BEC-TERO TV

ဖြူဖွေးလှပတဲ့ သွားလေးတွေပိုင်ဆိုင်အောင်ဘယ်လိုလုပ်မလဲ

19 Oct 2018     1,417 Views


အဝါရောင်သမ်း နေတဲ့သွားများကိုပိုင်ဆိုင်ထားလို့ စိတ်ညစ်နေပါသလား။
 
စိတ်မညစ်ပါနဲ့ ဒီအတွက်ဖြေရှင်းလို့ရမယ့် နည်းလမ်းကောင်းလေးတွေရှိပါတယ်။
 
သင်နေ့စဉ်အသုံးပြုနေကျ မီးဖိုချောင်သုံးပစ္စည်းများကိုအသုံးပြုပြီး သင့်သွားများကို ဖြူဖွေးလာအောင်ပြုလုပ်လို့ရပါတယ်။
 
ပြုံးလိုက်တိုင်း အများသူငါ ငေးမောသွားစေတဲ့ သွားဖြူဖြူ စီစီတန်းတန်းလေးတွေကို ပိုင်ဆိုင်ချင်တာတော့ လှချင်သူတိုင်းရဲ့ အကြီးမားဆုံးဆန္ဒတစ်ခုပါပဲနော်။
 
ဒီလိုသွားလေးတွေကို ဖြူဖွေးတောက်ပြောင်လာအောင် လုပ်လို့ရမယ့် သဘာဝနည်းလမ်းကောင်းလေးတွေကို ဝေမျှပေးလိုက်တယ်။
 
၁။ လိမ္မော်ခွံ
လိမ္မော်ခွံ ကိုအသုံးပြုပြီးသွားများကိုဖြူဖွေးတောက်ပအောင် ပြုလုပ်လို့ ရနိုင်ပါတယ်။  လိမ္မော်ခွံမှာပါဝင်တဲ့ စီထရစ်အက်ဆစ်ဟာ သွားများကိုခိုင်မာစေပြီး သွားမှာ တွယ်ကပ် နေတဲ့ အဝါရောင်အစွန်းအထင်းများနဲ့ ကွမ်းကျိုး အစွန်းအထင်းများကို ဖျောက်ပစ်နိုင်စွမ်း ရှိပါတယ်။ ဘယ်လိုအသုံးပြုရမလဲဆိုတော့ လိမ္မော်ခွံနဲ့ သင့်သွားများိကု ညင်သာစွာပွတ်တိုက်ပေးရမှာဖြစ်ပါတယ်။ သို့ပေမဲ့ အချိန် ၁ နာရီ လောက်ထိတော့ပွတ်တိုက်လို့မရပါဘူး။ လိမ္မော်ခွံမှာပါတဲ့ စီထရစ်အက်ဆစ်က သွားကြွေလွှာတွေကို ပျက်စီးစေနိုင်တာကြောင့် အကြာကြီးတိုက်လို့တော့မရပါဘူး။ ၁၅ မိနစ် နှင့် မိနစ် ၂၀ လောက်သာတိုက်ရမှာဖြစ်ပါတယ်။
 
၂။ မုန့်ဖုတ်ဆိုဒါ
 
မုန့်ဖုတ်ဆိုဒါ အမုန့်ကို ခွက်တစ်ခုထဲမှာ သံပုရာရည်ကို ညစ်ထည့်ပြီး သမအောင်မွှေပါ။ မွှေပြီးရင် သွားတိုက်တံနဲ့ ကော်ယူပြီးသွားတိုက်ဆေးသဖွယ်အသုံပြုပြီး တိုက်နိုင်ပါတယ်။
 
၃။ ပန်းသီးရှာလကာရည်
အထက်မှာပြောခဲ့တဲ့ လိမ္မော်ခွံ(သို့) မုန့်ဖုတ်ဆိုဒါ တို့နဲ့ သွားများကိုတိုက်ချွတ်ဆေးကြော ပြီးရင် ပန်းသီးရှာလကာရည်နဲ့ ပလုတ်ကျင်းပေးရပါမယ်။ ပန်းသီးရှာလကာရည်ဟာ ကယ်လ်ဆီယမ်ဓာတ်များပြားစွာပါဝင်တာကြောင့် သွားများကိုပိုမိုခိုင်မာစေပြီး ဖြူဝင်း တောက်ပစေတဲ့နေရာမှာလဲ အထောက်အကူပြုပါတယ်။
 
ပရိတ်သတ်ကြီးလဲ ဒီလိုသဘာဝနည်းလမ်းလေးတွေကို အသုံးပြုပြီးဖြူဝင်းလှပတဲ့သွားများကို ပိုင်ဆိုင်နိုင်ကြပါစေ။

19 Oct 2018     1,417 Views




RELATED

Most Popular of Health Fix

Most Popular of Life Style