BEC-TERO TV

ထူးခြားတဲ့ဝက်ခြံအမြစ်တွေလှန်နိုင်ဖို.အတွက် ဟောဒီနည်းလေးတွေကိုသုံးကြစို့

05 Aug 2015     1,332 Views


ရေသောက်မပျင်းပါနဲ့ ။  ရေသောက်ခြင်းဟာ ခန္ဓာကိုယ်အတွင်းရှိ  အစိတ်အတောက် အညစ်အကြေးတွေ သွေးသားတွေကိုပါ သန့်စင်စေတဲ့အပြင် ၀မ်းမှန်စေပြီး အပူအပုတ်ကိုပါ မဆန်စေပါဘူး။ တစ်နေ့မှာရေကို ၈ ခွက်သောက်ရပါမယ်။ ရေအစား Soda ရည် ၊ သကြားရည်ကိုတော့ ရှောင်သင့်ပါတယ်။

သဘာဝနည်းနဲ့စိုက်ပျိုး ဖြစ်ထွန်းအောင်မြင်လာတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးရပါမယ်။ ဟင်းသီးဟင်းရွက်မှန်သမျှက  ကျန်းမာရေးကိုအားပေးသလိုမျိုး ၀က်ခြံမဖြစ်ပေါ်အောင်လည်းဆောင်ရွက်ပေးပါတယ်။

မိုင်နိုအက်စစ် ၊ ဗီတာမင် A ၊ C ၊ E တွေနဲ့ ရေဓာတ်ပေါများတဲ့ သခွားသီးတွေကို များများစားပေးခြင်းအားဖြင့် ၀က်ခြံမှန်သမျှကို တားဆီးကာကွယ်ပေးပါတယ်။အနာရောဂါအမျိုးမျိုးနဲ့ ကင်ဆာဖြစ်စေတဲ့ ပိုးမွှားမှန်သမျှ ခြေဖျက်နိုင်စွမ်းရှိတဲ့ မြန်မာ့ကြက်သွန်ဟာလည်းဝက်ခြံဖြစ်မလာရေးအတွက်  တားဆီးပေးပါတယ်။

အရည်ရွှမ်းတဲ့ ရှောက်သီး ၊ သံပုရာသီး ၊ လိမ္မော်သီး တွေကို စားသုံးခြင်း အရည်ကို အချိုပေါ့ သောက်သုံးခြင်းဟာလည်း ၀က်ခြံဖြစ်မလာစေဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ဖရဲသီးကို အခါအားလျော်စွာ စားပေးခြင်းအားဖြင့် ၀က်ခြံမဖြစ်စေဘူး ။ ဖရဲသီးမှာပါဝင်တဲ့ ဗီတာမင် A ၊

B 6 နဲ့  ဗီတာမင် C  တို့ကြောင့် ၀က်ခြံ ဖြစ်ခြင်းမှ ကင်းဝေးစေပါတယ်။Green Tea ဆိုတဲ့လက်ဖက်စိမ်းရွက် လက်ဖက်ရည်ကြမ်း သောက်ခြင်းဟာလည်း ၀က်ခြံဖြစ်မလာဖို့ကိုကြိုတင်တားဆီးရာ ရောက်ပါတယ်။

အိုမီကာ 3 ပါတဲ့ ပင်လယ်ငါး ၊ ခရု ၊ ကမာ နဲ့ ကျောက်ပွင့် ၊ ရေညှိ တွေကလည်း ၀က်ခြံမပေါက်စေတဲ့ အစားအစာ ပဲဖြစ်ပါတယ်။အစားအစာများကို ကြော် လှော် ချက် ပြုတ် ရာမှာလည်း သံလွင်ဆီကို အသုံးပြုသင့် ပါတယ်။ သံလွင်ဆီသည်လည်း ၀က်ခြံဖြစ်မလာဖို့ကို တားဆီပေးပါတယ်။

အရေပြားတွက် အကောင်းဆုံးသီးနှံ တစ်မျိုး ဖြစ်တဲ့ ခရမ်းချဉ်သီးကို လည်း နည်းအမျိုးမျိုးနဲ့ စားသုံးခြင်းကြောင့် ရရှိလာတဲ့ ဗီတာမင် C က ၀က်ခြံ ၊ မှဲ့ခြောက်တွေကို ပျောက်ကင်းစေပါတယ်။


05 Aug 2015     1,332 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style