BEC-TERO TV

ညအိပ်ရာမဝင်ခင် မပြုလုပ်သင့်သော အရာ (၇) ချက်

19 Sep 2018     1,471 Views


Technical device များကိုမကြည့်ပါနဲ့
 
Phone screen  နဲ့ PC screen တို့က ထုတ်ပေးတဲ့ အပြာရောင်နဲ့ အဖြူရောင် အလင်းတန်းတွေဟာ လူတစ်ယောက်ကို အိပ်ချင်လာအောင် ဦးနှောက်က အလိုအလျောက်ထုတ်လွှတ်ပေးတဲ့ မယ်လိုနင် ဟော်မုန်းဓာတ်ကို လျော့နည်းစေတဲ့ အတွက် ညအိပ်ချိန်မှာ phone နဲ့ Laptop တွေကို မကြည့်သင့်ပါဘူး။

အိပ်ဆေးများ မသောက်သုံးပါနဲ့
 
အိပ်ဆေးများဟာ side effects များစွာ ဖြစ်ပေါ်စေပြီး ကြွက်သားများကို နာကျင် ကိုက်ခဲစေကာ  ဦးနှောက်မှတ်ဉာဏ်များကိုပါ ပျောက်ဆုံးစေနိုင်တာကြောင့် အိပ်ဆေးများကို မသောက်သုံး သင့်ပါဘူး။ ပြီးတော့ အိပ်ဆေးအမြဲ သောက်နေ ကြလူတစ်ယောက်ဟာ အိပ်ဆေးမသောက်ရင် အိပ်မပျော်တတ်တော့တဲ့ အကျင့်ဆိုး တစ်ခုကိုဖြစ်ပေါ်စေ နိုင်တာကြောင့် အမြဲတမ်းစွဲ မြဲပြီးမသောက်သုံးသင့်ပါဘူး။

အရက်လုံးဝမသောက်ပါနဲ့
 
ညအိပ် ခါနီး အရက်မသောက်ပါနဲ့ ဆိုပြီးပြောတာကို အံ့သြသွားတယ်မဟုတ်လား။ ကျွန်တော်တို့ သိထား်တာက အရက်ဖြစ်ဖြစ် ဘီယာဖြစ်ဖြစ် သောက်ပြီးရင် မူးပြီးအိပ်ချင်သွားကြတယ်လို့ပဲ သိထားကြတယ်မဟုတ်ပါလား။ သုတေသီ အချို့ ရှာဖွေ စမ်းသပ်တွေ့ ရှိထားတာက အရက်ဟာ ကနဦး စသောက် တဲ့ အချိန်မှာတော့ မူးယစ်ရီဝေစေ ပြီး နာရီဝက်လောက် ကြာတဲ့ အချိန်မှာတော့ ကိုယ်ခန္ဒာ မှာရှိတဲ့ မြူးကြွအောင် လှုံ့ဆော်ပေးတဲ့ ဓာတ်တစ်မျိုးကို နှိုးကြွ စေတယ် လို့ဆိုထားပါတယ်။ ဒါကြောင့်မို့လို့ ညအိပ်ခါနီး အချိန်မှာ အရက်ကိုလဲ မသောက်သုံးသင့်ပါဘူး နော်။

အိပ်ယာထဲမှာ အလုပ်မလုပ်ပါနဲ့
 
လူတစ်ယောက်ဟာ အိပ်ယာကို အိိပ်ဖို့နဲ့ လိင်ဆက်ဆံ ဖို့့ပဲ အသုံးပြုသင့်ပါတယ်တဲ့။
 
တကယ်လို့သင်ဟာ အိပ်ယာထဲထိ အလုပ်တွေကို သယ်လာမယ်ဆိုရင် ဘယ်လိုမှ ပူပန်မှု  စိုးရိမ်မှု အစရှိတဲ့ သောကတွေနဲ့ လွယ်ကူ စွာအိပ်ပျော်နိုင်မှာ မဟုတ်ပါဘူး။

ညနေ ၅ နာရီ နောက်ပိုင်း ကဖိ််န်းဓာတ်ပါသော အရည်များကို မသောက်သုံးပါနဲ့
 
ကော်ဖီ တစ်ခွက်မှာပါရှိတဲ့ ကဖိန်းဓာတ် ပေါင်း ၄၀၀ ဟာ လူတစ်ယောက် ရဲ့ ပုံမှန် အိပ်ချိန်ထက် ၆ နာရီ တိုင် တိုင် မအိပ်ချင်အောင် ပြုလုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လူတိုင်းဟာ ညနေ ၅ နာရီနောက်ပိုင်း ကဖိန်းဓာတ်ပါသော အရည်များကို မသောက်သုံးသင့်ကြောင်း သုတေသီတွေက အကြံပြုထားပါတယ်။

 


19 Sep 2018     1,471 Views




RELATED

Most Popular of Health Fix

Most Popular of Life Style