BEC-TERO TV

သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက် ရုံးကန်နေသူများ

30 Nov 2018     1,338 Views


ဘဝဆိုတာ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကြား ပြီးဆုံးသွားတယ်ဆိုပေမဲ လက်ရှိ ရှင်သန်ခြင်းတွေကြားမှာ အခက်အခဲ့ အကြပ်အတည်းနဲ ဖြတ်သန်းနေရတဲ့ ဘဝတွေဟာ တစ်ကယ်မလွယ်လှပါဘူး ။ ဒီနေ့မနက်စောစာ လမ်းလျှောက်စဉ် တွေ့မြင်ရတဲ့ မြင်ကွင်းဟာ ကျွန်နုပ်နှလုံးကို အရှိက်ထိစေပါတယ်။ ဟုတ်ပါတယ် ။ မီးပွိုင့် တစ်ဖက်တစ်ကချက်စီ နဲ့ လမ်းအလည် မှာ ဈေးရောင်းနေကြတဲ့ ချစ်စရာအရွယ် ပန်းရောင်းနေကြတဲ့ ကလေးငယ် တွေပါ။

I

ဒီအရွယ် ကလေးငယ်တွေဟာ ကျောင်းနေအရွယ်ကလေး ဖြစ်တာကြောင့်  ကျောင်းထွက်ပြီး ဈေးရောင်းနေရတယ်ဆိုတော့ စိတ်မကောင်းစရာပါ ။ တစ်ချို့လည်း မနက်ကျောင်းတတ် ညဈေးရောင်း သူများလည်းရှိပါတယ်။ သိုသော်ငြားလည်း သူတို့လေးတွေဟာ မိသားစု ဝမ်းစာအတွက် တစ်ပိုင် တစ်နိုင် မိဘကို အကူအညီပေးနေတဲ့အတွက် တစ်ကယ်ကို ပင်လေးစားမိပါတယ် ။ တစ်ယောက်နဲ တစ်ယောက် ပန်းရောင်း ရဖို့အတွက် အလုအယှက် ကားလမ်းမပေါ်မှာ ဈေးရောင်းရတဲ့ ဘဝ တစ်ကယ်ကို အန္တာရယ် များလွန်းပါတယ် ။ကျွန်တော် စပ်စုကြည့်ရာ ည ၁၀ နာရီ မှ မနက် ၄ နာရီ ၊ ၅ နာရီ အထိမှ ၃၀၀၀ ကျပ်ဝန်ကျင်သာ ရောင်းရတယ်လို့သိရပါတယ် ။


သူတို့လေးတွေကို တွေရင် ကိုယ်တတ်နိုင်သလောက် ပန်းလေးတွေကို ဝယ်ယူအားပေးစေချင်ပါတယ်။ တတ်နိုင်သလောက် အကူအညီပေးပါ။


30 Nov 2018     1,338 Views




RELATED

Most Popular of Special or Others

Most Popular of Life Style