတယ်​။ ​ကောက်​ညှင်း​ပေါင်းကို​တော့ လမ်း​​ဘေးရှိ ပျံကျဈေးသည်​များဆီမှာ ဝယ်​ယူစား​သောက်​နိုင်​ပါတယ်​....

Kaut Nyin Paung is mostly for breakfast or sometime with tea or coffee in the afternoon as appetizer. Steam white and black sticky rice and served with sesame, salt and coconut.

၆) ဘိန်းမုန့် ( Bain Mont )

Burma cake ​လို့​ခေါ်ကြတဲ့ ဘိန်းမုန့်​ကို မြန်​မာတို့က မနက်​စာအဖြစ်​ ​ကော်​ဖီ၊ လက်​ဖ္ဘက်​ရည်​တို့နှင့်​ တွဲဖက်​ကာစားသုံး​လေ့ရှိကြပါတယ်​။ ဆန်​၊ ထန်းလျက်​၊ ​မြေပဲ၊ ဘိန်း​စေ့တို့နှင့်​ပြုလုပ်​ထားကာ အန္တရာယ်​ကင်း၍ အရသာရှိ​သော အစားအစာဖြစ်​ပါတယ်​။ ဘိန်းမုန့်​ကို​တော့ ​နေရာ​တော်​​တော်​များများရှိ လမ်း​ဘေးပျံကျ​ဈေးသည်​များဆီမှာ ဝယ်​ယူစား​သောက်​နိုင်ပါတယ်​...

Bain mont, also called burma cake, is together with coffee or tea a breakfast or as appetizer in tea-time.  Rice flour, palm sugar, peanuts, and also poppy seeds are prepared to have bane mote. It can get anywhere, especially in street markets.

၇) ​ခေါက်​ဆွဲသုပ် ( Khao Swal Thoke )

ခေါက်​ဆွဲသုပ်​ကလည်း လူကြိုက်​များတဲ့ မြန်မာ​အစားအစာတစ်​ခုဖြစ်​ပြီး မနက်​စာအဖြစ်​သာမက အချိန်​အခါမ​ရွေးစား​သောက်​နိုင်​တဲ့ အစားအစာဖြစ်​ပါတယ်​။ လမ်း​ဘေး​ဈေးဆိုင်​များ၊ လက်​ဖ္ဘက်​ရည်​ဆိုင်​များနှင့်​ စား​သောက်​ဆိုင်​တစ်​ချို့တို့တွင်​ မနက်​ပိုင်း​ရော၊ ည​နေပိုင်းပါ အလွယ်​တကူဝယ်​ယူရရှိနိုင်ပါတယ်​။ ​ဂျုံဖြင့်​ပြုလုပ်​ထား​သော​ခေါက်​ဆွဲကို အာလူး၊ တို့ဟူး၊ ပဲပြား၊ ​ဂေါ်ဖီ၊ သခွားသီး၊ ဆီ၊ ကြက်​သွန်​​ကြော်​တို့ဖြင့်​​ရော၍ စားရ​သောအသုပ်​တစ်​မျိုးဖြစ်​ပြီး အရသာရှိ​သော အစားအစာတစ်​ခုဖြစ်​ပါတယ်​....

Khao Swal Thoke is also popular food as breakfast and get anytime and anywhere. Street markets, tea shop and some food centers sell this food in both morning and evening. It is mixed with noodle, potatoes, tofu, cabbage, cucumber, and oil.

၈) ရှမ်း​ခေါက်​ဆွဲ ( Shan Noodle )

