BEC-TERO TV

အစားအစာ စားပြီးတိုင်း ရေသောက်ပါ။

27 Nov 2018     1,660 Views


အစားတစ်ခုခု စားနေတုန်းမှာ ရေမသောက်ဖို့ ဒါမှမဟုတ် စားပြီးပြီးချင်းမှာ ရေမသောက်ဖို့ ပြောလေ့ရှိကြပါတယ်။ ဒီလိုရေသောက်မယ်ဆိုရင် အစာချေရည်ရဲ့အာနိသင်ကို လျော့ကျသွားစေပြီး အစာမကြေဖြစ်နိုင်တယ်လို့ ယုံကြည်ထားကြတာတွေလည်း ရှိပါတယ်။ ဒီအချက်တွေက တစ်ကယ်တော့ မှာယွင်းနေပါတယ်။
 
အစာချေခြင်းဖြစ်စဉ် အစောချေခြင်းလုပ်ငန်းစဉ်က အစားတစ်ခုခုကို သင့်ပါးစပ်ထဲကို ထည့်လိုက်တဲ့အချိန်က စတင်ပါတယ်။ ပါးစပ်ထဲမှာ ၀ါးစားလိုက်တာနဲ့ အစားအစာတွေကို ပျော့သွားစေဖို့အတွက် တံတွေးထွက်လာအောင် ပါးစပ်ထဲက တံတွေးဂလင်းတွေကို လှုံ့ဆော်မှုဖြစ်စေပါတယ်။ တံတွေးနဲ့ထိတွေ့ပြီးပျော့ပျောင်းသွားတဲ့အစာတွေကို သွားနဲ့ ၀ါးစားပြီး အစာရေမျိုပြွန်ကနေတဆင့် အစာအိမ်ထဲကို ရောက်ရှိသွားပါတယ်။ အစာအိမ်ထဲမှာတော့ အစာချေအက်ဆစ်ရည်နဲ့ ထပ်တွေ့ပြီး ထပ်မံပြိုကွဲသွားပါတယ်။
 
ထို့နောက်မှာတော့ အူသိမ်တွေထဲကို ရောက်ရှိကာ ပန်ခရိယနဲ့အသည်းက ထုတ်လုပ်ပေးတဲ့ ပန်ခရိယအင်မ်ဇိုင်းတွေ၊ သည်းခြေရေတွေနဲ့ ရောနှောသွားပါတယ်။ ဒီဖြစ်စဉ်မှာ ပြိုကွဲနေတဲ့အစားအစာတွေက အဟာရဓာတ်တွေကို ခန္ဓာကိုယ်က စုပ်ယူပါတယ်။ မစုပ်ယူနိုင်တဲ့ အစာဟောင်းတွေကတော့ အူမကြီးအတွင်းကို ရောက်ရှိသွားကာ အပြင်ကို စွန့်ထုတ်လိုက်ပါတယ်။ ဒီ အစာချေဖြစ်စဉ်ဟာ စားသောက်တဲ့ အစားအစာပေါ်မှာမူတည်ပြီး ၂၄ နာရီကနေ ၇၂ နာရီအထိ ကြာမြင့်ပါတယ်။

အစားစားနေတုန်းမှာ ရေသောက်တာဟာ အစာချေရည်တွေရဲ့ အာနိသင်ကို အားပျော့သွားစေတယ်လို့ အများစုက ယုံကြည်တတ်ကြပါတယ်။ ဒါ့အပြင် တချို့တွေက ရေသောက်တာဟာ ခန္ဓာကိုယ်က အဟာရဓာတ်တွေကို မစုပ်ရသေးခင်မှာ အူလမ်းကြောင်းအတွင်း မြန်မြန်ဖြတ်သန်းသွားစေတယ်လို့လည်း ယူဆတတ်ကြတာကြောင့် ဒီယူဆချက်တွေက မှားယွင်းနေကြောင်း ၊ ရေက အစာချေဖြစ်စဉ်ကို မထိခိုက်စေတဲ့အပြင် အားပေးကူညီပေးတယ် ဖော်ပြပေးလိုက်ပါတယ်


27 Nov 2018     1,660 Views




RELATED

Most Popular of Health Fix

Most Popular of Life Style