ရှမ်း​ခေါက်​ဆွဲက​တော့ ရှမ်းလူမျိုးတွေရဲ့ ရိုးရာ အစားအစာတစ်​ခုဖြစ်​ပြီး​တော့ မြန်​မာလူမျိုး အများစုနှစ်​ခြိုက်​စွာ စားသုံးကြတဲ့အစားအစာ တစ်​မျိုးဖြစ်​ပါတယ်​။ ဆန်​ဖြင့်​ အ​ခြေခံပြုလုပ်​ထားတဲ့ ​ခေါက်​ဆွဲကို ကြက်​သားနှင့်​ ခရမ်းချဉ်​သီး ​ရောချက်​ထား​သော ဟင်းအနှစ်​နှင့်​အတူ ​မြေပဲ​၊ နှမ်း၊ ကြက်​သွန်​မြိတ်​တို့နှင့်​ရော၍ စား​သောက်​ရသည့်​ အစားအစာဖြစ်​ပါတယ်​။ ရှမ်း​ခေါက်​ဆွဲကို ရှမ်းရိုးရာ အစားစာဆိုင်​များတွင်​ အဓိက ရရှိနိုင်​ပြီး အချို့လဖ္ဘက်​ရည်​ဆိုင်​ကြီးများတွင်​လည်း ရရှိနိုင်​ပါတယ်​။

Shan noodle is one of the traditional foods of Shan people and also popular and favorite of Myanmar people. It is prepared with Shan rice noodle, chicken and tomato curry, peanuts, sesame, scallion. It can get mainly in Shan traditional restaurant and some other tea shop.

၉) ရခိုင်​မုန့်​တီ ( Rakhine Mote Ti )

ရခိုင်​မုန့်​တီက​​တော့ ရခိုင်​ရိုးရာ အစားအစာတစ်​ခုဖြစ်​ပီး လူတိုင်းကြိုက်​နှစ်​သက်​​ကြတဲ့ အစားအစာတစ်ခု​ဖြစ်​ပါတယ်​။ ​နေ့လယ်​ပိုင်းနှင့်​ ည​နေပိုင်းတွင်​ စား​သောက်​​လေ့ရှိကြပြီး ရန်​ကုန်​နှင့်​ မန္တ​လေးမြို့ရှိ ​နေရာတိုင်းနီးပါးတွင်​ ရရှိနိုင်​ပါတယ်​။ ​ဆန်​ဖြင့်​ ပြုလုပ်​ထားတဲ့မုန့်​ဖတ်​ကို ငါး၊ ငြုပ်​ကောင်း၊ မျှင်​ငပိစသည်​တို့နဲ့ အဓိကချက်​လုပ်​ထား​သော ဟင်းရည်​ဖြင့်​ တွဲဖက်​ကာ နံနံပင်​ နှင့်​ အချဉ်​၊ အငန်​၊ အစပ်​ အရသာများထည့်​၍ စား​သောက်​ရ​သော အစားအစာဖြစ်​ပါတယ်​။ ​မု​န့်​တီကလည်း မြည်းစမ်းကြည့်​သင့်​တဲ့ အရသာရှိတဲ့ အစားအစာတစ်​ခုပါ....

Rakhine mote ti is one of the traditional foods of Rakhine people and everybody in Myanmar like it. People eat Rakhine mote ti in afternoon and evening, and it can get almost anywhere. It is prepared with Mote phat (kind of noodle and make from rice), fish soup, pepper, parsley. It is also a kind of food that you must try.

၁၀) ကတ်ကြေးကိုက် ( Kat Kyay Kite )

ကတ်ကြေးကိုက်ကတော့ မြိတ်ဒေသထွက် စားစရာတခုဖြစ်ပြီး ကြက်သား၊ ၀က်သား၊ ပင်လယ်စာ စသဖြင့် အရသာအမျိုးမျိုး သုံးဆောင်နိုင်သည်။ အဓိကပါဝင်သည့် အရာများကတော့ ညှပ်ခေါက်ဆွဲ၊ ပဲပြုပ်၊ ပဲပင်ပေါက် တို့ဖြင့် ကြော်လှော်ထားသော စားစရာတစ်မျိုးဖြစ်သည်။ ရန်ကုန်မြို့ရှိ စားသောက်ဆိုင် အများအပြားတွင် ရရှိနိုင်ပြီး လူကြိုက်များသော အစားအစာတစ်မျိုးလည်း ဖြစ်ပါသည်။

Kat kyay kite is one of the Myake regional foods and it can serve chicken, pork, and also sea food. It is a kind of fried noodle, mainly with rice noodle, boiled bean. It can get many restaurants in Yangon and it is a popular food in Myanmar.

 

Photos _From Internet


17 Jul 2018     5,694 Views




RELATED

Most Popular of Special or Others

Most Popular of Life Style